ဖြေကြားချက် ၂ ခု
တောင်သူကိုယ်တိုင်လုပ်နိုင်တဲ့နည်းပညာပါ.ကုန်ကျစရိတ်သက်သာပြီးထိရောက်တဲ့နည်းပါ.တောင်သူအတော်များများအသုံးပြုနေကြပါပြီ.ပဲမျိုးစုံသီးနှံတွေအတွက်သုတေသနလုပ်ခဲ့ပေမဲ့ကျန်သီးနှံတွေမှာလည်းပွင့်သီးအားကောင်းတာကိုလည်းတွေ့ရပါတယ်.ဆေးဖျန်းပုံးတစ်ပုံးမှာ ပုလဲ ၁၆ဇွန်း + လက်ချားအမှုန့် ၄ဇွန်း ထည့်ရောပြီးပက်တာပါ.အရွက်အပေါ်အောက်ကိုရွှဲရွှဲပက်ဖျန်းရပါမယ်.ဆေးဖျန်းချိန်ကတော့မနက်၈နာရီမှ၁၁နာရီအတွင်းဖျန်းနိုင်ရင်ပိုကောင်းတယ်လို့ပြောပါတယ်။တစ်ဧက ၅ပုံးစာအတွက် ပုလဲ ၁ပြီခန့် နဲ့ လက်ချားမှုန့် ၁၅ကျပ် သားခန့်ဘဲလိုအပ်ပါတယ်(ဇွန်းကထမင်းစားတဲ့မြင်းခေါင်းဇွန်းပါ)
ပုလဲ+လက်ချား ရွက်ဖျန်းသီးပွင့်အားကောင်းဆေးကို ၅ရက်/ ၇ရက်မှာတစ်ကြိမ်နှုန်းနဲ့သီးတောင့်ဖြစ်တည်ချိန်ထိ ရွှဲရွှဲဖျန်းပေးပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မြေပဲအပွင့်ပွင့်ချိန်ဘာဆေးအမျိုးအစားသုံးသင့်လဲဗျ
ဖြေကြားချက် 4 ခု
မြေပဲ ဥဖို.ရာ အမြစ်တွေချ နေပီ အခုရေသွန်းထားတာပါ ဘာဆေးဖြန်းရင် ကောင်းမလဲ လို. ဖြေပေးပါလား ပညာရှင်များ ခမျာ
ဖြေကြားချက် 7 ခု
#မြေပဲပန်းပွင့်ချိန်တွင်မဖြန်းသင့်တဲ့ဆေးAIတွေ့ကဘာတွေ့ပါလဲခဗျာဆရာကြီး(မ)များဖြေကြားပေးပါအုံး
ဖြေကြားချက် 1 ခု
မြေပဲအရမ်းအုအောင်ဘယ်လိုလုပ်သင့်သလဲ
ဖြေကြားချက် 2 ခု
မြေပဲဥနှုန်းကောင်းအောင်ဘာမြေသြဇာကြွေးရမလဲ
ဖြေကြားချက် 1 ခု