ဖြေကြားချက် ၄ ခု
difeconozole နဲ့ azoxystrobin အရောလေးသုံး ဒါမှမဟုတ် azoxystrobin နဲ့ dimethomorph အရောသုံးလည်းရတယ်
အမဲစက်ဖြစ်နေတဲ့အရွက်လေးတွေကို ချွေပေးပါ မှိုရောဂါမလို့ မှိုစပိုးတွေလွင့်ပြီး ကူးနိုင်ချေက များပါတယ် ဒါ့ကြောင့် ရောဂါဖြစ်နေတဲ့ အရွက်တွေကို ချွေပြီး ဖျက်ဆီးပစ်မှကို ရမှာပါ ချွေထားတဲ့လက်နဲ့ အခြားအပင်တွေကို မထိပါစေနဲ့ရှင့် ပြီးရင်တော့ အပေါ်မှာပြောထားတဲ့ မှိုသတ်ဆေးတွေ အသုံးပြုနိုင်ပါတယ်ရှင့်
နှင်းဆီပင်မှာ ကျရောက်လေ့ရှိတဲ့ ရောဂါတွေအကြောင်း သိချင်ရင် အခုပေးထားတဲ့ ဆောင်းပါးလေးမှာလည်း လေ့လာလို့ရပါပြီနော်။ ကာကွယ်နှိမ်နင်းနည်းတွေလည်း ပါပါတယ်။ နှင်းဆီပင်တွင်ကျရောက်သော ရောဂါများနှင့် ကာကွယ်နှိမ်နင်းနည်းများ
အခုလိုမိုးများတဲ့အချိန်မှာ နှင်းဆီရွက်ပြောက်ရောဂါဖြစ်တတ်ပါတယ်။ ပေါင်းပင်တွေရှင်းပေးပါ။ မလိုအပ်သော ကိုင်းတွေကို စနစ်တကျဖြတ်ပေးပါ။ မိုးများတဲ့အချိန်မှာ အရွက်ပြောက်ရောဂါတွေဖြစ်တတ်တဲ့အတွက် ရေမဝပ်အောင်ဂရုစိုက်ပေးပါ။အပင်ခြေ လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ထားသင့်ပါတယ်။ မှိုသတ်ဆေးအနေနဲ့ မန်ကိုဇက်၊ ကလိုရိုသာလိုနေး၊ ကော့ပါး ပါသော ဆေးများကိုအညွှန်းအတိုင်းပက်ဖျန်းနိုင်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
နှင်းဆီပန်းပင်ကအရွက်အဖျားတွေကုပ်လာပြီး မဲလာပါတယ်။အဖူးတွေလဲမဲလာတယ်။ဘာဖြစ်တာလဲခင်ဗျာ
ဖြေကြားချက် 1 ခု
နှင်းဆီပန်းပင်ကအရွက်တွေမဲလာပြီ ငိုက်ကျနေတယ်။အဖူးတွေလမဲလာတယ်။ဘာဖြစ်တာလဲမသိ
ဖြေကြားချက် 2 ခု
မှေ့ပြောက်စွန်ကို ဘာဆေးနဲ့သပ်ရမလည်းဗျ
ဖြေကြားချက် 4 ခု
နှင်းဆီရွက်လေးတေ အဖြူအစက်လေးတေဖြစ်ပြီး ရွက်ဖျားလေးတေခြောက်ကုန်တယ် ဘာဆေးသုံးရမလဲသိချင်ပါတယ်ရှင့်
ဖြေကြားချက် 3 ခု
နှင်းဆီကိုင်းမှာကပ်ပြီးဖြစ်တဲ့မှိုရောဂါကိုဘယ်လိုပျောက်ကင်းအောင်လုပ်နိုင်မလဲဘယ်လိုကာကွယ်ရမလဲ
ဖြေကြားချက် 1 ခု