အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
123
လွန်ခဲ့သော ၆ နှစ် က · မင်းဘူး

နှမ်းအထွက်တိုးနည်းလမ်းကောင်းများ

ခေတ်သစ်စိုက်ပျိုးရေး နှမ်း နှမ်းစိုက်ပျိုးနည်း
Post image
5

ဖြေကြားချက် ၅ ခု

120 လွန်ခဲ့သော ၆ နှစ် က

k

180 လွန်ခဲ့သော ၆ နှစ် က

နှမ်းပင်က NPK ထဲကဘယ်ဟာပိုလိုအပ်လဲဆရာ

3,278 လွန်ခဲ့သော ၆ နှစ် က
အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

အဓိကအချက်လေးတွေအကြံပြုပါရစေ..၁/ဒေသနဲ့ကိုက်ညီမဲ့ သက်တမ်းတိုအထွက်ကောင်းပြီး စျေးကွက်ဝင်မျိုးတွေရွေးချယ်စိုက်ပါ(ဆင်းရတနာ/သိပ္ပံနက်/စမုံနက်)။၂/ထယ်ရေးနက်နက်ထိုးပါ(နှမ်းပင်ရဲ့ရေသောက်မြစ်ဟာ ၁ပေခွဲခန့်ရှည်ပါတယ်)။၃/အစိုဓာတ်ထိန်းနိုင်သောမြေဖြစ်နေအောင်စီမံပေးပါ..နှမ်းပင်ဟာရေဝပ်တာမကြိုက်သော်လည်းမြေအစိုဓာတ်အမြဲရှိနေရင်ကြိုက်ပါတယ်..အထူးသဖြင့်အပင်ကြီးထွားစဥ်ကာလ..အဖူးဝင်ချိန်ကာလ.. ပန်းပွင်စုံချိန်ကာလနဲ့အသီးဖြစ်ချိန်တွေမှာအစိုဓာတ်အထူးလိုအပ်ပါတယ်။၄/မြေခံမှာ နွားချေးဆွေး.. မြေဆွေးနဲ့ဓာတ်မြေသြဇာထည့်ပေးရသလို ပုလဲ(ယူရီးယား)ကို အဖူးဝင်ချိန်နဲ့ပန်းပွင့်စုံချိန်မှာထပ်ထည့်ပေးမယ်ဆိုရင် အထွက်နှုန်းပိုမိုရရှိတာကို​တွေ့ ရှိရပါတယ်။အဲဒီအစားပန်းစပွင့်တာနဲ့ ပုလဲ+လက်ချားရွက်ဖျန်းအားဆေးကို ၅ရက်ကိုတစ်ကြိမ်နှုန်းနဲ့အနည်းဆုံး၃ကြိမ်ခန့်ဖျန်းပေးနိုင်ပါတယ်။ ၅/နှမ်းပင်ကအပူရှိန်နဲ့အလင်းရောင်ကောင်းစွာရရှိမှသာလျှင်ပွင့်သီးမှုကောင်းတာကြောင့် မိုးနှောင်း (ဆောင်းနှမ်း) စိုက်မယ်ဆိုရင်စိုက်ချိန်ကိုစောစောစိုက်သင့်ပါတယ် (စက်တင်ဘာလအတွင်းအပြီးစိုက်ရပါမယ်)။၆/ပိုးရောဂါကိုကြိုတင်ကာကွယ်သင့်ပါတယ်(နှမ်းဖိုရောဂါဖြစ်စေတဲ့ဖြုတ်ပိုးကိုကာကွယ်ရန် ကြိုတင်ဆေးဖျန်းပေးသင့်ပါတယ်.ဥပမာ..တမာဆေး)။၇/အရည်အသွေးကောင်းမွန်ရန်အတွက်နှမ်းရိတ်ပြီးလျှင်တစ်ညခန့်သာနှမ်းကိုပုံသင့်ပြီး နှမ်းထောင်ခြင်းကိုအမြန်ဆုံး ပြုလုပ်ရပါမည်။

120 လွန်ခဲ့သော ၆ နှစ် က

နည်းလမ်း

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။