အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဝဥမှ..........ဝတုံ

ဝဥမှ..........ဝတုံ

Thet Htar Zin
Thet Htar Zin • 02/09/2020

လိုအပ်သောပစ္စည်းများ

ဝဥ (၁)ပိဿာ

ရေ

ဇလုံအကြီး 

လင်ဗန်း

ထုံး(မဖောက်ထုံး)

ပြုလုပ်နည်း 

ဝဥကနေ ပြုလုပ်ထားတဲ့ ဝတုံပြုလုပ်နည်းအကြောင်းကို မျှဝေပေးပါမယ်။

- ပထမဆုံးဦးစွာ အသုံးပြုမည့် ဝဥများတွင် ကပ်ပါလာတဲ့ အမှိုက်သရိုတ်နှင့် မြေစများကို ပြောင်စင်အောင် ရေဖြင့် (၅-၆)ကြိမ် ဆေးကြောပါ။ 

- ရေနှင့်ဆေးကြောပြီးနောက် ရရှိလာသော ဝဥအသန့်များကို ကျက်သည်အထိ ပြုတ်ပါ။

- ပြုတ်ပြီးသားဝဥများကို ထောင်းရပါမည်။ စာရေးသူတို့ဒေသမှာတော့ ဆုံ( လက်ဖြင့်ထောင်းရသော မောင်းထောင်းဆုံရှည်)ကို အသုံးပြု၍ ထောင်းကြသည်က များပါသည်။ ကြိတ်စက်(သို့) မွှေစက်ကို အသုံးပြုနိုင်ပါသည်။

- ထောင်း၍ ရရှိလာသော ဝဥအဖတ်ကို ဇလုံအကြီးထဲသို့ ထည့်ပါ။ 

-  ဝဥအဖတ်ထည့်ထားသော ဇလုံထဲကို ရေနွေး(ကြက်သီးမွှေးညင်း) (၂) လီတာခန့် လောင်းထည့်ပါ။ ထို့နောက် ဝဥအဖတ်နှင့် ရေနွေးရေကို သမအောင် ရောမွှေပေးပါ။ 

- ထို့နောက် ထုံးရည် (ရေနှင့်ရောထားသော ထုံးရည်)အကြည်ကို ဝဥအဖတ်များနှင့် ထပ်မံ ရောနယ်ပေးပါ။  ဝဥ (၁)ပိဿာတွင် အသင့်စားထုံးဗူး (၁၀၀ တန်) - ဗူးဝက်ကို ရေနှင့်ရော၍ အသုံးပြုနိုင်သည်။ မဖောက်ထုံးကို အသုံးပြုလျှင် ပိုသင့်တော်ပါသည်။

- ထုံးရည်နှင့် ဝဥအဖတ်ကို သမအောင် ရောနယ်ပါ။ ထို့နောက် ထုံးရည်နင့် ဝဥအရောကို လင်ဗန်းထဲသို့ထည့်၍ အအေးခံပါ။

- အေးခဲသွားပြီဆိုပါက ဝတုံကို ရရှိပြီး ဖြစ်ပါသည်။

ဝတုံကို ရရှိပြီဆိုပါက မိမိအလိုရှိသော အရွယ်အစားပေါ်မူတည်၍ ဝတုံကို လှီးထုတ်နိုင်ပြီး ၎င်းဝတုံကို အကြော်၊ အသုပ်၊ အချက် စသည်ဖြင့် မိမိနှစ်သက်ရာပုံစံဖြင့် ဟင်းခတ်အမွှေးအကြိုင်များကိုသင့်သလို အသုံးပြု၍ သုံးဆောင်နိုင်ပါသည်။ 

ဝတုံပြုလုပ်နည်းဆောင်းပါးကို KMSS အဖွဲ့မှ ကူညီပံ့ပိုးထားပါသည်။

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

4
မျိုးလှိုင်

မျိုးလှိုင်

လွန်ခဲ့သော ၁၀ လ က

လုပ်ကြည့်တာယားလို့အဲဒါဘာကြောင့်လဲ

ဦညီညီ

ဦညီညီ

လွန်ခဲ့သော ၃ နှစ် က

ကျေးဇူးပါ

မောင်စိုးအောင်

မောင်စိုးအောင်

လွန်ခဲ့သော ၅ နှစ် က

ထုံးကိုရေဘယ်လောက်နဲ့ဖျော်ရမာလဲဗျ

J R Koaunglay

J R Koaunglay

လွန်ခဲ့သော ၆ နှစ် က

ဝဥခေါက်ဆွဲလုပ်နည်း၊ဝဥကြာဇံလုပ်နည်းနှင့် ဝဥဂျယ်လီလုပ်နည်းတို့ကိုလည်းနည်းတို့ကိုလည်းတင်ပေးပါဦးဗျ

You

ဆက်စပ်မေးခွန်းများ

မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်

wai wai oo • ဖြေကြားချက် 2 ခု

ပဲကြီးလှောင်ရင်ဘာဆေးတေအုပ်ရလည်းသိချင်လို့ပါ

ပုတူး • ဖြေကြားချက် 1 ခု

မိုးစပါး စဉ့်သုခ တင်း100ကို ပေါက်ဈေးဘယ်လောက်ရှိလဲ ဧရာဝတီတိုင်း ကျောင်းကုန်းပါ

ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု

ရခိုင်ပြည်ထဲက ကွမ်းစိုက်ပျိုး ရောင်းဝယ်နေကြတဲ့ ညီကိုတွေနဲ့ဆက်သွယ်ချင်ပါတယ်

Bonaparte Kyawhtay • ဖြေကြားချက် 1 ခု

အိမ်တွင်းဖြစ်ဘိုကာရှီသုံးနည်းကိုရှင်းပြပေးပါ

မောင်ရဲသူအောင် • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။