ရေစုပ်စက်နှင့်ပိုက်လုံးများကိုအသုံးပြုပြီး ရေသွင်းရာမှာရှိရမယ့် အနေအထား
စက်ဖြင့် ရေစုပ်တင်ရာ၌ ရေစုပ်စက်နှင့်ပိုက်များအား မှန်ကန်သောအနေအထားတွင် တပ်ဆင်အသုံးပြုရန် လိုအပ်ပါသည်။ ရေစုပ်စက်များကို စုပ်ယူမည့်ရေမျက်နှာပြင်နှင့် နီးကပ်စွာထားလျှင် ရေစုပ်ခြင်းနှင့် ရေထုတ်ခြင်းကို ပိုမိုကောင်းမွန်စေသည်။ ရေစုပ်စက်ကိုရှေ့နောက် ဘယ်ညာမစောင်းစေဘဲ ညီညာသောအနေအထားဖြင့် ချထားရမည်။ ယင်းသို့ချထားပြီးနောက် စက်နှိုးသောအခါ လှုပ်ရှား၊ ရွေ့လျားမသွားစေရန် ငုတ်များဖြင့် လိုအပ်သလို ရိုက်စွဲထားရပါသည်။ မညီညာဘဲ တဖက်စောင်းနေခဲ့ပါက အင်ဂျင်အတွင်းရှိ စက်ဆီများကောင်းစွာ မလည်ပတ်သဖြင့် အင်ဂျင်အစိတ်အပိုင်းများလျှင်မြန်စွာ ပွန်းစားပြီး ပျက်စီးတတ်သည်။ ရေစုပ်ပိုက်သည် ကောက်ကွေးနေလျှင် ဖြစ်စေ တစ်နေရာရာတွင် ရေစုပ်စက်ထက်ပို၍မြင့်နေလျှင်ဖြစ်စေ ပိုက်အတွင်း၌ လေခိုနေတတ်သဖြင့် ရေစုပ်စက်စွမ်းအားလျော့နည်းစေသည်။
ရေထုတ်ပိုက်၏ အနေအထားမှာ မှန်ကန်ရန်လိုအပ်ပါသည်။ ရေထုတ်ပိုက်သည် ရေစုပ်စက်မှ ရေထုတ်ပေးသည့်နေရာအထိ တဖြည်းဖြည်းမြင့်၍ သွားခြင်း သို့မဟုတ် နိမ့်၍သွားခြင်းသည် အကောင်းဆုံးဖြစ်သည်။ မြေမျက်နှာပြင်အနေအထား အနိမ့်အမြင့် အနည်းငယ်ရှိပါက ရေထုတ်စွမ်းအားကို မထိခိုက်နိုင်ပါ။ အချို့နေရာများတွင် အလွန်မြင့်သော အနေအထားမှ အလွန်နိမ့်သော အနေအထားသို့ပြောင်းသွားပါက ပိုက်ထဲတွင် လေခိုနေတတ်သဖြင့် ရေအထွက်လျော့နည်းစေသည်။
#Crd ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဦးဇော်နိုင်ဌေး
လွန်ခဲ့သော ၂ နှစ် ကနွေလယ် တစ်ဧကအတွက် စိုက်ပျိုးရေ လိုအပ်ချက်လေးခန့်မှန်းသိလို့ရမလားခင်ဗျ။
ဆက်စပ်မေးခွန်းများ
ကွမ်းစိုက်ထားတာလသားအရွယ်မှာပဲသေနေတာ ၃လသားရှိပြီ ပင်ခြေနားကနေအဖြူလေးတွေအလုံးတွေကပ်နေပြီးအမြစ်ပုတ်သေနေတာ ဘာလုပ်ရမလဲဗျာ
JohnSaw • ဖြေကြားချက် 3 ခု
"မင်္ဂလာပါ" ကျွန်တော်ကကွမ်းပင်အညွန့်ဖြတ်ရောင်းတဲ့ခြံရှင်ပါ ကွမ်းပင်ဖြတ်တာ အကြိမ်ရေများတော့ အညွန့်နည်းနည်းသေးသွားတယ် အဲ့တာကြောင့် အပင်ပြန်ကြီးလာအောင် ဆော်တာ ကျွေးလို့ရလားဗျ
Kyaw Aye • ဖြေကြားချက် 3 ခု
ဆရာကြီးဦးသိန်းစုရဲ့စာအုပ် linkရနိင်မလးဆရာ
U Than Toe Aung • ဖြေကြားချက် 3 ခု
ဆရာတို့ခင်ဗျားပျိုးပင်များနှုပ်ရလွယ်ကူအောင်မနှုပ်ခင်ဘယ်လိုဆောင်ရမလဲဖြေပေးပါဦးဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
ဆရာတို့ရေ စပါးယူဖရာ ဖစ်နေလို့ ကျန်ခဲ့တဲ့၁၅ရက်က ကာဘိုဆာဖန် 3gပတ် ထားတာလည်း မတန့်လို့ ဘာဆေးသုံးရမလည်း အကြံပေးပါအုံး
ko zaw • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026