ဖြေကြားချက် ၃ ခု
ဘယ်နည်းကိုစမ်းလုပ်ထားတာလဲရှင့်။ ငါးအမိုင်နိုအက်ဆစ်ကတော့ ငါးရဲ့စွန့်ပစ်ပစ္စည်းတွေနဲ့လုပ်ရတာဆိုတော့ အပုပ်နံ့တော့ထွက်ပါတယ်ရှင့်။ လုပ်ထားပြီး၂ ပတ် ၃ပတ်ကြာရင် သုံးလို့ရပါပြီ။ ၂ ရက်လောက်ဆိုရင်ကို အပုပ်နံ့တော့ထွက်ပါတယ်။ အာ့ကြောင့် အိမ်နဲ့ဝေးတဲ့နေရာမှာလုပ်ဖို့ညွှန်းထားကြတာပါ။ အဲ့တာတွေကတော့ အပင်ကြီးထွားဖို့အတွက်တကယ်ထိရောက်ပါတယ်။ လူကြီးမင်းက သဘာဝမြေသြဇာအရည်ကိုပဲသုံးချင်တယ်ဆိုရင်တော့ အဲ့နည်းလမ်းတွေက အဆင်ပြေပါတယ်။ အပင်အာဟာရ ကဏ္ဍမှလည်း သဘာဝမြေသြဇာလုပ်နည်းတွေနဲ့ပတ်သတ်ပြီးဆောင်းပါးများရှိပါတယ်။ လေ့လာကြည့်ပြီးအဆင်ပြေစေမယ့်နည်းလမ်းတွေကို လုပ်ကြည့်ပါလားရှင့်။ အဆင်ပြေပါစေရှင့်။
nutrient solution ကိုပြောတာလားရှင့်။ အာဟာရဖျော်ရည်အဖြစ် တီကျစ်စာရည်၊ ငါးအမိုင်နိုအက်ဆစ်၊ em ဖျော်ရည် စတာတွေကို သုံးလို့ရတယ်လို့ သိရပါတယ်။ တစ်ကယ်လို့မရှိခဲ့ရင်လည်း ၁၅ပတ်လည်ကို တစ်ခါထည့် ၄ကျပ်သားထည့်ပေးလို့ရတယ်လို့လည်း သိရပါတယ်ရှင့်။ ငါးအမိုင်နိုအက်ဆစ်လုပ်နည်း နဲ့ em လုပ်နည်းတို့ကတော့ Greenway app ရဲ့ ဆောင်းပါးတွေထဲမှာ ရှိပါတယ်ရှင့်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဆရာတို့ခဗျ EM ကိုအရွက်ဖျန်းအားဆေးအဖစ်သုံးလို့ရလားခဗျ
ဖြေကြားချက် 1 ခု
မိုးရာသီ၌စိုကိပျိုးနိုင်သေားအပင်များကိုသိရှိလိုပါတယ်ထင်ဗျာ အခုမှစစိုက်တာမို့လို့ပါဗျ
ဖြေကြားချက် 0 ခု
ဘာအရွက်လဲ စားလို့ရပါသလား
ဖြေကြားချက် 2 ခု
ရေကန်စွန်းစိုက်ပျ်ုးနည်းလေးသိချင်ပါသည် အစေ့စိုက်မည်ထြစ်ပါသည်
ဖြေကြားချက် 4 ခု
အခုချိန်မိုးတွင်းမှာ ဘာဟင်းသီးဟင်းရွက် စိုက်လို့ရပါသလဲ ဖြေပေးကြပါ ဆရာတို့ ရန်ကုန်တိုင်းကပါ
ဖြေကြားချက် 4 ခု