ဆရာတို့ခင်ဗျာ စိုက်ခင်းထဲ ကြွက်တွေအရမ်းများနေလို့ နှိမ်နှင်းရမဲ့ဆေးနဲ့ ကြွက်တွေက အချိန်ဘယ်လောက်ကြာရင် သားတခါ...
ဆရာတို့ခင်ဗျာ စိုက်ခင်းထဲ ကြွက်တွေအရမ်းများနေလို့ နှိမ်နှင်းရမဲ့ဆေးနဲ့ ကြွက်တွေက အချိန်ဘယ်လောက်ကြာရင် သားတခါပေါက်ပါသလဲခင်ဗျာ
ဆရာတို့ခင်ဗျာ စိုက်ခင်းထဲ ကြွက်တွေအရမ်းများနေလို့ နှိမ်နှင်းရမဲ့ဆေးနဲ့ ကြွက်တွေက အချိန်ဘယ်လောက်ကြာရင် သားတခါပေါက်ပါသလဲခင်ဗျာ
အောက်တိုဘာတောင်မရောက်သေးဘူး ကြွက်တွေ အရမ်းဆိုးနေပြီဆိုရင်တော့ စိုးရိမ်စရာပါအကိုရေ အမြန်နှိမ်နင်းထားဖို့လိုပါတယ် ကြွက်သားပေါက်နှုန်းအများဆုံးကာလက အောက်တိုဘာနိုဝင်ဘာ ဝန်းကျင်ဖြစ်လို့ပါ အခုကစပြီး အမြန် ကာကွယ်ထားဖို့လိုပါတယ် အကိုမေးတဲ့မေးခွန်းအရဆိုရင် ကြွက်မတစ်ကောင်က တစ်နှစ်မှာ ငါးခါလောက် ပေါက်နိုင်ပါတယ် တစ်ခါပေါက်ရင်လည်း အနည်းဆုံး ၁၀ကောင်အထက်ပေါက်နိုင်ပါတယ် ပေါက်ဖွားနှုန်း မြန်တာမလို့ မနှိမ်နင်းထားရင် outbreak ဖြစ်လာနိုင်ပါတယ် ဒါကြောင့် ကန်သင်းပတ်လည်လိုက်ရှင်းပါ ကျွင်းပေါက်တွေပိတ်ပါ ထောင်ချောက်တွေ လိုက်ချပါ အဆိပ်ချချင်ရင်တော့ ကျွင်းပေါက်နားတွေ ချတာပိုကောင်းပါတယ် ဒါပေမယ့် အားတော့မပေးပါ ကြွက်ကိုစားတဲ့အကောင်တွေ ပေးလွှတ်ပါ ကြွက်တွင်းပေါက်တွေထဲကို မီးခိုးမှိုင်းတိုက်ပါ အဓိကက ကိုယ့်လယ်တစ်ခုထဲ လုပ်ရုံနဲ့ မနှိမ်နင်းနိုင်တာမို့ လယ်နီးနားချင်းတွေ အကုန်တိူင်ပင်ပြီးစုလုပ်တာ ပိုကောင်းပါတယ်
ကျေးဇူးတင်ပါတယ်ခင်ဗျာ
မတူတဲ့ကြွက်အမျိုးအစားတွေရှိတာမို့ ကြွက်သတ်ဆေး နဲ့ သားပေါက်ချိန်တွေကလည်း အမျိုးမျိုးရှိပါတယ်။ အစိမ်းရောင်လမ်းရဲ့ စာအုပ်စဉ်ကဏ္ဍမှာ ကြွက်ကာကွယ်နှိမ်နင်းနည်းအကြောင်း စာအုပ်ရှိပါတယ်။ ဖတ်ရှုလေ့လာနိုင်ပါတယ်။ ကြွက် ကာကွယ်နှိမ်နှင်းနည်း
ဆက်စပ်မေးခွန်းများ
စပါးခင်းမှာကြွက်ကိုက်လိုပါဘယ်လိုကာကွယ်ရမလဲ
ဖြေကြားချက် 2 ခု
စပါးပင်ကြွက်တွေတအားကိုက်နေလို့ဘယ်လိုလုပ်ရမလဲအကြံပေးကြပါဆရာတို့
ဖြေကြားချက် 4 ခု
စပါးပင်တစ်လသားပါ ကြွက်ကိုက်လို့ပါ ရေအခက်ခဲကြောင့််ရေပြည့်အောင်သွင်းမရလို့ပါ ဘာဆေးသုံးရမလဲဗျ
ဖြေကြားချက် 0 ခု
စပါးခင်းမှာ ကြွက်တွေ မဖြတ်စီး အောင် ဘယ်လို လုပ်သင့်လဲ?
ဖြေကြားချက် 2 ခု
ကြွက်ကိုက်နေလို့ နည်းလမ်းပြောပြပေးပါ စပါးပါ
ဖြေကြားချက် 4 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။