အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2,497
လွန်ခဲ့သော ၆ နှစ် က · ပခုက္ကူ

မြေပဲပင်မှာရွက်လိပ်ပိုးတွေကျနေလို့ပါ၊၊ပိုသတ်ဆေးမပတ်ရင်ဘယ်လိုဆိုးကျိူးတွေရမလည်းရှင့် ၊၊ ရွက်ဖျန်းအားဆေးတော့ပတ်...

မြေပဲပင်မှာရွက်လိပ်ပိုးတွေကျနေလို့ပါ၊၊ပိုသတ်ဆေးမပတ်ရင်ဘယ်လိုဆိုးကျိူးတွေရမလည်းရှင့် ၊၊ ရွက်ဖျန်းအားဆေးတော့ပတ်ဖို့ဝယ်ထားတယ်

ပိုးမွှားရောဂါ မြေပဲ မြေပဲရွက်လိပ်ပြဿနာ
6

ဖြေကြားချက် ၆ ခု

874 လွန်ခဲ့သော ၆ နှစ် က

ပလဲလက်ချားကပိုးသက်ဆေးနဲ့တွဲလို့ရလားဗျ

2,497 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးတင်ပါတယ်ရှင့် ပိုးသတ်ဆေးကိုအရင်ကမသုံးဘူးပါလို့ရှင့် အရင်နှစ်ကလည်းပျ တွေကျပါတယ် မြေပဲအထွက်နှုန်းမကောင်ပါဘူးရှင့် ယခုလိုရှင်းပြပေးတာကျေးဇူးပါ

10,510 လွန်ခဲ့သော ၆ နှစ် က

ယခုလိုရှင်းပြတဲ့အတွက်ဆရာနိုုင်ကိုကျေးဇူးဘဲနော်

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ပိုးသတ်ဆေးမဖျန်းရင်...ပိုးလောက် ကောင်တွေက အရွက်တွေကိုပူးကပ်၍အိမ်ဖွဲ့ပြီးအရွက်အသားတွေကိုစားသောက်ပါတယ်..အရွက်တွေပျက်စီးကုန်တာကြောင့် အစာချက်လုပ်ငန်းတွေလည်းထိခိုက်ကုန်ပါတယ်..အဲဒီလိုဖြစ်ရင် စွယ်ဖြစ်မှု..သီးတောင့်ဖြစ်မှုတွေလျော့သွားပြီးအထွက်လျော့နိုင်ပါတယ်။ကျရောက်မှုနည်းရင် ပိုးတွေကိုလက်နဲ့ဖိသတ်ခြင်း..ပိုးကျတဲ့အရွက်တွေကိုဖယ်ရှားခြင်ပြုလုပ်နိုင်ပါတယ်။ကျရောက်မှုများရင်တော့ ပိုးသတ်ဆေးပက်ဖျန်းပေးရပါမယ်။အရွက်မှာအိမ်ဖွဲ့နေတာကြောင့်ဆေးထိရောက်မှုတော့နည်းနိုင်ပါတယ်။

10,510 လွန်ခဲ့သော ၆ နှစ် က

ဆေးမပက်ရင်မစားရပါအားဆေးနှင့်မရပါပိုးသတ်ဆေးတမျိုုးမျိုးနဲ့အမြန်ရောပြီးအမြန်ဖျန်းလိုက်ပါ

80,436 လွန်ခဲ့သော ၆ နှစ် က

ပိုးသတ်ဆေးမပက်ရင်တော့ အထွက်နှုန်းအငယ်ကျဆင်းနိုင်ပါတယ်။ပိုးသတ်ဆေး မပတ်ပဲ အခြားနည်းနဲ့ကာကွယ်ချင်ရင်တော့ သဘာဝအတိုင်း ဖျော်စပ်ပက်ဖျန်းနိုင်သော ပိုးသတ်ဆေးအမျိုးမျိုးရှိသည့်အနက်လွယ်ကူသော နည်းတစ်နည်းမှာ ဆေးရွက်ကြီးအရွက်၊ ပင်စည်အခြောက် ၂၅၀ ဂရမ်ကိုရေ ၄ လီတာတွင်ထည့်၊ ဆပ်ပြာရည်ဟင်းစားဇွန်းနှစ်ဇွန်းထည့်၍ နာရီဝက်ကြာ အပူပေးပြီး စစ်ချရပါမည်။စစ်ကျရည်တစ်ဆ၊ရေလေးဆ ရောစပ်ပက်ဖျန်းနိုင်ပါသည်။ ပိုးကျ​နေတဲ့ အရွက်တွေကိုခူးပစ်ပေးပါ။ ​တစ်ဧကလျှင် မီးရောင်ထောင်ချောက် ငါးခုဖြင့် ဖလံများကို ဖမ်းယူဖျက်ဆီးခြင်း၊ ဇီဝကာကွယ်နည်းအဖြစ် ဥကပ်ပါးနကျယ် ဥကဒ်များကို စိုက်ခင်းအတွင်း ချိတ်ဆွဲခြင်းတို့ ဆောင်ရွက်သင့်ပါတယ်ဗျ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။