ဖြေကြားချက် ၁ ခု
ပဲတီစိမ်မှာဆိုးဝါးစွာကျတတ်တာက အဝါရောင်မိုဇေ့ရောဂါပါ.ယင်ဖြူမှသယ်ဆောင်လာသော ဗိုင်းရပ်စ်ရောဂါရောဂါပိုးကြောင့်ဖြစ်ရတာပါ.ယင်ဖြူကအပင်သစ်ရည်ကိုစုပ်စားတတ်တာကြောင့်ဆေးဖျန်းမယ်ဆိုရင်ပင်လုံးပြန့်အာနိသင်ရှိတဲ့ဆေးကိုပက်ဖျန်းရပါမယ်။စဖြစ်ခါစဆိုရင် အရွက်မှာအဝါရောင်အစက်ပြောက်များတွေ့ရပါတယ်.ဆက်လက်ပြီးအဝါရောင်အကွက်...အဲဒီကနေအဝါရောင်လုံးဝဖြစ်သွားတတ်ပါတယ်။ရောဂါဖြစ်ခါစအဝါရောင်အစက်ပြောက်တွေတွေ့ရှိချိန်မှာ အပင်ကိုနှုတ်ပယ်ပစ်မယ်ဆိုရင် ကူးဆက်မှုသက်သာစေပါတယ်။ဒီနှစ်ကျရောက်ပြီးရင် ရောဂါရပင်ကြွင်းပင်ကျန်မှတဆင့်နောက်နှစ်တွေမှာလည်းထပ်ဖြစ်နိုင်ပါတယ်။ဒါကြောင့်လာမဲ့ရာသီမှာ ထယ်ရေးထွန်ရေးကိုကောင်းကောင်းလုပ်ပေးပါ.တမာဆေးကိုကြိုတင်ပက်ဖျန်းပေးပါ.ရောဂါဒဏ်ခံနိုင်တဲ့မျိုးကိုရွေးချယ်စိုက်ပါ(ဥပမာ..ရေဆင်း၁၄)။ဒီရောဂါက မျိုးစေ့ဆောင်ရောဂါမဟုတ်ပါ.ဗိုင်းရပ်စ်ပိုးသယ်ဆောင်ပေးတဲ့ ယင်ဖြူကိုနှိုမ်နင်းရမှာပါ.ပေါင်းမြက်ကင်းအောင်ဆောင်ရွက်ပါ.ရောဂါစဖြစ်တာနဲ့ အဲဒီအပင်ကိုဖယ်ရှားပါ.ကာကွယ်ဆေးဖျန်းပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဘာဖြစ်တာလဲ အမြန်သိချင်ပါတယ်
ဖြေကြားချက် 4 ခု
အရွက်တွေ ဝါတာကဘာပိုးကျတာလဲရယ်/ဆေးက ဘာဆေးဖြန်းရမှာရယ်ညွှန်ကြားပေးပါဆရာကျေးဇူးတင်ပါတယ်ခင်ဗျာ
ဖြေကြားချက် 3 ခု
ပဲတီစိမ်း မှာ ကျရောက်တဲ့ အဝါရောင်မှိုစေ့ရောဂါက ဘယ်ဗိုင်းရက် (စ်)ကြောင့် ဖြစ်တာလဲခင်ဗျ ဖြေပေးကြပါအုံး
ဖြေကြားချက် 1 ခု
ပဲတီးစိမ်း မှာ အဲလိုဖြစ်နေတယ် ဘာဖြစ်တာလည်းဗျ
ဖြေကြားချက် 2 ခု
ပဲတိစိမ်းရွှေဝါရောင်ထွန်းလျှင်ဘာဆေးသုံးရမည်လဲ
ဖြေကြားချက် 3 ခု