အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
aunglay
aunglay 11,135
လွန်ခဲ့သော ၅ နှစ် က · မှော်ဘီ

ရွက်ဖျန်းအားဆေးကမနက်ပိုင်းဖျန်းရင်အာနိသင်ပိုရှိတယ်ပြောကြတယ် ါပေမယ့်မနက်ပိုင်းကအရွက်တွေပေါ်မှာနှင်းတွေစိုရွှဲနေတာဆေးထိရောက်ပါ့မလားဖြေပေးကြပါအုံးဆရာသမားတို့

အပင်အာဟာရ ချဉ်ပေါင်ရွက်

ဖြေကြားချက် ၅ ခု

ကောင်းမြတ်ဝေယံ
ကောင်းမြတ်ဝေယံ 116 လွန်ခဲ့သော ၄ နှစ် က

ချဥ်ပေါသ်မျိုးစေ့ကျဲရင်နောက်တနေ့အစေ့တွေတစေ့မှမရှိတော့ဘူးဆရာတို့ရေ ကြွက်စားတာလားငှက်စားတာလားမသိဘူး အဲဒီအန္တရယ်ကိုဘယ်လိုကာကွယ်ရမလဲဖြေပေးပါနော်

aunglay
aunglay 11,135 လွန်ခဲ့သော ၅ နှစ် က

ဟုတ်ကျေးဇူးပါပါခင်ဗျ

U Aye Naing
U Aye Naing အတည်ပြုပြီး 180,399 လွန်ခဲ့သော ၅ နှစ် က

ရွက်ဖျန်းအားဆေးဖျန်းရန်အကောင်းဆုံးအချိန်က မနက်၈နာရီမှ၁၁နာရီအတွင်းဖျန်းသင့်ပါတယ် (မနက်ပိုင်းသင့်တင့်သောနေရောင်ရှိချိန်)။ဖျန်းတဲ့အခါမှာလည်း အရွက်အောက်မျက်နှာပြင်ကိုရောက်အောင် ပစောက်ပုံဖျန်းပေးရပါမယ်။တစ်ဧကကို ၅ပုံးနှုန်းနဲ့ရွှဲရွှဲဖျန်းသင့်ပါတယ်။

မဆုမြတ်ခင်
မဆုမြတ်ခင် 100,154 လွန်ခဲ့သော ၅ နှစ် က

အရွက်မှာနှင်းရည်စိုနေရင်မဖျန်းသင့်ပါဘူး ကိုယ်ဖျန်းလိုက်တဲ့ဆေးက အဲ့ဒီရေတွေနဲ့အတူ လျှော ကျသွားမှာပါ ဒါကြောင့် မနက်ခင်းဖျန်းတာကောင်းပေမယ့်အခြေအနေအချိန်အခါကိုကြည့်ပြီး လိုက်ပြောင်းနိုင်ပါတယ် မနက်ခင်းပေမယ့် လေအရမ်းထန်နေတာမျိုး မိုးတွေရွာနေတာမျိုး ဆိုရင်လည်း မဖျန်းသင့်ပါဘူး ဖျန်းပြီးရင်လည်း မိုးလွတ်အောင် ရေမထိအောင် ဂရုစိုက်ရမှာပါ တကယ်လို့ မိုးမိသွားရင်တော့ ပြန်ဖျန်းရမှာပါ ဒါကြောင့် မဖျန်းခင် ရာသီဥတု အခြေအနေကို သေချာခန့်မှန်းတွက်ဆပြီးမှ ဖျန်းသင့်ပါတယ်

မေမြတ်မော်
မေမြတ်မော် 47,133 လွန်ခဲ့သော ၅ နှစ် က

အရွက်စိုနေရင်တော့ မဖျန်းသင့်ပါဘူး။ရွက်ဖျန်းမှိုသတ်ဆေးတွေသုံးဖို့ အကောင်းဆုံးအချိန် စာတန်းလေးဖိလေ့လာပေးပါ။အသေးစိတ်ရှင်းပြထားပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။