အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
အောင်ကျော်လွင်
လွန်ခဲ့သော ၄ နှစ် က · ဇမ္ဗူသီရိ

သံပုရာအပင်သက်တမ်း ၆နှစ် ရှိပါပြီ အသီးအပွင့် နည်း​​နေလိူ့ပါ ဘာလုပ်ရမလဲခင်ဗျာ Phosphorus ဓါတ် လိုအပ်​နေတယ်လို့ထင်ပါတယ် တီဆူပါ နိုင်ထရို​ဖော့စဖိတ် ဓါတ်​မြေသြဇာလည်း ထည့်​​ပါတယ် ပင်ပျို ရွက်ဖျန်း​ဆေးလည်းသုံးပါ​သေးတယ် အဲ့ဒါ​တွေသိပ်အားမရလို့ပါ တခြား ဓါတ်​မြေသြဇာ သုံးရမလဲခင်ဗျ သဘာဝ​မြေသြဇာ ပိုသုံးချင်ပါတယ် ဘာသုံးရမလဲခင်ဗျ အသီးသီးဖို့ တခြား လိုအပ်ချက်ရှိရင်လည်း ​ပြောပြပါ ဆရာသမားများတို့ခင်ဗျာ

အပင်အာဟာရ သံပုရာ
Post image

ဖြေကြားချက် ၄ ခု

ကျော့နန္ဒာစိုး
ကျော့နန္ဒာစိုး 270,769 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

အာဟာရအနေနဲ့လိုအပ်တာမျိုးဆို နိုက်ထရိုဂျင် ဖော့စဖောရပ်စ် ဓာတ်မြေသြဇာတွေထည့်ပေးရပါတယ်။ လူကြီးမင်းက ဓာတ်မြေသြဇာဘယ်အချိန်က ထည့်ပေးခဲ့တာလဲရှင့်။ ထည့်ထားတာမကြာသေးရင်အခြေအနေစောင့်ကြည့်ကြည့်ပါ။ သံပုရာပင် ဘာလို့အသီးမတင်တာလဲ ဒီဆောင်းပါးကိုလည်းညွှန်းချင်ပါတယ်။ အသီးမတင်ရတဲ့အကြောင်းအရင်းတွေတွေ့ရပါလိမ့်မယ်။

အောင်ကျော်လွင်
အောင်ကျော်လွင် 585 လွန်ခဲ့သော ၄ နှစ် က

​​ကျေးဇူးတင်ပါတယ်ဆရာ

U Aye Naing
U Aye Naing အတည်ပြုပြီး 180,398 လွန်ခဲ့သော ၄ နှစ် က

အထက်ပါဆောင်းပါးများကိုဖတ်ရှုပြီးလိုအပ်သလိုဆောင်ရွက်ပေးပါ.ကျွန်တော့အိမ်ခြံဝန်းမှာစိုက်ထားတဲ့သံပုရာကိုတော့ဓာတ်မြေသြဇာဘာမှမကျွေးဖြစ်ပါဘူး။မီးဖိုချောင်ကရတဲ့ သားငါးဆေးရည်,ဆန်ဆေးရည်တွေလောင်းပေးပါတယ်..ရေကိုသီးသန့်မလောင်းဖြစ်ပါ..လေဝင်လေ ထွက်ကောင်းအောင် ကိုင်းတွေချိုင်ပေးပါတယ်..ရောဂါရကိုင်းတွေ,ကိုင်းခြောက်တွေ,အပေါ်ထောင်နေတဲ့ကိုင်းတွေ နှစ်စဥ်ဖယ်ရှားပေးပါတယ်.အဲဒါတစ်နှစ်ပတ်လုံးအသီးတင်ပါတယ်.ပခုက္ကူဘက်ကတောင်သူတစ်ဦးဆိုရင် ယခင်ကအသီးမတင်တဲ့အပင်ကို ငါးအမိုင်နိုအက်စစ် တစ်ပါတ်တစ်ကြိမ်ဖျန်းပေးတာ အပွင့်အသီးတွေကောင်းလာတယ်လို့ပြောပါတယ်။သုံပုရာပင်က N,P,K အပြင်အခြားဓာတ်တွေဖြစ်တဲ့ ကော့ပါး(ကြေးနီ) ဘိုရွန်(လက်ချား),မဂ္ဂနီဆီးယမ်ဆာလ်ဖိတ်(ဆားခါး) စတဲ့ဓာတ်ပစ္စည်းတွေလည်းထည့်ပေးသင့်ပါတယ်။

အောင်ကျော်လွင်
အောင်ကျော်လွင် 585 လွန်ခဲ့သော ၄ နှစ် က

လွန်ခဲ့တဲ ၁လ​လောက်ပါ ဆရာမ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။