ဖြေကြားချက် ၅ ခု
နောက်ထပ် သိချင်တာလေးတွေရှိပါတယ် ထပ်မေးပါအုံးမယ် သေချာရေရာတဲ့အဖြေတော့ဖြစ်စေချင်ပါတယ်ဗျာ ဘာကြောင့်လဲဆိုတော့ သိချင်တာတွေသိရပြီးရင် ကျတော်တို့က လက်တွေ့အကောင်အထည်ဖော်တာဖြစ်တဲ့အတွက်ကြောင့်မို့ ဆရာတို့ဖြေပေးတဲ့အဖြေက မှားနေခဲ့မယ်ဆိုရင် ကျတော်တို့အတွက်ဆုံးရှုံးမှုတွေဖြစ်လာမှာမို့လို့ပါ တကယ်ကျေးဇူးတင်ပါတယ်ဗျာ
အားဆေးမနက်ဆိုတာ အပင်က နေနဲ့အစာချက်တဲ့အလုပ်လုပ်တော့ အစိမ်းရောင်ကလိုဖီးလ်တွေကို ပိုပြီးအထောက်အပံံဖြစ်စေပါတယ်။ အင်အတွက် အလွန်ပဲ အကျိုးဖြစ်စေပါတယ်။ မှိုဆေးညနေဆိုတာ ရောဂါသတ်ဆေးမည်သည် ဘယ်ဆေးမဆို အပင်ကို ထိခိုက်စေပါတယ်၊ ဥပမာဆိုရင် လူတွေနှုံးသလို အပင်ဖြစ်တတ်ပါတယ်။ ညနေဆိုရင် အပင် နားချိန်အများကြီးရပြီး အပင်အတွက်အရမ်းကောင်းပါတယ်။ စုပ်စားပိုးကတော့ အပူချိန်နဲ့အတူ လိင်ရှိရှိမရှိတနာရီ တကောင်ဖွားပါတယ်။ အပူရှိန်ပြင်းလာရင် စုပ်စားပိုးက အချိုရည်အရမ်းထွက်ပါတယ်။ အဲ့အရည်က အရမ်းအပင်ကိုလောင်စေပါတယ်။ အဲလိုမဖြစ်အောင် မနက်ပိုင်ဖျန်းတာပိုအဆင်ပြေပါတယ်။ လိပ်ပြာဖလံအုပ်စုက ညနေနဲ့ညဖက်တွေမှာ ပိုမြူးပါတယ်။ မိတ်လိုက်ြခင်း၊ အစာရှာခြင်း၊ ဥ ဥခြင်းတွေ ပိုလုပ်ပါတယ်။ နေခင်းဘက်ဆို များ သောအားဖြင့် အနားယူတတ်လို့ ညနေ့ဖက်ဆေးဖျန်းရင် ပိုပြီးထိရောက်စေလို့ပါ။ အပေါ်ကဆရာပြောသလို အီမာမက်တင်နဲ့ အာဘာမက်တင်က ပဋိဇီဝဆေး အုပ်စုအတူတူဖြစ်ပါတယ်။ ရောဖျန်းလို့ရပေ့မယ်။ ရေနဲရေနဲ့ရောသလိုပဲဖစ်မှာပါ။ လှေးနဲ့ ပွင့်ထွေးဆိုရင် ပရုိဖီနိုဖော့စ်နဲ့ သာယာမီသောက်ဆမ် ၊ အီမာမက်တင်နဲ့သာယာမီသောက်ဆမ်၊ ပရုိဖီနိုဖော့နဲ့ဖစ်ပရိုနေး ၊ အာဘာမက်တင်နဲ့ ဖစ်ပရိုနေးအစရှိတာတွေဖျန်းလိုရပါတယ်ခင်ဗျ။ ကျေးဇူးပါ
ဆက်စပ်မေးခွန်းများ
ပဲတီစိမ်းလက်တွန်းမျိုးစေ့ချစက်ဘယ်မှာဝယ်လို့ရလဲလမ်းညွှန်ပေးပါအုံး လက်နဲ့အတန်းလိုက်ချရတာလူပင်ပန်းပြီးအချိန်ကုန်...
ဖြေကြားချက် 0 ခု
သကာရည်နဲ့တင်လဲရည်ဆိုတာဘာလဲ သူတို့နေရာမှာထန်းလျက်ရည်နဲ့သကြားရည်အစားထိုးသုံးစွဲလို့ရလား
ဖြေကြားချက် 1 ခု
မွှားပင့်ကူနီ ကိုဘာဆေးဖျန်းရမလဲဗျ။
ဖြေကြားချက် 5 ခု
Btဆေးနဲ့အီမာမက်တင်တွဲဖျန်းလို့ရပါသလားခင်ဗျ။
ဖြေကြားချက် 7 ခု
ငါးအမိုင်နိုနဲ့ပုလဲ လက်ချားဆိုတာက အပင်အားဆေးတွေဆိုတော့ မနက်ပိုင်းဖျန်းလို့အဆင်ပြေပါ့မလားဗျ ကျတော်ကတော့ငါးအ...
ဖြေကြားချက် 4 ခု