မွေးစဆိတ်ငယ်အားအစာကျွေးမှုနှုန်းထားများ
မွေးစဆိတ်ငယ်တွေအတွက် နို့ဦးရည်က အရေးကြီးဆုံးအစာပဲဖြစ်ပါတယ်။ နို့ဦးရည်ဆိုတာ မိခင်ဆိတ်မကြီးက ပထမဦးဆုံးထုတ်ပေးတဲ့ နို့ဖြစ်ပြီး ခပ်ပျစ်ပျစ် အဝါဖျော့ရောင်ရှိပါတယ်။ ရောဂါမဝင်ရောက်နိုင်စေရန် ကာကွယ်ပေးတဲ့ ပဋိပစ္စည်းတွေ ကြွယ်ဝစွာပါဝင်ပြီးတော့ မွေးစဆိတ်ငယ်က မွေးဖွားပြီး ၁ နာရီအတွင်းနို့ဦးရည် သောက်ရပါမယ်။ နို့ဦးရည်မြန်မြန်သောက်လေ ပဋိဇီဝပစ္စည်းများများစုပ်ယူနိုင်လေဖြစ်ပါတယ်။

ဆိတ်ငယ်လေးတွေကို အစာကျွေးရမယ့်နှုန်းထားတွေကတော့
ပထမပတ်- ဆိတ်ငယ်အားမိခင်နဲ့အတူထားကိုထားရပါမယ်။
ဒုတိယပတ်- ဆိတ်ငယ်ကို မိခင်နဲ့ခွဲ၍ နို့ဘူးနဲ့ နို့တိုက်ကျွေးရပါမယ်။ နေ့စဉ်နို့လီတာဝက်ခန့်အား ၃ကြိမ်ခွဲ၍ တိုက်ရပါမယ်။
၃ပတ်မှ၄ပတ်သားအထိ- နို့ ၂လီတာကို ၃ကြိမ်ခွဲတိုက်ရန်နဲ့ မြက်ခြောက်၊အသားနဲ့ ရေတို့ကို ဖြည့်စွက်ကျွေးမွေးရပါမယ်။
၅ပတ်မှ၆ပတ်သားအထိ- နို့ ၂-၂.၅ လီတာကို ၃ကြိမ်ခွဲတိုက်ရန်၊ ဖြည့်စွက်စာနဲ့ မြက်ခြောက်တို့ကိုပါ ကျွေးမွေးပေးရန်လိုအပ်ပါတယ်။
၇ပတ်သား- နို့တိုက်ကျွေးမှုကို ၂ကြိမ်ထိလျှော့ချပစ်ရပါမယ်။
၈ပတ်မှ၉ပတ်သားထိ-နို့တိုက်ကျွေးမှုကို ၂ကြိမ်ထိပင်လျှော့ချပေးရပါတယ်။
၉ပတ်မှ၁၂ပတ်သားထိ- တစ်နေ့လျှင် တစ်ကြိမ်သာနို့တိုက်ရမှဖြစ်ပြီးတော့ သားခွဲပေးဖို့လည်း လိုအပ်ပါတယ်။
အကယ်၍ သားမခွဲပဲ ဆိတ်မကြီးကို ခြံထဲမှာ ကလေးနဲ့အတူထားပါက ဆိတ်ငယ်အတွက် အစာလိုအပ်လာပါလိမ့်မယ်။ ခြံစည်းရိုးအတွင်း ဆိတ်ငယ်လေးများသာ ဖြတ်သန်းသွားနိုင်တဲ့ အစာ၊ ရေနဲ့ အစာစိမ်းတွေကို စားနိုင်တဲ့ နေရာတစ်ခုပြုလုပ်ပေးထားရပါမယ်။ ဆိတ်ငယ် ၃လသားအရွယ်သားခွဲချိန်မှာ အလေးချိန် (၁၅) ကီလိုဂရမ် ရှိသင့်ပါတယ်။
Ref; စိုက်ပျိုးပညာပေးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ထုတ်ဝေသော ခေတ်မီမွေးမြူရေး နည်းပညာများစာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
aung
လွန်ခဲ့သော ၃ နှစ် ကမျက်လုံးမှာ အဖြူဖုံးနေတာ ဘာလုပ်ရမလဲခင်ဗျာ
myo
လွန်ခဲ့သော ၄ နှစ် ကခဝဲ
ying bawm
လွန်ခဲ့သော ၄ နှစ် ကဆိတ်ကလေးမွှေးနည်း
ဆက်စပ်ဆောင်းပါးများ
မွေးဝက်ငယ်လေးများကို ပြုစုစောင့်ရှောက်နည်း
မွေးစနှင့် မိခင်မဲ့ဆိတ်ငယ်ကလေးများအား ပြုစုစောင့်ရှောက်နည်း
နွားငယ်လေးတစ်သက်တာ အရေးပါတဲ့ နို့ဦးရည် စနစ်တကျ တိုက်ကျွေးနည်း (၁,၂,၃ နိယာမ)
ဆက်စပ်မေးခွန်းများ
ဝက်မကကြီးတွေအဖြစ်များနေတယ်အစာမစားဘူးဘာရောဂါလဲးဘယ်လိုကာကွယ်ရမလဲး
ကိုနိုင်လင်း • ဖြေကြားချက် 0 ခု
ကြက်ချေးစိမ်းပါပြီးသေလို့..ဘာဆေးတိုက်ရမလဲခင်ဗျ...ဘယ်လိုကုသရမလဲခင်ဗျ..ဆေးရှိလား...ညွန်ကြားပေးပါ
ဦးကျော်ခိုင် • ဖြေကြားချက် 0 ခု
ကြက်ကို အဟာရာရှိအောင် ကြီးအောင် ဘယ်လိုမွေးရမှလဲ ရောဂါကင်းအောင်
Zin Min Wai • ဖြေကြားချက် 1 ခု
ကျနော် နွားလေး မြွေကိုက် ခံရလို့ ဘယ်လိုလုပ်ရမလဲ ခဗျာ့ အကြံပေးပါဦး။ အဆင်ပြေရင် ဖုန်းဆက်ပြောပေးပါလာ။ ၀၉၆၉၁၀၇၃၅၂၂
စောထီးကော်မူး • ဖြေကြားချက် 4 ခု
ကြက်မှာ သွေးစုတ်တဲ့သန်း တွေ့ လို့ပါ ခေါင်းမှာအများဆုံးတွေ့တယ် ဘယ်လိုကုသရမလဲ
michael • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026