ဖြေကြားချက် ၃ ခု
ဆာလဖာက အမြစ်ဖွံ့ဖြိုးမှုကို အားကောင်းစေရုံမျှမက အပင်ရဲ့ အဓိကကြီးထွားဖွံ့ဖြိုးမှုဖြစ်တဲ့ ပရိုတင်းဓာတ်ထုတ်လုပ်ရာမှာ အဓိကလိုအပ်ပါတယ်။ နိုက်ထရိုဂျင်မြေဩဇာအများစုရဲ့ ဖော်မြူလာဟာ CAN လို့ အလွယ်ခေါ်နိုင်ပါတယ်။ သူ့မှာ ကယ်လ်ဆီယမ်အောက်ဆိုဒ် Calcium oxide (CaO) ၊ အမိုးနီးယား Ammonia (NH 4)နဲ့ နိုက်ထရိတ် Nitrate ( NO ³)တို့ အချိုးအစားမျှတစွာ ပါဝင်ကြပါတယ်။ အဲ့ CAN နဲ့ ရောထားတဲ့ NS ဓာတ်မြေဩဇာတွေက သာမန်နိုက်ထရိုဂျင် မြေဩဇာများထက် ပိုပြီးအကျိုးပြုပါတယ်။ များသောအားဖြင့် ဆာလဖာနဲ့ ပူးတွဲပြီးထုတ်လုပ်တဲ့ မြေဩဇာရဲ့ အချိုးဟာ NS - ၄ : ၁ ပါ၀င်တတ်ပါတယ်။ သီးနှံတစ်မျိုးရဲ့ ကြီးထွားမှုဟာ NPK ဖြစ်ပေမယ့် နှံစားသီးနှံဖြစ်တဲ့ စပါး၊ အမြစ်နဲ့ ဥစားသီးနှံများဖြစ်တဲ့ ၀ဥ၊ အာလူး စတဲ့သီးနှံများနဲ့ Upland crop လို့ခေါ်တဲ့ ယာသီးနှံတော်တော်များများရဲ့မြေမှာ ဆာလဖာလိုအပ်ပါတယ်။ ဆာလဖာရောနှော မြေဩဇာကို သီးနှံမစိုက်ပျိုးမီမှာ မြေခံအဖြစ် အသုံးပြုနိုင်ပြီးတော့ ပန်းစပွင့်ချိန်မှာလည်း ဖြည့်စွက်အဟာရအဖြစ် ကျွေးနိုင်ပါတယ်။ ဆာလဖာဟာ အက်ဆစ်ဆန်တဲ့မြေမှာတောင် မြေဆီရဲ့ အဟာရစုပ်ယူနိုင်စွမ်းကို အားပေးနိုင်ပါတယ်။ အကျိုးပြုအဏုဇီ၀ပိုးများရဲ့ လုပ်ငန်းများကိုလည်း အားပေးတဲ့အတွက် မြေခံထည့်မယ့်မြေဩဇာဟာ ကွန်ပေါင်းပြီးရင် ဒုတိယအကောင်းဆုံး မြေဩဇာဖြစ်ပါတယ်။ သူ့ချည်းပဲ ကျွေးတာမဟုတ်ပဲ နိုက်ထရိုဂျင်နဲ့တွဲထားတဲ့ ဆာလဖာမြေဩဇာဟာ ပိုမိုထိရောက်တာကို တွေ့နိုင်ပါတယ်။ အမိုနီယမ်ဆာလဖိတ် ဖော်မြူလာပါတဲ့ မြေဩဇာမှာတော့ ဆာလဖာ ၂၄ % အထိ ပါ၀င်တတ်ပြီး ရွံ့စေးနုံးမြေမှာ ပိုမိုသင့်တော်ပါတယ်။ ဂျစ်ပဆန်မြေဩဇာမှာတော့ ဆာလဖာ ၁၅-၁၈ %ပါ၀င်တတ်ပြီး မွတဲ့မြေအမျိုးအစားမှာသုံးဖို့ ပိုမိုသင့်တော်ပါတယ်။ တီစူပါမဟုတ်တဲ့ သာမန် စူပါဖော့စဖိတ်မှာတော့ ဆာလဖာက ၁၁ % ပါဝင်လျှက်ရှိပါတယ်။ ဆာလဖာချို့တဲ့ရင် အရွက်တွေဝါပြီး သေးသေးနုပ်နုပ်နဲ့ ဖွံ့ဖြိုးမှုနှေးကွေးတဲ့ လက္ခဏာတွေ အဓိကဖြစ်ပေါ်စေပါတယ်။ ကိုပြည့်ဖြိုးသော်ရဲ့ "ဆာလဖာပါဝင်တဲ့မြေဩဇာတွေကပိုအကျိုးရှိပါတယ်" ဆိုတဲ့ဆောင်းပါးထဲကနေ ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
ဆက်စပ်မေးခွန်းများ
မင်္ဂလာပါဗျာ တစ်ခုလောက်မသိသေးလို့မေးချင်ပါတယ် စပါးအတွက်sulphurဘယ်လောက်ထည့်ဖို့လိုအပ်ပါလဲခင်ဗျ pHက5-5.5ပဲရှိ...
ဖြေကြားချက် 2 ခု
စပါးကြဲခင်း ပေါင်းသတ်ဆေးဖြန်းတာ စပါး ပင်အဖျားတွေပါ ဝါနေလို့ ပုလဲ ပက်လို့အဆင်ပြေမလားဗျ
ဖြေကြားချက် 4 ခု
နိုက်ထရိုဂျင်မြေသြဇာကို sulphur ကန်မူန့်နှင့်ရောပီးစပါးပင်ကျွေးလို့ရလားသိချင်ပါတယ် ရောကျွေးလို့ရရင်လဲအချိူးး...
ဖြေကြားချက် 1 ခု
စပါးပင်အတွက် ပိုတက် နဲ့ ဆာလဖာတို့ကဘယ်နေရာတွေမှာသုံးရပါသလဲ ဘယ်အချိန်တွေမှာသုံးသင့်ပါသလည်းခဗျာ
ဖြေကြားချက် 2 ခု
စပါးရက် 60 သား ဘာဖြစ်တာလဲ ဗျာ
ဖြေကြားချက် 1 ခု