အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သူရအောင်
လွန်ခဲ့သော ၆ နှစ် က · တံတားဦး

အရွက်တွေ ကပ်နေပြီး ခွာလျှင် ပုံပါအတိုင်း ပိုးတွေ့ရပါတယ် ဘာပိုးပါလဲ ဘာဆေးသုံးသင့်လဲ ညွှန်းပါအူး ကျေးဇူးပါ

ပိုးမွှားရောဂါ မြေပဲ မြေပဲ ရွက်လိပ်ရွက်ကပ်ပိုး
Post image
Post image
Post image
Post image
Post image
8

ဖြေကြားချက် ၈ ခု

သူရအောင်
သူရအောင် 174 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါ

U Hla Tin
U Hla Tin 10,510 လွန်ခဲ့သော ၆ နှစ် က

ပိုးကြရင်စိုက်ခင်းတစ်ခုလုံးကြတာဗျ။

Min Myat Aung
Min Myat Aung 116 လွန်ခဲ့သော ၆ နှစ် က

ရွက်လိပ်ရွက်ကပ်ပိုးကျတာပါ (ထိသေစားပေ)ပိုးသတ်ဆေးဖျန်းပါ

U Zaw Ye Thu
U Zaw Ye Thu 82,997 လွန်ခဲ့သော ၆ နှစ် က

လက္ခဏာတွေအရ ရွက်ထွင်းပိုး(သို့မဟုတ်) ရွက်လိပ်ရွက်ကပ်ပိုးကျနေတယ်လို့ယူဆရပါတယ်။ ရွက်ထွင်းတွေက အရွက်တွေကိုထွင်းစားသောက်တာဖြစ်ပြီး နောက်ပိုင်းမှာ အရွက်တွေကိုလိပ်ပြီးပိုးချည်မျှင်နေတဲ့ချည်နေတတ်ပါတယ်။ မများသေးဘူးဆိုရင် ဆိုးရွားစွာကျနေတဲ့အပင်တွေကို ဖျက်ဆီးပစ်တာကောင်းပါတယ်။ ပိုးကောင်တွေတွေ့ရင်လည်း လက်နဲ့ဖယ်ရှားတာတွေလုပ်ပေးပါ။ အဲ့ပိုးကျရောက်နေတယ်ဆိုရင် တမာပိုးသတ်ဆေးသုံးလို့ရပါတယ်။ ဓာတုဆေးအနေဖြင့် ပရိုဖီနိုဖော့ ၊ ကာဘရိုင်း၊ ဒိုင်မီသိုအိတ်၊ အဆီဖိတ် ပါသောဆေးများကို အသုံးပြုနိုင်ပါတယ်။

ayethandasoe
ayethandasoe 31,851 လွန်ခဲ့သော ၆ နှစ် က

ai dimethoate ပါသော ပိုးသတ်ဆေးဖြန်းပါ

U Aye Naing
U Aye Naing အတည်ပြုပြီး 180,399 လွန်ခဲ့သော ၆ နှစ် က

အထက်ပါဆေးများဟာအပင်အာဟာရရွက်ဖျန်းအားဆေးများဟုယူဆတာကြောင့်မသုံးသင့်ပါ။ အပင်ကရွက်လိပ်ရွက်ကပ်ပိုးကျနေတာမို့ပိုးသတ်ဆေးသုံးရပါမယ်..ထိသေစားသေပိုးသတ်ဆေးတစ်မျိုးမျိုးကိုဆေးဆိုင်မှာမေးပြီးဝယ်သုံးပါ..တမာဆေးနဲ့ကြိုတင်ကာကွယ်ပက်ဖျန်းပေးပါ

U Hla Tin
U Hla Tin 10,510 လွန်ခဲ့သော ၆ နှစ် က

ရွက်လိပ်ပိုးပါဆေးအမြန်ဖျန်းလိုက်ပါ

MONO + PLUS မိုးနိုပလပ်(စ်)NITO + PLUS နီးတို ပလပ်(စ်)

တစ်တွဲ ၁၅၀၀၀ကျပ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဆရာတို့ရေဒီပိုးကောင်တကောင်တလေတွေ့၊စိုးရိမ်ရသလား၊ဘာကောင်လဲဘာဆေးဖျန်းရမလဲ၄၅ရက်သားပင်ထောင်ပါ၊

ဖြေကြားချက် 3 ခု

ရက်ရှစ်ဆယ်ပင်ထောင်ပါဆေးဖျန်းစရာလိုသေးလား၊ပတ်ဝန်းကြင်အခင်းတွေမှာရွက်လိပ်ပိုးကြနေတယ်။

ဖြေကြားချက် 0 ခု

ဘယ်လုပ်လုပ်သင့်လဲ? ဘယ်လိုပိုးသတ်ဆေးနဲ့ တခြားအပင်အကျိုးပြုဆေး သုံးသင့်လဲ အစိုက်များသလို အဖြစ်လည်း များနေလို့ပါ

ဖြေကြားချက် 3 ခု

မြေပဲခင်း လှေးပိုး၊ရွတ်လိပ်၊ရွတ်စားပိုး ကျနေသလားလို့ပါဗျာ ဘယ် Ai ပိုးသတ်ဆေးဖျန်းသင့်လဲ ပုံကြည့်ပြီး ပြောပေးကြ...

ဖြေကြားချက် 2 ခု

ဆရာ/မများခင်ဗျာမြေပဲပင်အရွက်များပုံထဲအတိုင်းဖြစ်နေလို့ဘာရောဂါလဲဘာဆေးသုံးရမလဲမသိလို့ဖြေပေးပါအုန်ခင်းဗျာ

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။