ဖြေကြားချက် ၇ ခု
ပန်းမပွင့်ခင်အထိ ငါးအမိုင်နိုအက်ဆစ်ပက်ဖျန်းပေးပါ..ပန်းပွင့်ပြီးနောက်ပိုင်းအသီးတောင့်ဖြစ်ချိန်ထိ ပုလဲ+လက်ချားရွက်ဖျန်းအားဆေးကို၇ရက်တစ်ကြိမ်နှုန်းနဲ့ဖျန်းပေးပါ။နောက်တစ်ခုက နောက်ဆုံးကြားဝင်ချိန်မှာ ဂျစ်ပဆမ်ကျောက်မှုန့်ထည့်ပေးပါ..သူကအမှုန့်ဆိုတော့လေတိုက်ရင်လေနဲ့လွင့်ပါနိုင်တာမို့ နွားချေးဆွေးအမှုန့်/မြေဆွေးအမှုန့်နဲရောပြီးဖြူးချပေးပါ။ပိုးမွှားကာကွယ်ဖို့အတွက် တမာဆေးကိုကြိုတင်ဖျန်းပေးပါ။မြေပဲမှာကျတတ်တာ ရွက်လိပ်ရွက်ကပ်ပါ..၁လအရွယ်ခန့်မှစပြီးနောက်ပိုင်းကျတတ်ပါတယ်..တမာဆေးကြိုဖျန်းထားရင်သက်သာပါတယ်..ကျခါစမှာလက်နဲ့ဖိသတ်ပေးပါ..ကျတဲ့အရွက်တွေဖယ်ရှားပေးပါ..များလာရင်တော့ဓာတုဆေးဖျန်းပေးပါ။ .
ပုလဲနဲ့လက်ချားကို ၇ရက်ခြား တစ်ခါ ကျွေးလို့ရပါတယ်ရှင့် ပိုးမွှားရောဂါအတွက် ကာကွယ်ဖို့ဆိုရင်တော့ မစိုက်ခင်ကတည်းက မျိုးစေ့မှာ မြေအောင်းပိုးသတ်ဆေး လူးနယ်တာတွေ လုပ်ဆောင်ပေးသင့်ပါတယ် ကိုယ့်စိုက်ခင်းကို အမြဲ စစ်ဆေးပေးနေဖို့လည်း လိုအပ်ပါတယ် အဲ့ဒါမှ အပင်မှာ ရောဂါပိုးမွှား တစ်ခုခုကျတာနဲ့ နှိမ်နင်းထားနိုင်မှာပါ ဖြစ်ပါတယ်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မြေပဲခင်းမှာ ကျောက်မှုန့်ကိုနောက်ဆုံးကြားတိုက်တုန်းမဟုတ်ပဲနဲ့အစောပိုင်းကြားတိုက်တုန်းထည့်မိလိုက်ပါတယ် နောက်မှ...
ဖြေကြားချက် 4 ခု
မြေပဲဥကောင်းအောင် ဘာကျွေးသင့်လဲး?
ဖြေကြားချက် 2 ခု
မြေပဲကိုပိုးသက်ဆေးဖျန်းမှာပါ ပိုးတွေကမြေပဲပင်ရဲ့အောက့်အရွက်မှာနေတာလား အပေါ်မှာပဲကပ်နေတာလား ဆေးဖျန်းရင်အောက်က...
ဖြေကြားချက် 5 ခု
မြေပဲ 40 ရက်သားကို ကျောက်မှုန့်ကျွေးချင်တာ ဘယ်လိုပုံစံကျွေးမှ ကောင်းမလဲ မြေပဲပင်ချေရင်းကြောင်းလိုက် ဖြူးရမလား...
ဖြေကြားချက် 5 ခု
ဘိုရွန်ကို မြေပဲ အပင်ပေါက်ပြီး ဘယ်နှရက်သား လောက်ကနေ စဖျန်းပေးသင့် ပါသလဲ ရှင့်။
ဖြေကြားချက် 5 ခု
ရေပန်းစားသော အကြောင်းအရာများ