တီလားပီးယားငါးသားဖောက်ရန် အခြေခံလိုအပ်ချက် (၁၁) ချက်
ငါးသားဖောက်ရုံက ငါးမွေးမြူရေးအတွက် လိုအပ်တဲ့ ငါးသားလောင်း၊ ငါးမှုန်၊ ငါးသန်စတဲ့ ငါးသားပေါက်တွေ ထုတ်လုပ်ဖို့ ငါးအထီး၊အမတွေကို သားဖောက်ရန်ပြည့်စုံစွာ တည်ဆောက်ထားသင့်တဲ့ နေရာပဲ ဖြစ်ပါတယ်။ သားဖောက်စခန်းတွေကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်မှုရှိဖို့ကလည်း အလွန်အရေးကြီးပါတယ်။ ဒါ့ကြောင့် တီလားပီးယား ငါးသားဖောက်ရန် အတွက် လိုအပ်တဲ့ အခြေခံအချက်များကို ဖော်ပြလိုက်ရပါတယ်။
(၁) သားဖောက်စခန်းတည်နေရာက ဗဟိုအချက်အချာကျပြီး လျှပ်စစ်မီးရရှိရန်လိုအပ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးနဲ့ ဝန်ဆောင်မှုတွေထိထိရောက်ရောက် လုပ်ဆောင်နိုင်တဲ့နေရာဖြစ်ဖို့ကလည်း အရေးကြီးပါတယ်။
(၂) ရေကောင်းရေသန့်လုံလောက်စွာရှိရပါမယ်။
(၃) သားဖောက်ရုံကို စနစ်တကျ တည်ဆောက်ထားသင့်ပါတယ်။
(၄) အရည်အသွေးကောင်းတဲ့ ငါးအထီး၊ အမတွေကိုသာ မွေးမြူသင့်ပါတယ်။
(၅) စနစ်တကျ ထိရောက်တဲ့ စီမံခန့်ခွဲမှုနဲ့ ဇီဝလုံခြုံမှုကလည်းကောင်းမွန်ရပါမယ်။
(၆) ငါးသားလောင်း၊ ငါးမှုန်၊ ငါးသန်များကို သယ်ပို့ထုပ်ပိုးရန်ပစ္စည်းများနဲ့ ထုပ်ပိုးရန်နေရာရှိရပါတယ်။
(၇) မျိုးငါးများ လုံလောက်စွာမွေးမြူထားရန် မြေကန် (သို့မဟုတ်) နိုင်လွန် ပိုက်သားလှောင်ကန် (ဟာပါ) လိုပါမယ်။
(၈) ငါးသားဖောက်ရန် ကန် (သို့မဟုတ်) လှောင်ကန် (ဟာပါ) လိုပါမယ်။
(၉) ငါးဥဖောက်ရန် လိုအပ်ချက်များနဲ့ ပြည့်စုံတဲ့ အင်္ဂတေကန် လိုပါမယ်။
(၁၀) ငါးမှုံပြုစုရန် မြေကန် ၊အင်္ဂတေကန် (သို့မဟုတ်) ဟာပါ လိုပါမယ်။
(၁၁) ငါးများကိုခေတ္တ ယာယီသိုလှောင်ထားရန်အင်္ဂတေကန် (သို့မဟုတ်) ဟာပါ စတဲ့ကန်တွေ လုံလုံ လောက်လောက် ရှိဖို့လည်း လိုအပ်ပါတယ်။
Ref: တီလားပီးယားငါးသားဖောက်ခြင်းနှင့် သားပေါက်အဖိုများ ထုတ်လုပ်ခြင်း လက်တွေ့သင်တန်း လက်စွဲစာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
လွတ်ကျောင်းဝက်မွေးမြူနည်းအကြောင်းဆွေးနွေးပေးပါ..မိတ်ဆွေတို့
latdan aung • ဖြေကြားချက် 2 ခု
ဥစားကြက်စမွေးမယ်ဆိုဘာတေလိုအပ်လဲ
Ar Ker Ar Kar • ဖြေကြားချက် 1 ခု
ကြက်မွေးမြူရေး အကြောင်း သိချင်ပါတယ် ခုမှ စမွေး မှာ မလို့ပါ
မောင်သား • ဖြေကြားချက် 2 ခု
ကြက်နာ ရင် ဘယ်လို ကုသပေးရပါသလဲ
မောင်သား • ဖြေကြားချက် 2 ခု
ဝက်၃လခံဆေး ဘယ်ချိန်မှာထိုးရမှာလဲ
Sai Kham • ဖြေကြားချက် 0 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026