အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၇ ခု

win Naing Oo
win Naing Oo 465 လွန်ခဲ့သော ၆ နှစ် က

ဘာဆေးထည့်ရမလဲ

Angel Queen
Angel Queen 2,800 လွန်ခဲ့သော ၆ နှစ် က

ခြကိုက်တာဆိုရင် မြေတွင်းအောင်းဆေးထည့်ပါ အပင်ရှိသားနဲ့သေတာဆို ဖိုးလမင်းကောင်ကိုက်လို့ပါ

win Naing Oo
win Naing Oo 465 လွန်ခဲ့သော ၆ နှစ် က

ကလော်ပင်ပါ

ကျော့နန္ဒာစိုး
ကျော့နန္ဒာစိုး 270,769 လွန်ခဲ့သော ၆ နှစ် က

ကိုဝင်းနိုင်ဦး ဘာအပင်လဲရှင့်။ ဘာပိုးတွေလဲဆိုတာတစ်ချက်ပြောပေးပါဦး။ အမြစ်ထဲဝင်သွားပြီး တစ်ပင်လုံးသေသွားတယ်ဆိုရင်တော့ ဆေးဖြန်းရင်လည်းအရမ်းမထိရောက်နိုင်ပါဘူး။ သီးနှံသက်တမ်းက ရိတ်သိမ်းချိန်ရောက်တော့မယ်ဆိုရင်တော့ နောက်ရာသီအတွက် ကြိုတင်ကာကွယ်မှုတွေပြုလုပ်ပါ။

win Naing Oo
win Naing Oo 465 လွန်ခဲ့သော ၆ နှစ် က

ကျွန်တော်အပင်ကအမြစ်ပိုးဝင်းသွားရင်တပင်လုံးသေသွာတယ်ဘာဆေးဖြန်းရမလဲ

win Naing Oo
win Naing Oo 465 လွန်ခဲ့သော ၆ နှစ် က

good

အိစက်ဝေ
အိစက်ဝေ 68,535 လွန်ခဲ့သော ၆ နှစ် က

စုပ်စားပိုးကျတဲ့ လက္ခဏာနဲ့တူပါတယ်။ ညနေအချိန်မျိုးမှာ ကင်းထောက်စစ်ဆေးကြည့်ပါ။ ဖြုတ်၊ ပျ၊ ယင်ဖြူ၊ မွှားပင့်ကူ တို့က စုပ်စားပိုးတွေပါ။ အဲ့လိုမျိုးတွေ့ရင်တော့ တမာပိုးသတ်ဆေးကို တစ်ပတ်တစ်ကြိမ်လောက် ဖျန်းပေးပါ။ အဝါရောင်ကပ်ခွာထောင်ခြောက်တွေလည်း ထောင်ပြီးဖမ်းနိုင်ပါတယ်။ ‌ပတ်ဝန်းကျင်မှာရှိတဲ့ ပေါင်းနဲ့အမှိုက်တွေကိုလည်းရှင်းပေးပါ။ စုပ်စားပိုးကနေ ဗိုင်းရပ်စ်ရောဂါလည်း ပါလာနိုင်တာမို့ သတိထားဖို့လိုပါတယ်။ ဗိုင်းရပ်စ်ရောဂါအတွက် ကုဖို့ဆေးမရှိပါဘူး။ ဗိုင်းရပ်စ်ရောဂါ လက္ခဏာတွေ့ပြီဆိုရင်တော့ ရောဂါကျတဲ့အပင်ကို နှုတ်ပြီး စိုက်ခင်းနဲ့ ဝေးရာမှာ မီးရှို့ဖျက်စီးရမှာပါပဲ။ ပိုးအရမ်းကျနေလို့ ဓာတုပိုး‌သတ်ဆေးသုံးမယ်ဆိုရင်တော့ အဆီတာမီပရစ်၊ အဘာမက်တင်၊ သိုင်ရာမီသောက်ဇင်၊ အင်မီဒါကလိုပရစ် စတာတွေပါတဲ့ ဆေးတမျိုးမျိုးကို အညွှန်းစာအတိုင်း သုံးပေးနိုင်ပါတယ်ရှင့်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။