အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,222
လွန်ခဲ့သော ၆ နှစ် က · ကျုံပျော်

မင်္ဂလာပါဆရာစပါးဖြုတ်ပိုးများကိုဘယ်ဆေးဖျန်းသင့်ပါလလဲ

ပိုးမွှားရောဂါ စပါး စပါးဖြုတ်ပိုး
3

ဖြေကြားချက် ၃ ခု

80,436 လွန်ခဲ့သော ၆ နှစ် က

စပါးဖြုတ်ပိုး ကျတိုင်းဆေးဖျန်းရမှာ မဟုတ်ပါဘူးဗျ။ဖြုတ်ညိုပိုးကို စပါးရုံတစ်ရုံမှာ (၅-၁၀)ကောင်တွေ့မှ၊ဖြုတ်စိမ်းဆိုရင် တစ်ရုံမှာ(၁၀-၁၅)ကောင်တွေ့မှ ဆေးဖျန်းသင့်တာပါဗျ။အဲ့လောက်အကောင် အရေအတွက် မတွေ့သေးရင်တော့ ဆေးမဖျန်းသေးပဲ စပါးခင်းကို ရေထုတ်ပေးတာတို့ ၊ပုလဲ လျှော့သုံးတာတို့၊ပေါင်းမြက်ရှင်းတာတို့ လုပ်ပေးပါဗျ။ ဆေးဖျန်းရတော့မယ်ဆိုရင်တော့ အဆီဖိတ်၊ဒိုင်မီသိုအိတ်၊ကာတက် စသည့် ပင်လုံးပြန့်ဆေးတစ်မျိုးမျိုး အပင်ခြေထိရောက်အောင်ဖျန်းပေးပါဗျ။

68,534 လွန်ခဲ့သော ၆ နှစ် က

စပါးဖြုတ်ညိုပိုး ဒါမှမဟုတ် ဖြုတ်ကြောဖြူအတွက် အောက်ဖော်ပြပါအချက်အလက်များကို တွေ့မှသာ ပိုးသတ်ဆေးပက်ဖျန်းပါ။     • စပါးပင်စည်တစ်ခုလျှင် ဖြုတ်ပိုးပျမ်းမျှအရေအတွက် တစ်ကောင်ထက်ပိုခြင်း      • ပျမ်းမျှအားဖြင့် သဘာဝရန်သူထက် ဖြုတ်ပိုးအရေအတွက်က ပိုများနေခြင်း     • ပျိုးခင်းကိုရေလွှမ်းတာဟာ ရွေးချယ်စရာမဟုတ်ပါ။  အောက်ပါပိုးသတ်ဆေးများကို ဆေးဘူး/အိတ်ပါအညွှန်းစာအတိုင်းအသုံးပြုပါ။     • ဒိုင်မီသိုအိတ် (Dimethoate)     • ကာတက်ပ်ဟိုက်ဒြိုကလိုရိုဒ် (Cartap hydrochloride)     • အဆီဖိတ် (Acephate)     • အဆီတာမီပရစ်ဒ် (Acetamiprid) ။ ‌စပါးဖြုတ်ပိုးအကြောင်းနဲ့ ကာကွယ်နှိမ်နင်းနည်းပေါင်းစုံအကြောင်း ပိုပြီး ပြည့်ပြည့်စုံစုံ သိချင်ရင် အခုပေးထားတဲ့ ဆောင်းပါးလင့်ခ်လေးထဲ ဝင်ပြီး ဖတ်ရှုလေ့လာနိုင်ပါတယ်နော်။ စပါးဖြုတ်ညိုပိုးနဲ့ ဖြုတ်ကြောဖြူ တွေကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ

116 လွန်ခဲ့သော ၆ နှစ် က

စနဈတကြ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။