အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2,510
လွန်ခဲ့သော ၆ နှစ် က · ကသာ

ရွက်လိပ်ပိုး ထင်တာပဲဗျ ဘာဆေး သုံးရင်အဆင်ပြေ မှာလည်းဗျ

ပိုးမွှားရောဂါ နှမ်း နှမ်းရွက်လိပ်ပိုး
Post image
3

ဖြေကြားချက် ၃ ခု

2,510 လွန်ခဲ့သော ၆ နှစ် က

ဖြေကြားပေးတာကျေးဇူးတင်ပါတယ်ဗျ

68,534 လွန်ခဲ့သော ၆ နှစ် က

ရွက်လိပ်ပိုးကို မီးထောင်ခြောက်တွေထောင်ပြီးလည်း ကာကွယ်နိုင်ပါတယ်။ ပေါင်းမြတ်တွေရှိရင်လည်းရှင်းပေးပါ။ နိုက်ထရိုဂျင်ပါတဲ့ မြေဩဇာကို အလွန်အကျွံမသုံးမိပါစေနဲ့။ ပိုးကျရောက်မှုက အရမ်းမများသေးရင် ပိုးသတ်ဆေးတွေ မသုံးပါသေးနဲ့ဦး။ ကြည့်ရတာ အပင်ကလည်း ငယ်သေးတယ်ထင်တယ်။ အပေါ်ကပြောသလို တမာပိုးပြေးဆေးလို သဘာဝပိုးသတ်ဆေးကို တစ်ပတ်တစ်ခါဖျန်းပေးလို့လည်းရပါတယ်။ ပိုးကျရောက်မှုက အခင်းမှာ ၅၀ ရာခိုင်နှုန်းနဲ့အထက် ကျနေပြီဆိုမှ ပိုးသတ်ဆေးကိုသုံးပေးပါရှင့်။ ကလိုပိုင်ရီဖော့စ် ပါတဲ့ ဆေးတမျိုးမျိုးကို အညွှန်းအတိုင်းသုံးပေးပါရှင့်။ ပိုးသတ်ဆေးတွေအလွန်အကျွံသုံးမိရင်လည်း တခြားဖျက်ပိုးတွေ များစွာကျရောက်စေတတ်ပါတယ်။

80,436 လွန်ခဲ့သော ၆ နှစ် က

အဲ့အကောင်လေးတွေကို ကောက်ပစ်ပေးပါ။ တမာပိုးသတ်ဆေး ဖျန်းနိုင်ပါတယ်။အပင်ငယ်စဥ်မှာတော့ အရမ်းမဆိုးန်ုင်လို့ ဓာတုဆေးမဖျန်းသေးလို့ရပါတယ်။ ဆေးဖျန်းချင်တယ်ဆိုရင်တော့ Carbaryl 50 WP သို့မဟုတ် ပင်လုံးပြန့်ပိုးသတ်ဆေးတစ်မျိုးမျိုး ဖျန်းပေးပါဗျ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။