အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
464
လွန်ခဲ့သော ၆ နှစ် က · ပေါင်းတည်

ကျဲခင်း145သက်တန်းစပါး ဓာတ်မြေသြဇာကို မထမအကြိမ်နှင့်ဒုတိကအကြိမ်ကို စပါးသက်တန်းဘယ်ရက်တွေမှာ သုံးသင့်ပါသလည်း ဖြေ...

ကျဲခင်း145သက်တန်းစပါး ဓာတ်မြေသြဇာကို မထမအကြိမ်နှင့်ဒုတိကအကြိမ်ကို စပါးသက်တန်းဘယ်ရက်တွေမှာ သုံးသင့်ပါသလည်း ဖြေကြားပေးစေလိုပါတယ်

စိုက်ပျိုးနည်း စပါး စပါးပင်နှင့်အာဟာရ
2

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

မြေပြင်ချိန်မှာ ပုလဲလုံးဝအသုံးမပြုသင့်ဘဲ စပါးသက်တမ်းတလျှေက် ပုလဲကို ၃ကြိမ်ခွဲပြီကျွေးသင့်ပါတယ်..ကြဲခင်းအတွက် ပထမဆုံးပုလဲကျွေးသင့်တာကတော့ အရွက်၅ရွက်ထွက်ချိန်(၁လသားအရွယ်ခန့်)မှာဖြစ်ပါတယ်။ပုလဲ ဒုတိအကြိမ်နဲ့​တတိယအကြိမ်တွေရယ်.တီစူပါ၁ကြိမ်.ပိုတက် ၂ကြိမ်ကျွေးတာကတော့အထက်ပါ ဆရာကိုသိန်းစိုးမင်းအကြံပြုတဲ့ရက်တွေမှာကျွေးသင့်ပါတယ်။ထပ်မံအကြံပြုချင်တာကတော့..ပုလဲကျွေးရာမှာ ပုလဲ၁ဆ နဲ့ နွားချေးဆွေးအမှုန့်/မြေဆွေးအမှုန့် ၃ဆနဲ့ ၁ရက်ကြိုတင်ပြီးရောမွှေကာ တာလပတ်/ပလတ်စတစ်နဲ့အုပ်ထားပါ။တစ်ညသိပ်ထားပြီးနောက်မနက်စောစောမှာပက်ပေးမယ်ဆိုရင်ပိုမိုထိရောက်ပါတယ်။နောက်တစ််ခုက စပါးမှာကွန်ပေါင်းမသုံးဘဲ သီးခြားစီ(ပုလဲ..တီစူပါ..ပိုတက်)ကျွေးသင့်ပါတယ်။အပင်အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေကို လိုအပ်တဲ့ပမာဏအတိုင်း လိုအပ်တဲ့အချိန်မှာကျွေးပေးမယ်ဆိုရင် အကျိုးသက်ရောက်မှုပိုမိုရှိပြီး ကုန်ကျစရိတ်လည်းသက်သာပါတယ်။

အတည်ပြုပြီး 323,968 လွန်ခဲ့သော ၆ နှစ် က

ဆရာကြီး ဦးဘဟိန်းရဲ့ အကြံပြုချက်အရ မြေပြင်ချိန်မှာ စူပါအိတ်ဝက်+ ပိုတက်တစ်စိတ်၊ ကောက်စိုက်ပြီး (၁၄-၂၀) အတွင်း ယူရီးယား သုံးချိုးတစ်ချိုး၊ အနှံလောင်းဖြစ်တည်ချိန်ဝန်းကျင် (၈၃-၈၇) ရက်အတွင်း ပိုတက်တစ်စိတ်၊ အလံရွက်ထွက်စအချိန် ယူရီးယား သုံးချိုးတစ်ချိုး၊ အနှံမထွက်မီ (၅)ရက်အလို သက်တမ်း ၁၁၀ ရက်ဝန်းကျင် ယူရီးယား သုံးချိုးတစ်ချိုး ကျွေးဖို့ ဖြစ်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။