“ဝက်မျိုးကောင်းမျိုးသန့် ရွေးချယ်နည်း”
ဝက်မွေးမြူရေးအောင်မြင်စေဖို့ဆိုရင် ဝက်မွေးမြူသူများမှာ မျိုးကောင်းမျိုးသန့်ဝက်များကို ရွေးချယ်ဝယ်ယူတတ်ဖို့လည်း အရေးကြီးလှပါတယ်။ မျိုးကောင်းမျိုးသန့်ဝက်များ ရွေးချယ်ရာမှာ -

(၁) အသားတိုးဝက် ရွေးချယ်ခြင်း၊
(၂) မျိုးဝက်မ ရွေးချယ်ခြင်း၊
(၃) မျိုးဝက်သိုး ရွေးချယ်ခြင်းဟူ၍ ရှိကြပါတယ်။
(၁)အသားတိုးဝက် ရွေးချယ်ရာတွင်-
တုတ်ခိုင်ပြီး အသားများခြင်း၊
အလျားရှည်ပြီး ဒေါင်ကောင်းခြင်း၊ တင်ပါးနှင့် ပုခုံးများတွင် အသားများပြည့်ဖြိုးခြင်း၊
- အရိုးအဆစ်ကြီးထွားသန်မာပြီး သွားလာလှုပ်ရှားမှုသွက်ခြင်း၊
ရင်အုပ်ကျယ်၍ ခန္ဓာကိုယ်ဇောက်နက်ခြင်း၊
အစာစားနှုန်း ကောင်းခြင်း၊
မျိုးရိုးရာဇဝင်ကောင်းခြင်း၊(ဥပမာ-ကြီးထွားနှုန်းကောင်းခြင်း)တို့ ရှိရပါမည်။
(၂)မျိုးဝက်မရွေးချယ်ရာတွင် -
- ဝလွန်း၊ပိန်လွန်းခြင်း မရှိဘဲ အလျားရှည်ခြင်း၊ ဗျက်ကျယ်ခြင်းနှင့် ကိုယ်ခန္ဓာပုံစံကျနပြီး ကြွက်သားများသန်မာခြင်း၊
- နို့တိုင်အရေအတွက်သည် အနည်းဆုံး(၁၂)တိုင်ရှိပြီး အကွာအဝေးတူညီခြင်း၊
- သားပေါက်နှုန်းမှာ (၁၀)ကောင်မှ(၁၂)ကောင်ရှိပြီးသားပေါက်အရွယ် တူညီခြင်း၊
- သားထိန်းကောင်းမွန်ခြင်း၊
- လိင်အင်္ဂါပိုင်းဆိုင်ရာ(အမတန်ဆာ)ကောင်းမွန်စွာဖွံ့ဖြိုးခြင်း၊
- ကိုယ်ခန္ဓာအချိုးအစားနှင့် အလေးချိန်ကြီးမားသဖြင့် ခြေထောက်များသန်မာခြင်းတို့ ရှိရပါမည်။
(၃) မျိုးဝက်သိုး ရွေးချယ်ရာတွင် -
- ပြင်ပအသွင်အပြင်များအရ ဝက်သိုးအင်္ဂါရပ်နှင့် ညီညွတ်ပြည့်စုံမှုရှိခြင်း၊
- ဝလွန်းခြင်း၊ပိန်လွန်းခြင်း မရှိဘဲ သန်မာပြီး ကြွက်သားများကျစ်လစ်မှုရှိခြင်း၊
- ပေါင်ရိုးရှည်၍ ဒူးအောက်ပိုင်းအရိုးသည် ကြီးမား၍တိုခြင်း၊
- ဖျတ်လတ်မှုရှိခြင်း၊
- စိတ်ပိုင်းဆိုင်ရာ အသွင်အပြင်များဖြစ်သည့် ယဥ်ပါးလွယ်ခြင်း၊အမိန့်နာခံခြင်း စသည့် လက္ခဏာများရှိခြင်း၊
လိင်အင်္ဂါပိုင်းဆိုင်ရာ(အထီးတန်ဆာ)ကောင်းမွန်စွာဖွံ့ဖြိုးခြင်း(ပထမဦးဆုံး သားတင်သောအသက်သည် (၈)လ ရှိရပါမည်။)
ဒီတော့ မျိုးအကောင်းဆုံးဝက်တွေကို ရွေးချယ်ဝယ်ယူနိုင်ပြီး စီးပွားဖြစ်နိုင်ကြပါစေ။
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
zawzawTun
လွန်ခဲ့သော ၂ လ ကဝက်မျိုးကောင်းမျိုးသန့်ကိုဘယ်လိုရွေးချယ်ရမလဲ
သူရအောင်
လွန်ခဲ့သော ၁ နှစ် က၂
မဝေဝေလင်း
လွန်ခဲ့သော ၂ နှစ် ကdyl pig
Daw Nyo Nyo Oo
လွန်ခဲ့သော ၃ နှစ် ကအသားသိုးဝက်ကဘယ်လိုဝက်မျိုးကိုမြွေးသင့်ပါသလဲး
Daw Nyo Nyo Oo
လွန်ခဲ့သော ၃ နှစ် ကအသားသိုးဝက်
ဆက်စပ်မေးခွန်းများ
လွတ်ကျောင်းဝက်မွေးမြူနည်းအကြောင်းဆွေးနွေးပေးပါ..မိတ်ဆွေတို့
latdan aung • ဖြေကြားချက် 2 ခု
ဥစားကြက်စမွေးမယ်ဆိုဘာတေလိုအပ်လဲ
Ar Ker Ar Kar • ဖြေကြားချက် 1 ခု
ကြက်မွေးမြူရေး အကြောင်း သိချင်ပါတယ် ခုမှ စမွေး မှာ မလို့ပါ
မောင်သား • ဖြေကြားချက် 2 ခု
ကြက်နာ ရင် ဘယ်လို ကုသပေးရပါသလဲ
မောင်သား • ဖြေကြားချက် 2 ခု
ဝက်၃လခံဆေး ဘယ်ချိန်မှာထိုးရမှာလဲ
Sai Kham • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from ဦးဇော်(dof)
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....