အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၁ ခု

68,534 လွန်ခဲ့သော ၆ နှစ် က

ပုလဲကို တိုက်ရိုက်မျိုးစေ့ချ အခင်းတွေမှာ အရွက် ၅ ရွက်ထွက်ချိန်၊ ပျိုးထောင်စိုက်ပျိုးသော အခင်းတွေမှာ ကောက်ပင်လှန်ချိန်မှာ ကျွေးပါက ပင်ပွားစောစောထွက်၍ ကြီးထွားသန်စွမ်းခြင်း၊ ပင်ပွားနိုင်မှု စွမ်းရည်ကောင်းခြင်း၊ လုံလောက်သော အနှံအရေအတွက် ရရှိခြင်း စသည်ဖြင့် ကောင်းကျိုးများရှိပါတယ်။ အလံရွက်စတင်ထွက်ချိန်တွင် ကျွေးပါက အနှံအစေ့မှာ ပုံမှန်အတိုင်းကြီးထွားမှုရှိပြီး လုံးပိန် လုံးညှပ် လျော့နည်းမည် ဖြစ်ပါတယ်။ အနှံမထွက်မီ ၅ ရက်အလိုတွင် ကျွေးပါက ကစီဓာတ် အလုံအလောက်ရရှိသောကြောင့် အစေ့အဆန်များ ပြည့်ဖြိုးမှာ ဖြစ်ပါတယ်။ ကျွေးရမယ့်နှုန်းထားမှာ ၁ ဧကလျှင် ပုလဲမြေသြဇာ ၁ အိတ်အား ၃ ပုံ ၁ ပုံအချိုးနှင့် ၃ ကြိမ်ကျွေးရမည် ဖြစ်ပါတယ်။ မိမိစိုက်ခင်း အခြေအနေပေါ်မူတည်ပြီး နှုန်းထားပြောင်းလဲနိုင်ပါတယ်။ ပိုတက်ကို နောက်ဆုံးသမန်းပြင်ချိန်မှာတစ်ကြိမ်၊ အနှံလောင်းစတင်ဖြစ်ပေါ်တဲ့အချိန်မှာ တစ်ကြိမ် ကျွေးပေးသင့်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။