နို့စားနွားများအတွက် မြက်မျိုးနွယ်ဝင် စားကျက်ပင် (၂)
Setariasphacelatavarsplendida cv Splenda “Splenda Setaria”
-
Splenda Setaria (စီတေးရီးယား) မြက်သည် မြေအမျိုးစားမရွေး စိုက်ပျိုးနိုင်သော မြက်အမျိုးအစားဖြစ်သည်။
-
မြေသြဇာကောင်းမွန်သော မြေများတွင် ထုတ်လုပ်မှုမြင့်မားသည်။
-
စိုစွတ်ပြီးရေဝတ်သောဒေသများတွင်စိုက်ပျိုးနိုင်သည်။ အရိပ်ကောင်းသောနေရာများတွင် စိုက်ပျိုးရန် မသင့်တော်ပေ။
-
ခြေက်သွေ့မှုကိုခံနိုင်သော်လည်း ခြောက်သွေ့အချိန်၌ ထွက်နှုန်းကျဆင်းသည်။
-
လွယ်ကူစွာရိတ်သိမ်းနိုင်သည်။ မြက်ခြောက်ပြုလုပ်ခြင်းနှင့် ချဉ်ဖတ်ပြုလုပ် သိမ်းဆည်းနိုင်ပါသည်။
-
စိုက်ပျိုးရာတွင် အခြားမြက်မျိုးများ၊ ပဲမျိုးများ ဥပမာ- စတိုင်လို၊ ပဲပန်းပင် များနှင့် ရောနှော စိုက်ပျိုးနိုင်သည်။ ပင်ပွားစိုက်ပျိုးနိုင်သည်။
Chlorisgayanacv Callide “Rhodes grass”
-
Rhodes grass သည် မြေဆီလွှာမရွေး ပေါက်ရောက်နိုင်သည်။ သို့သော် သဲနုန်းမြေ တွင်ကောင်းစွာ ဖြစ်ထွန်းသည်။ အက်စစ်ဆန်သောမြေများတွင် ပေါက်ရောက်နိုင်သော်လည်း ထွက်နှုန်းမမြင့်မားချေ။ ဆားဆန်သောမြေတွင် စိုက်ပျိုးနိုင်သည်။
-
စိုစွတ်သောဒေသတွင် ဖြစ်ထွန်းမှု နည်းပါးသည်။ မိုးရေချိန် (၇၀၀) မီလီမီ တာ အောက်နှင့် ကြာရှည်ခြောက်သွေ့မှုကို ခံနိုင်စွမ်းရှိသည်။
-
ရေရရှိနိုင်သောဒေသများ၌ စိုက်ပျိုးလျှင် ထွက်နှုန်းကောင်းသည်။ လွှတ် ကျောင်းစားကျက် စိုက်ပျိုးခြင်းအတွက် အထူးကောင်းမွန်ပြီး ပေါင်းမြက် များကို လွှမ်းမိုး နိုင်သည်။ မြေလျှောက် အဆစ်ကျ ပြန့်ပွားနိုင်သည်။
-
အရိပ်ရအပင်များအောက်တွင် စိုက်ပျိုးရန်မသင့်တော်ပေ။ ကျွဲ၊ နွားများလွှတ် ကျောင်းခြင်း၊ ရိတ်သိမ်းသယ်ယူခြင်းများ ပုံမှန်ပြုလုပ်ရန် လိုအပ် သည်။ ရိတ်သိမ်းချိန် နောက်ကျလျှင် အာဟာရတန်ဖိုး ဆုံးရှုံးမှု မြန်သည်
စားကျက်ပင်များတွင် အာဟာရချို့တဲ့သည့် လက္ခဏာများ








Source - မြန်မာ-နယူးဇီလန် ကောင်းမွန်သောနို့စားနွား မွေးမြူရေးစီမံကိန်း
ဦးမင်းေကျာ်ဇင်
လွန်ခဲ့သော ၅ နှစ် ကစီေတးရီးယားမြတ် ဘယ်လိုပုံစံလည်းခင်ဗျာ
အကြောင်းအရာ ပံ့ပိုးသူ
MDEP
Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။
ဆက်စပ်မေးခွန်းများ
လွတ်ကျောင်းဝက်မွေးမြူနည်းအကြောင်းဆွေးနွေးပေးပါ..မိတ်ဆွေတို့
latdan aung • ဖြေကြားချက် 2 ခု
ဥစားကြက်စမွေးမယ်ဆိုဘာတေလိုအပ်လဲ
Ar Ker Ar Kar • ဖြေကြားချက် 1 ခု
ကြက်မွေးမြူရေး အကြောင်း သိချင်ပါတယ် ခုမှ စမွေး မှာ မလို့ပါ
မောင်သား • ဖြေကြားချက် 2 ခု
ကြက်နာ ရင် ဘယ်လို ကုသပေးရပါသလဲ
မောင်သား • ဖြေကြားချက် 2 ခု
ဝက်၃လခံဆေး ဘယ်ချိန်မှာထိုးရမှာလဲ
Sai Kham • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from MDEP
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....