အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
812
လွန်ခဲ့သော ၆ နှစ် က · သုံးခွ

ဆရာဦးအေးနိုင်ခင်ဗျာ 1မျိုးစေ့ဆောင်ရောဂါဆိုတာဘာကိုပြောတာလဲ 2အပင်သေတဲ့လယ်ကနေပဲတီစိမ်းကျွန်တော်လယ်မှာကျဲဖို့ဝယ်...

ဆရာဦးအေးနိုင်ခင်ဗျာ 1မျိုးစေ့ဆောင်ရောဂါဆိုတာဘာကိုပြောတာလဲ 2အပင်သေတဲ့လယ်ကနေပဲတီစိမ်းကျွန်တော်လယ်မှာကျဲဖို့ဝယ်လိုက်တယ်ကျွန်တော့်လယ်မှာရောသေနိုင်လားဗျာ သေမယ်ဆိုရင်ဘာဆေးနဲ့နိုင်မလဲပြောပြပေးပါဗျာ ကျေးဇူးအထူးတင်လျက်ပါဆရာ

1

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

မျိုးစေ့ဆောင်ရောဂါဆိုတာနာမည်မှာပါသလိုပေါ့..ရောဂါဖြစ်နေတဲ့စိုက်ခင်း..သေနေတဲ့စိုက်ခင်းတွေက ရောဂါရအစေ့တွေကိုမျိုးစေ့အဖြစ်သိုလှောင်ပြီးစိုက်မယ်ဆိုရင်အဲဒီစိုက်ခင်းမှာ ရောဂါထပ်ဖြစ်မှာပါဘဲ။အဲဒါကိုမျိုးစေ့ဆောင်ရောဂါလို့ခေါ်ပါတယ်။မျိုးစေ့ဆောင်ရောဂါတွေက တော့ မှိုရောဂါ..ဘက်တီးရီးယားရောဂါ နဲ့နီမတုတ်ရောဂါတွေဖြစ်တတ်ပါတယ်။ဒါကြောင့်ရောဂါဖြစ်တဲ့အခင်းကနေပြီး မျိုးယူပြီးမစိုက်သင့်ပါဘူး။တကယ်လို့စိုက်ခဲ့မယ်ဆိုရင်လည်း ရောဂါကာကွယ်ရန်နဲ့ရောဂါကျရောက်မှုသက်သာစေရန်အတွက် မစိုက်ခင်မျိုးစေ့ကို မျိုးစေ့ဆားရည်စိမ်ခြင်း (စပါး)..မှိုသတ်ဆေးဖြင့်လူးနယ်စိုက်ခြင်း(မြေပဲ..ပဲအမျိုးမျိုး..နှမ်း.....).. ပင်လုံးပြန့်မှိုသတ်ဆေးဖြင့်လူးနယ်စိုက်ခြင်း(စပါးပျိုးပင်နာကျရောဂါ) နဲ့ အပင်ကြီးထွားစဥ်ကာလမှာ မှိုသတ်ဆေးပက်ဖျန်းခြင်းများပြုလုပ်ပေးရပါမယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။