ဖြေကြားချက် ၅ ခု
ကျတာနဲရင် ထုံးကန့်ဆေးရည် ကိုယ်တိုင်လုပ်ဖျန်းနိုင်ပါတယ် များရင်တော့ အဘာမက်တင် ဆေးအေအိုင်ကိုဖျန်းနိုင်ပါတယ်၊
အပေါ်ကဆရာပြောတာ အလွန်သင့်တော်ပါတယ်။ ဓာတုဆေးဝါးသုံးရင်တော့ အားလိုချင်ရင် ဆာလဖာလို ဆေးဖျန်းပြီးတော့ လိပ်ပြာဖလံပါကျရင်တော့ အာဘာမက်တင်ဆေးကိုအသုံးပြုပါ။ အရွက်က စိမ်းပြီး အရွက်ကို ကိုင်ကြည့်ပါက ကျွတ်ဆတ်နေရင် မွှားပင့်ကူသေချာပါတယ်။
ဓာထုနည်းနဲ့ပဲ ဖယ်ရွားချင်ရင်တော့ အောက်ပါ အချက်တွေနဲ့ ကာကွယ်ကုသနိုင်ပါတယ်။ mineral ဓာတ်တွေ သိပ်မပါတဲ့ အားပျော့တဲ့ ရေကို အသုံးပြုပြီး ဖျန်းပေးဖို့ လိုအပ်ပါတယ်။ ပုံမှန်ဖျန်းပေးသွားရင် ရက်အနည်းငယ်အတွင်းမှာ မွှားပင့်ကူနီတွေကို ဖယ်ရှားနိုင်မှာပဲ ဖြစ်ပါတယ်။ • Beauveria bassiana လို့ခေါ်တဲ့ မှိုတစ်မျိုးဟာဆိုရင် မွှားပင့်ကူနီတွေရဲ့ မျိုးပွားမှုတွေနဲ့ ဥပေါက်နှုန်းတွေကို လျှော့ချပေးနိုင်စွမ်းရှိပါတယ်။ မြန်မာပြည်မှာတော့ အခုလို biological control တွေက သိပ်ခေတ်မစားသေးပေမယ့် တစ်ချိန်မှာ ခေတ်စားလာနိုင်ချေရှိတာမို့ ဒီမှိုလေးနဲ့ နှိမ်နင်းနိုင်တယ်ဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။ • နောက်တစ်ခုကတော့ မွှားပင့်ကူနီ မျိုးတွေထဲမှာပဲ Phytoseiulus လို့ခေါ်တဲ့ မွှားပင့်ကူနီ မျိုးတစ်မျိုးဟာဆိုရင်လည်း ဖျက်ပိုးဖြစ်တဲ့ မွှားပင့်ကူနီတွေနဲ့ အခြားသော ကပ်ပါးကောင်တွေကို နှိမ်နင်းနိုင်ပါတယ်။ • လှေးပိုးမျိုးနွယ် သားရဲကောင်တွေဟာလည်း မွှားပင့်ကူနီတွေရဲ့ ဥတွေ၊ သားလောင်းအဆင့်တွေနဲ့ အကောင်ကြီးအဆင့်တွေပါမကျန် အကုန်ကို စားသောက်ဖျက်ဆီးတတ်ကြပါတယ်။ ဒါကြောင့် မိမိတို့ စိုက်ခင်းထဲမှာ ဒီအကောင်တွေကို ထိန်းသိမ်းပေးထားဖို့ လိုအပ်လှပါတယ်။ • စိုက်ပျိုးရေးသမားတိုင်းသိတဲ့ Bordeaux Mixture (ဘော်ဒိုးဆေးရည်) ဟာ ဆိုရင်လည်း တရားဝင် အသုံးပြုနိုင်တဲ့ အော်ဂဲနစ် မွှားသတ်ဆေး တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် မွှားပင့်ကူနီတွေကို နှိမ်နင်းဖို့ဆိုရင် ဘော်ဒိုးဆေးရည်ကို အသုံးပြုနိုင်ပါတယ်ခင်ဗျာ။ • နောက်တစ်ခု အသုံးပြုနိုင်တာကတော့ Pyrethrum (ဆေးဂန္ဓမာအုပ်စု) ဝင် ဆေးတွေကို အသုံးပြုနိုင်ပါတယ်။ Synthetic Pyrethroid မဟုတ်ပါဘူးနော်။ Pyrethrum ကတော့ သဘာဝပိုးသတ်ဆေးတွေထဲ ပါတာမလို့ အကျိုးပြုပိုးတွေကို ဓာတုဆေးပြင်းတွေလို မထိခိုက်နိုင်ပါဘူးခင်ဗျာ။။ • အခြားသော သဘာဝပိုးသတ်ဆေး အဆီတွေကိုလည်း ဖျန်းပေးနိုင်ပါတယ်။ အဲ့ဒီလိုဖျန်းပေးလိုက်ရင် သူ့ရဲ့ဥတွေဟာ မပေါက်လာတော့ဘဲ မြုံသွားမှာ ဖြစ်ပါတယ်။
ပင်စိမ်းရွက် စစ်ထုတ်ရည်(ကြိတ်ရည်)တစ်ပုလင်းရရန် ပင်စိမ်းရွက်(၆) ကျပ်သား လိုအပ်သည်။ အရွက်များကို ရေတွင် တစ်ညစိမ်ထားရန် လိုသည်။ နောက်တစ်နေ့တွင် အရွက်များကို ကြိတ်နယ်(ထောင်း) ၍အရည် ကို စစ်ချ (ညှစ်) ယူပါ။ ယင်းကို ဆပ်ပြာရည် (၃ - ၄) စက်ခန့် ရော၍ သမအောင်မွှေပြီး နောက် တိုက်ရိုက်ပက်ဖြန်း အသုံးပြုနိုင်ပါသည်။
ပင်စိမ်းပိုးသတ်ဆေး ပြလုပ်သုံးစွဲကြည့်ပါခင်ဗျာ။ အရင်းနည်းပြီး အကျိုးများတဲ့ သဘာဝဆေးပါခင်ဗျာ။
ဆက်စပ်မေးခွန်းများ
ပဲတီစိမ်းမှာ အဲ့ပိုးတွေကျနေလို့ အဲ့ပိုးရဲ့ ID လေးရယ် ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့ နည်းလမ်းလေးတွေ လမ်းညွန်ပေးကြပါဦး...
ဖြေကြားချက် 3 ခု
ပဲတီစိမ်းနဲ့မတ်ပဲမှာရွက်လိပ် ရွက်ကပ်ပိုး ဝင်နေလို့ အင်မီဒါကလိုပရစ်ရယ် ပရိုဖီနိုဖော့ ရယ်တွဲဖျန်းထားတယ် အင်မီဒါက...
ဖြေကြားချက် 1 ခု
ဘာပိုးလဲ သိချင်လို့ပါ ယင်ဖြူဆိုတာ အဲဒီပိုးလားဗျ
ဖြေကြားချက် 2 ခု
ပဲတီစိမ်းစိုက်ခင်းထဲယင်ဖြူများကျရောက်နေလို့ ဓါတုပိုးသတ်ဆေးများနဲ့နှိမ်နင်းသော်လည်းမရပါ။ ပိုပိုပပြီးများလာပါတယ်...
ဖြေကြားချက် 10 ခု
ဘာပိုးလဲဗျ ဘယ်လိုကာကွယ် နှိမ်နှင်းရမလဲဗျ
ဖြေကြားချက် 10 ခု