သရက် အစိမ်းသနပ်
ပါဝင်ပစ္စည်းများ
သရက်သီးအစိမ်း (၅)လုံး / ၈၅၀ ဂရမ်
ဆား (၄၀) ဂရမ်/ ၂.၅ ကျပ်သား
ပဲနံ့သာစေ့ (လှော်ပြီး) ၈ ဂရမ် / ဝ.၅ ကျပ်သားခန့်
မုန်ညှင်းစေ့ (လှော်ပြီး) ၂၀ ဂရမ် / ၁.၂၅ ကျပ်သား
သနပ်မဆလာ (၄၀) ဂရမ်/ ၂.၅ ကျပ်သား
ငြုတ်သီးမှုန့် (၄၀) ဂရမ်/ ၂.၅ ကျပ်သား
ဆီ ၂၅၀ ဂရမ် / ၁၅ကျပ်သားခန့်
နနွင်း အနည်းငယ်
ချင်း (၄၀) ဂရမ် / ၂.၅ ကျပ်သား
ကြက်သွန်ဖြူ ၈၅ ဂရမ် / ၅ ကျပ်သားခန့်
ပြုလုပ်ပုံအဆင့်ဆင့်
- သရက်သီးအစိမ်းများကို သင့်တော်သလို စိတ်ကြိုက်ပုံစံ အတုံးလေးများတုံးပါ။ ရေအေးအေးဖြင့် (၁၅) မိနစ် ခန့် စိမ်ပါ။
- ထို့နောက် သရက်သီးများကို ဆယ်၍ ရေစစ်ထားပါ။ ဆားလူးနယ်၍ တစ်ညအိပ်ထားပါ။ နောက်နေ့တွင် နေလှမ်း၍ တစ်ည ပြန်စိမ်ပါ။
- ပဲနံသာစေ့၊ မုန်ညှင်းစေ့များကို သီးခြာစီ ရေဆေး၍ နေလှန်းပါ။ လှော်ထားပါ။ မညက်တညက် ထောင်းထားပါ။
- သရက်သီးများနှင့် ပဲနံသာစေ့၊ မုန်ညှင်းစေ့ထောင်းများကို ရောနယ်ပါ။
- မဆလာ တစ်ဝက်နှင့် ငရုတ်သီးမှုန့် တစ်ဝက်တို့ကိုပါ ရောနယ်၍ သန့်စင်သောအိုးတွင် ထပ်၍ နှပ်ထားပါ။
- ဆီပူတွင် နနွင်းထည့်ပါ ချင်း၊ မဆလာနှင့် ငရုတ်သီး လက်ကျန်များကို ထည့်၍ မွှေပါ။ နှပ်ထားသော သရက်သီးများ ထည့်မွှေပါ။ သရက်သီးသနပ်ကို အအေးခံထားပါ။ အေးလျှင် ပုလင်း/ ဘူးသို့ ထည့်ပြီး ကြက်သွန်ဖြူများ ဖြူးထည့်ပါ။ ဆီလက်ကျန်များကို အကုန်ထည့်၍ ဆီမြုပ်အောင်ထားပါ ။
Aung Zaw Htay
လွန်ခဲ့သော ၂ နှစ် ကပုံလေး ယူသုံးခွင့် ရလားခဗျ
Ko Bo Bo
လွန်ခဲ့သော ၅ နှစ် ကစိုက်ပျိုးရေးနည်းပညာအောက်က တန်ဖိုးမြှင့်ထုတ်ကုန် ကဏ္ဍမှာ သွားဖတ်
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကအခြားနည်းရှိရင်လဲပို့ပါအုံး
ဆက်စပ်မေးခွန်းများ
မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်
wai wai oo • ဖြေကြားချက် 2 ခု
ပဲကြီးလှောင်ရင်ဘာဆေးတေအုပ်ရလည်းသိချင်လို့ပါ
ပုတူး • ဖြေကြားချက် 1 ခု
မိုးစပါး စဉ့်သုခ တင်း100ကို ပေါက်ဈေးဘယ်လောက်ရှိလဲ ဧရာဝတီတိုင်း ကျောင်းကုန်းပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
ရခိုင်ပြည်ထဲက ကွမ်းစိုက်ပျိုး ရောင်းဝယ်နေကြတဲ့ ညီကိုတွေနဲ့ဆက်သွယ်ချင်ပါတယ်
Bonaparte Kyawhtay • ဖြေကြားချက် 1 ခု
အိမ်တွင်းဖြစ်ဘိုကာရှီသုံးနည်းကိုရှင်းပြပေးပါ
မောင်ရဲသူအောင် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ဒေါ်သက်သက်နွယ်
အားလုံး