တီလားပီးယားငါးဥစုဆောင်းခြင်းနည်းလမ်းများ
တီလားပီးယားမျိုးငါး အထီး၊ အမများကို ပြုစုမွေးမြူမယ့် ဟာပါထဲသို့ အထီး၁ကောင်နဲ့ အမ (၁.၅-၂) ကောင်နှုန်းထည့်သွင်း ရပါမယ်။ ပုံမှန်အားဖြင့် ပြုစုမွေးမြူမယ့် ဟာပါထဲကို မျိုးငါး အထီး၊ အမကို အတူထည့်သွင်းပြီးချိန်မှ တီလားပီးယားစတင် သားပေါက်တဲ့ အချိန်ထိ ၂ပတ်ကြာအချိန်ယူပါတယ်။
သဘာဝမှာ ဥချထားတဲ့ငါးတွေကို စုဆောင်းခြင်းနဲ့ သားဖောက်ခြင်းကို ငါးမကြီးရဲ့ ပါးစပ်ထဲမှာ ပြုလုပ်ပြီး ငါးမှုန်တွေကို ကောင်းမွန်စွာ ကူးခတ်သွားလာနိုင်တဲ့ အချိန်မတိုင်မီအထိ ငါးသားလောင်းတွေကို ပါးစပ်ထဲမှာ ပြုစုမွေးမြူပါတယ်။

တီလားပီးယားငါးဥစုဆောင်းခြင်းနည်းလမ်းများ
တီလားပီးယား ငါးဥတွေကို မျိုးငါးအမတွေရဲ့ ပါးစပ်ထဲမှာ ၅ရက်၁ကြိမ်စုဆောင်းရပြီး မျိုးငါးမဥချိန်မှစပြီး သန္ဓေသားဖွံ့ဖြိုးချိန်ကို အောက်ပါအတိုင်း ၄ဆင့်ခွဲခြားရပါမယ်။
အဆင့်(၁) ဥတွေက မျက်လုံးမပေါ်သေးပါ။ အဖြူရောင် (သို့မဟုတ်) အဝါရောင်ရှိပါတယ်။

အဆင့်(၂) မျက်လုံးစပေါက်ပြီး ဥတွေက အရောင့်ရင့်လာပါတယ်။

အဆင့်(၃) ဥတွေက အရောင်ပိုရင့်လာပြီး မျက်စိနဲ့ အမြီးထင်ရှားလာပါတယ်။ အချို့ဥတွေက ဥနှစ်မှ စတင်ပေါက်ပွားနေပြီ ဖြစ်ပါတယ်။

အဆင့်(၄) ဥနှစ်နဲ့ ငါးသားပေါက်လောင်း တွဲနေတာကို မြင်ရမှာပဲဖြစ်ပါတယ်။

ယခင်ဥပေါက်ခြင်းမှ ကျန်ရှိနေခဲ့သော ရေတွင်စကူးခတ်နေပြီဖြစ်တဲ့ ငါးမှုန်တွေကျန်ရှိနေနိုင်ပါတယ်။ မည်သည့်ငါးမှုန်မဆို ဥနဲ့တွဲလျက်မရှိတော့ပါက လိင်ပြောင်းလဲမှု ပြုလုပ်ရန်အတွက် မသင့်တော်ပါ။ ၎င်းတို့ရဲ့ အသက်ရက်ကို မသိနိုင်တာကြောင့် ဖြစ်ပါတယ်။
တီလားပီးယားစတင် ဥလျှင် မျိုးငါးတွေကို ၅ရက်တစ်ခါ စစ်ဆေးရန်လိုအပ်ပါတယ်။ မျိုးငါးအမတွေရဲ့ ပါးစပ်အတွင်း ငါးဥတွေရှိနေပါက ဥကောက်ရပါမယ်။
ယခင်ဥကောက်ခြင်းမှ ကျန်နေခဲ့တဲ့ ဥနဲ့ တွဲလျက်မရှိတဲ့ သို့မဟုတ် ထိုထက်ကြီးတဲ့ မည်သည့်ငါးသားပေါက်ကို မဆို လိင်ပြောင်းလဲရန်အတွက် အသုံးမပြုသင့်ပါ။
ငါးဥစုဆောင်းရာမှာ ထည့်သွင်းစဉ်းစားရမယ့် နည်းလမ်းများ
• ဥကောက်ရန်အတွက် အကောင်းဆုံးအချိန်က မနက်ပိုင်းဖြစ်ပါတယ်။
• ကြီးထွားမှု အဆင့်လိုက်ဥတွေကို သီးခြားစီခွဲထားရပါမယ်။
• အကယ်၍ဥကောက်ချိန်ကြာမြင့်ပါက အလှမွေးငါးကန်မှာ အသုံးပြုတဲ့ လေမုတ်စက်ကိရိယာကို ပြင်ဆင်အသုံးပြုပါ။
• ဥကောက်ချိန်မှာ ဥတွေကို သားဖောက်စခန်းရှိရာ သယ်ယူချိန်မှာ ဥတွေကို ထိခိုက်နာကျင်မှုမရှိစေရန်အတွက် လုပ်ဆောင်ရန်လိုအပ်ပါတယ်။
• အပူချိန်မြင့်တက်မှုရှိပါက အပူချိန်လွန်ကဲမှုကို လျှော့ချရန် အရိပ်လုပ်ပေးရန်လိုအပ်ပါတယ်။( အပူလွန်ကဲမှုကြောင့် ဖြစ်နိုင်တဲ့ ထိခိုက်မှု)
Ref: တီလားပီးယားငါးသားဖောက်ခြင်းနှင့် သားပေါက်အဖိုများ ထုတ်လုပ်ခြင်းစာအုပ်မှကောက်နုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မောင်နေတို
လွန်ခဲ့သော ၄ နှစ် ကငါးသားပေါက်ဝယ်လို့ရလား
ဆက်စပ်မေးခွန်းများ
လွတ်ကျောင်းဝက်မွေးမြူနည်းအကြောင်းဆွေးနွေးပေးပါ..မိတ်ဆွေတို့
latdan aung • ဖြေကြားချက် 2 ခု
ဥစားကြက်စမွေးမယ်ဆိုဘာတေလိုအပ်လဲ
Ar Ker Ar Kar • ဖြေကြားချက် 1 ခု
ကြက်မွေးမြူရေး အကြောင်း သိချင်ပါတယ် ခုမှ စမွေး မှာ မလို့ပါ
မောင်သား • ဖြေကြားချက် 2 ခု
ကြက်နာ ရင် ဘယ်လို ကုသပေးရပါသလဲ
မောင်သား • ဖြေကြားချက် 2 ခု
ဝက်၃လခံဆေး ဘယ်ချိန်မှာထိုးရမှာလဲ
Sai Kham • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....