အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အောင်ညီညီထွန်း
လွန်ခဲ့သော ၆ နှစ် က · မင်္ဂလာဒုံ

သပြေဘူတ မျိုးစေ့ ကို ဘယ်လို ပျိုးရမလဲဗျ။ ရန်ကုန်မှာ စိုက်လို့ သင့်တော်ပါသလားခင်ဗျာ။

စိုက်ပျိုးနည်း သပြေ
5

ဖြေကြားချက် ၅ ခု

အမည်မသိ
အမည်မသိ 116 လွန်ခဲ့သော ၆ နှစ် က

ok

အိစက်ဝေ
အိစက်ဝေ 68,534 လွန်ခဲ့သော ၆ နှစ် က

အညိုရောင်ပြောင်းပြီး အက်ကွဲခါစဖြစ်နေတဲ့ အသီးတောင့်ထဲက အစေ့ကိုထုတ်ယူပါ။ ပန်းအိုး ဒါမှမဟုတ် ပလက်စတစ်အိတ်ထဲကို မြေဆွေးမြေဩဇာထည့်ပြီး အစေ့ကို တစ်လက်မအနက်‌လောက်မှာ ထည့်ပြီး စိုက်ပါ။ ‌အစေ့စိုက်ထားတဲ့ အိတ်(သို့)အိုးကို နေရောင်ခြည်ရတဲ့ အခန်းတွင်းတနေရာမှာထား‌ပါ။ အစေ့စိုက်ထားတဲ့ မြေကြီးကို အစိုဓာတ်အမြဲရှိနေဖို့ကိုလည်း ဂရုစိုက်ပေးပါ။ အပင်ပေါက်ကလေးက အရွက်တစ်ရွက်လောက်စထွက်လာပြီဆိုရင် အိုးအကြီးတစ်ခုထဲကို ပြောင်းပေးပါ။ အပင်ပေါက် ၁၈လက်မ လောက်အမြင့်ရှိလာပြီဆိုရင်တော့ အပြင်ကို ပြောင်းရွှေ့စိုက်လို့ရပါပြီ။ အပြင်ကိုပြောင်း‌စိုက်လိုက်တဲ့ အပင်နေရာဟာ နေရောင်ခြည်ရရှိပြီး ရေနုတ်အားကောင်းရပါမယ်။ အပင်ငယ်တွေကို ပထမနှစ်လမှာ တစ်ပတ်နှစ်ကြိမ်ရေလောင်ပေးရပါမယ်။ နောက်ပိုင်းမှာ တော့တစ်ပတ်တစ်ကြိမ်လောင်းပေးရင်ရပါတယ်။ အပင်အသက်တစ်နှစ်လောက်ရှိလာရင်တော့ ရေကိုနှစ်ပတ်တစ်ကြိမ်လောက်ပဲ လောင်းပေးရင်ရပါတယ်။ အပင်တော်တော်ကြီးလာပြီဆိုရင်တော့ ခြောက်သွေ့တဲ့ရာသီမှာပဲ ရေပေးရပါမယ်။ မြေဩဇာကိုတော့ အပင်စိုက်ပြီး ၄ပတ်ကနေ ၆ပတ်ရောက်တဲ့အခါမှာ NPK 12:6:8 နှုန်းကျွေးပေးပါ။ အပင်စိုက်ရင်ရေမဝပ်စေရပါဘူး၊ ကြီးထွားနှုံး နှေးကွေးတဲ့အပင်ဖြစ်ပါတယ်။ အပင်ကြီးမျိုးဖြစ်ပြီး ၂၅ ပေ ခန့်မြင့်ပါတယ်။ အပူပိုင်းဒေသပေါက်ပင်ဖြစ်ပါတယ်။ တပေပူတ လို့လည်းခေါ်ကြပါတယ်။ သပြေဘူတအပင် ပျိုးတဲ့အကြောင်းကို စာထဲမှာရှာပြီး အဆင်ပြေသလို ဘာသာပြန်ပေးထားတာပါရှင့်။ အဆင်ပြေပါစေ။

အောင်ညီညီထွန်း
အောင်ညီညီထွန်း 348 လွန်ခဲ့သော ၆ နှစ် က

ဟုတျကဲ့

Shenbon Agrosciences Co.,Ltd
Shenbon Agrosciences Co.,Ltd 754 လွန်ခဲ့သော ၆ နှစ် က
Shenbon Agrosciences Co.,Ltd
Shenbon Agrosciences Co.,Ltd 754 လွန်ခဲ့သော ၆ နှစ် က

Hi

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။