ဘဲများအတွက်လိုအပ်သည့်အာဟာရဓာတ်များနှင့် အာဟာရပြည့် အစာကျွေးနည်း
ဘဲမွေးမြူရေးအောင်မြင်စေဖို့အတွက် မိမိတို့မွေးမြူထားသောဘဲများကို အာဟာရပြည့်ဝစွာကျွေးမွေးတတ်ဖို့လည်း အရေးကြီးလှပါသည်။
- အထူးသတိထားရန်မှာ မလတ်ဆတ်သောအစာများကို မကျွေးမိစေရန်ဖြစ်ပါသည်။
- ညနေပိုင်းတွင်အစာကျွေးလျှင် အစာကိုရေစွတ်ပြီးမှ စိုအောင်ပြုလုပ်ပြီးကျွေးလျှင် ကောင်း၏။
- EM နှင့် အချိုးကျနစွာ ဖျန်းကျွေးလျှင်ပိုကောင်းပါသည်။
- ငါးမှုန့်/ပုစွန်ဖွဲသည် ပရိုတင်းဓာတ်ဖြစ်ပြီး ဘဲဥအကာဖြစ်စေရန် ကူညီပေးပါသည်။

ဘဲငယ်များအတွက် အာဟာရပြည့်ဝစေသည့် အစာကျွေးနည်း
- ၁။ ဘဲငယ်များကို အစာကျွေးရာတွင် အစာနု(အစို/အခြောက်)ကို တစ်နေ့ ၄ ကြိမ်မှ ၆ ကြိမ်ထိ ကျွေးသင့်ပါသည်။ ဥမှပေါက်ပြီး ရက်သတ္တ ၂ ပတ်ထိ ဤသို့ကျွေးသင့်ပါသည်။
- ၂။ ၂ ပတ်သားကျော်လာလျှင် အစာကျွေးချိန်တဖြည်းဖြည်း လျှော့သွားသင့်ပါသည်။တဖြည်းဖြည်း တစ်နေ့လျှင် ၂ကြိမ်ထိ ကျွေးသည့်စနစ်ရောက်အောင် လျှော့ချသွားသင့်ပါသည်။
- ၃။ ဘဲငယ်စာတွင် ပရိုတင်း ၁၇% ၊ ဗီတာမင်ဘီ-၂ ၊ မဂ္ဂနိစ် နှင့် သတ္တုဓာတ်တို့လည်း ပိုမိုလိုအပ်ပါသည်။
ဘဲများအတွက်လိုအပ်သော အာဟာရဓာတ်များမှာ -
- ၁။ ပရိုတင်းဓာတ်
အာဟာရဓာတ်များအနေဖြင့် ဘဲငယ် ၃ ပတ်သားမတိုင်မီတွင် ပရိုတင်းဓာတ်သည် အစာ ၏ ၁၇% လိုအပ်သော်လည်း ၃ ပတ်သားထက်ကြီးလာလျှင် ၁၅ % သာ လိုအပ်ပါသည်။
- ၂။ ဗီတာမင်အေဓာတ်
ဗီတာမင်အေဓာတ်သည် ဘဲငယ် ၃ ပတ်သားအတွက် ၂၀၀၀ ယူနစ်လိုအပ်မည်ဖြစ်ပြီး မျိုးဘဲများအတွက်ဆို ၃၀၀၀ ယူနစ်လိုအပ်မည်ဖြစ်သည်။
- ၃။ ကယ်လ်စီယမ်ဓာတ်
ကယ်လ်စီယမ်ဓာတ်အနေဖြင့် ဘဲငယ်များအတွက် ၁%၊ မျိုးဘဲများအတွက်ဆို ၂.၅% ခန့် လိုအပ်ပါသည်။
- ၄။ သတ္တုဓာတ်
သတ္တုဓာတ်(မီးစုန်းဓာတ်)ကိုမူ ဘဲငယ်အစာတွင် ၁.၆%၊ မျိုးဘဲများအတွက်ဆို ၁.၈% ခန့် လိုအပ်ပါသည်။
- ၅။ မဂ္ဂနိစ်ဓာတ်
မဂ္ဂနိစ်ဓာတ်ကို ဘဲငယ်များအတွက် အပုံတစ်သန်းတွင် ၆၀ ပုံခန့် ၊ မျိုးဘဲများအတွက် ၈၀ ပုံခန့်လိုအပ်ပါသည်။
- ၆။ ဗီတာမင်ဘီဓာတ်
ဗီတာမင်ဘီကို ၃ ပတ်သားအောက်ဘဲငယ်များအတွက် အပုံတစ်သန်းလျှင် ၄ ပုံ၊ (၃) ပတ်အထက် ၆၀ ပုံ၊ မျိုးဘဲ များအတွက် ၄၀ ပုံလိုအပ်ပါသည်။
ပြောင်းပေါ်သောဒေသများတွင် ဘဲကြီးများအတွက် အစာနုကို ပုစွန် ၂ ဆ တိုးကျွေးပါ။ထို့ပြင် ဘဲကြီး ၁ ကောင်လျှင် ၃ အောင်စနှုန်းဖြင့် ညနေဘက်တွင် ပြောင်းစေ့ကျွေး သင့်ပါသည်။
ထိုသာမက ဘဲလတ်နှင့် ဘဲကြီးများကို အစာခြောက်လည်း ကျွေးနိုင်ပါသည်။ သို့ရာတွင် အစာများဆုံးရှုံးနိုင်သဖြင့် ရေနှင့် နယ်ကျွေးနိုင်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မင်းမင်းဉီး
လွန်ခဲ့သော ၄ နှစ် ကကောင်းပါတယ်
ဆက်စပ်မေးခွန်းများ
လွတ်ကျောင်းဝက်မွေးမြူနည်းအကြောင်းဆွေးနွေးပေးပါ..မိတ်ဆွေတို့
latdan aung • ဖြေကြားချက် 2 ခု
ဥစားကြက်စမွေးမယ်ဆိုဘာတေလိုအပ်လဲ
Ar Ker Ar Kar • ဖြေကြားချက် 1 ခု
ကြက်မွေးမြူရေး အကြောင်း သိချင်ပါတယ် ခုမှ စမွေး မှာ မလို့ပါ
မောင်သား • ဖြေကြားချက် 2 ခု
ကြက်နာ ရင် ဘယ်လို ကုသပေးရပါသလဲ
မောင်သား • ဖြေကြားချက် 2 ခု
ဝက်၃လခံဆေး ဘယ်ချိန်မှာထိုးရမှာလဲ
Sai Kham • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from ဦးဇော်(dof)
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....