ဖြေကြားချက် ၃ ခု
ကျေးဇူးပါဗျ
ဆပ်ပြာပိုးသတ်ဆေးလုပ်မလို့လားရှင့်။ ဆပ်ပြာပိုးသတ်ဆေးလုပ်ဖို့အတွက်ဆိုရင် ရေတစ်ဂါလံမှာ ဆပ်ပြာအဆီ လက်ဖက်စားဇွန်း ၅ ဇွန်းခန့်နဲ့ စားသုံးဆီ လက်ဖက်စားဇွန်း ၂ ဇွန်းခန့်တို့ကို ရောစပ်ပြီး မွှေပေးရမှာပါ။ ဆပ်ပြာရည်မှာ ဓာတုပစ္စည်း အနည်းငယ်သာပါဝင်တဲ့ ပန်းကန်ဆေးဆပ်ပြာရည်ကို အသုံးပြုသင့်ပါတယ်။ နှမ်းဆီ၊ နေကြာဆီ၊ ပဲပုပ်ဆီ စသော သဘာဝမှရရှိတဲ့ စားသုံးဆီများကိုလည်း အသုံးပြုသင့်ပါတယ်။ အပင်တွေကို မနက်ခင်း၊ ညနေခင်း လိုမျိုး နေအေးတဲ့အချိန်တွေမှာပဲ ဖျန်းပေးပါရှင့်။ ဆပ်ပြာပိုးသတ်ဆေးက ခန္ဓာကိုယ်နူးညံ့တဲ့ အင်းဆက်ပိုးမွှားတွေဖြစ်တဲ့ ပျအပါအဝင် စုပ်စားပိုးတွေကို နှိမ်နင်းရာမှာ အသုံးဝင်ပါတယ်။ ပြီးတော့ ဆပ်ပြာပိုးသတ်ဆေးက လူအပါအဝင် နို့တိုက်သတ္တဝါတွေကိုလည်း အဆိပ်အတောက်ဖြစ်စေတာမို့ အန္တရာယ်မဖြစ်အောင် ဂရုတစိုက် သုံးစွဲပေးပါရှင့်။
ဆက်စပ်မေးခွန်းများ
ဒါဘာကောင်လဲ အရွက်ကိုကိုက်ဖျက်လိုက်တယ်
ဖြေကြားချက် 0 ခု
ဆပ်ပြာမှု့န့်နဲ့ဆေးရွက်ကြီးဖျော်ရည်ကိုပဲတောင့်ရှည်ဖျန်းချင်လို့ရလားဗျအပင်အတွက်ဘေးမဖြစ်ပါဘူးနော်
ဖြေကြားချက် 6 ခု
မြေပဲကိုတမာပိုသက်ဆေးဖျမ်းလို့ရလား တမာပိုးသက်ဆေးကဘလိုအကျိုးကျေးဇူးတွေရလဲဗျ လုပ်ပေးလုပ်နည်းလေးလဲမှပါဥိးဆယ်ရက်သား...
ဖြေကြားချက် 9 ခု
ငရုတ် ဘာရောဂါ ဘာပိုးလဲဗျ ဘယ်လိုဆေးအမျိုးစားသုံးသင့်ပါသလဲ စိုးရိမ်ရလားဗျ
ဖြေကြားချက် 2 ခု
ငရုတ်ပိုးမကျအောင် ဘယ်လို့ နည်းလမ်းနဲ့ ထွန်ယက် စိုက်ပျိုး ရမလဲ
ဖြေကြားချက် 0 ခု