ဖြေကြားချက် ၃ ခု
နွေနှမ်းကို ဖေဖော်ဝါရီလကုန်..မတ်လအတွင်းစိုက်နိုင်ပါတယ်။နှမ်းပင်ကရေဝပ်တာကိုမကြိုက်ပေမဲ့အစိုဓာတ်တော့လိုတယ်ဗျ။အစိုဓာတ်ဆိုတာကလည်းမြေကြီးစိုရုံ(မိုးဖွဲဖွဲရွာထားသလောက်)ပါဘဲ။ရေကလည်းအဆင် ပြေတာမို့ နွေနှမ်းစိုက်သင့်ပါတယ်။ရေလိုအပ်တဲ့အချိန်တွေကတော့ မစိုက်ခင် စိုက်ခင်းကိုရေအပြည့်လွှမ်းသွားအောင်သွင်းလိုက်ပြီးဖန့်သွားတဲ့အချိန်မှာစိုက်နိုင်ပါပြီ။အပင်ကြီးထွားချိန်ရယ်(၁လသားခန့်),ပန်းပွင့်ချိန်ရယ်, သီးတောင့်ဖြစ်ချိန်ရယ်တွေမှာမိုးမရွာခဲ့ရင်ရေသွင်းပေးရပါမယ်။အများကြီးသွင်းစရာမလိုပါ..နည်းနည်းနဲ့ဖြည်းဖြည်း မြေကြီးစိုရုံသာသွင်းရပါမယ်။များသွားရင်အပင်ခြေရိပြီးသေနိုင်ပါတယ်။မှိုရောဂါကျတတ်ပါတယ်။ဖြစ်နိုင်ရင်ဘောင်နဲ့စိုက်စေချင်ပါတယ်။ဘောင်နဲ့စိုက်ရင်ဘောင်နှုတ်ခမ်းထိရုံရေသွင်းရမှာပါ။ဘောင်နဲ့မစိုက်နိုင်ဘူးဆိုရင် စိုက်ခင်းမြေကိုညီညာပြန့်ပြူးအောင်ညှိပေးရပါမယ်(ရေသွင်းတဲ့အခါရေမဝပ်စေရန်)။မျိုးကတော့ ဆင်းရတနာ(၃),(၄),(၁၄) စတဲ့ ဆင်းရတနာမျိုးတွေစိုက်သင့်ပါတယ်။
ဆက်စပ်မေးခွန်းများ
ဆရာတို့ရေ နှမ်း ကယခုလမှာစိုက်လို့ရသေးလားခင်ဗျ
ဖြေကြားချက် 2 ခု
ဒီဇက်ဘာလမှာ နှမ်းစိုက်လို့ အဆင်ပြေနိုင်မလားဗျ
ဖြေကြားချက် 5 ခု
နှမ်းတွေကအပွင့်ခြောက်ကပ်သွားတာဘာဖြစ်တာလဲးဗျာ
ဖြေကြားချက် 1 ခု
မကွေးတိုင်း မြိုင်မြို့နယ် ကပါ အခုချိန် စမုံနက် နှမ်းမျိုးကို ရေသွင်းစိုက်ချင်တာ အဆင်ပြေနိုင်/မပြေနိုင် အကြံ...
ဖြေကြားချက် 6 ခု
နှမ်းစိုက်ပျိုးရန်လ
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ