ကြက်တွေ ဇာတ်တူသားမစားဖို့ ဘယ်လိုကာကွယ်မလဲ..
ကြက်တွေအချင်းချင်း အမွေးအတောင်ဆိတ်တာ၊ သွေးထွက်သံယိုဖြစ်နေတဲ့ ကြက်တွေကို တခြားကြက်တွေက ဆိတ်စားတာ၊ ဖင်ဆိတ်ကြတာတွေကို ကြက်မွေးမြူသူတိုင်း တွေ့ဖူးကြမယ်ထင်ပါတယ်..။
ဒါတွေက ကြက်တွေရဲ့ ပြုပြင်ဖို့ခက်တဲ့ အမူအကျင့်တွေပဲ ဖြစ်ပါတယ်..။ အဲ့ဒီလိုတွေလုပ်ရင် အသေအပျောက် အနည်းနဲ့အများရှိနိုင်သလို စုတ်ပြတ်ဒဏ်ရာတွေကြောင့် ဉနှုန်း၊ ကြီးထွားနှုန်းကို ထိခိုက်နိုင်တဲ့အတွက် ဒီလိုတွေမဖြစ်ရအောင် ဇာတ်တူသားမစားစေဖို့ ကာကွယ်ခြင်းနဲ့ ဖြစ်စေတဲ့ အကြောင်းအရာတွေကို ကြက်မွေး တောင်သူတွေ သိရှိစေဖို့ ရည်ရွယ်ဖော်ပြပေးလိုက်ပါတယ်..။
ဖြစ်စေတဲ့အကြောင်းအရင်းတွေကတော့..
(၁) အဆောက်အဉီထဲသို့ နေရောင်တိုက်ရိုက်ဝင်ခြင်း
(၂) သဘာဝမဟုတ်တဲ့ အလင်းများလွန်းခြင်း
(၃) အကောင်ရေ ထူထပ်လွန်းခြင်း
(၄) လေဝင်လေထွက် မကောင်းခြင်း
(၅) အာဟာရပြည့်ဝစွာ မစားရခြင်း
(၆) ဆားမပါခြင်း
(၇) အပူချိန်မြင့်မားခြင်းကြောင့် စိတ်ဖိစီးမှုခံရခြင်း
(၈) အစာထဲတွင်အမျှင်ဓာတ်မပါဝင်ခြင်း
(၉) မျိုရိုးဗီဇနဲ့အလေ့အကျင့် စတဲ့အချက်များစွာတွေကြောင့်ဖြစ်ပါတယ်..။
အဲ့ဒါမျိုးတွေ ကြက်မွေးတောင်သူရဲ့ ခြံထဲမှာ ဖြစ်နေခဲ့မယ်ဆိုရင် ဇာတ်တူသားစားခြင်းမျိုးတွေ ဖြစ်လာနိုင် ပါတယ်။ ဒါ့အပြင် တစ်ကောင်ရဲ့ အကျင့်ကို တစ်ကောင်က အတူယူနိုင်တဲ့အတွက် သတိထားစောင့်ကြည့်နေဖို့ ကလည်း အရေးကြီးပါတယ်..။ ဒါပေမဲ့ အရမ်းကြီးတော့စိတ်မပူကြပါနဲ့။ ဖြစ်စေတဲ့အကြာင်းအရင်းကို သိရင် ကာကွယ်နည်းလမ်းဆိုတာလည်းရှိပါတယ်။ ကုသခြင်းသည် ကာကွယ်ခြင်းထက် ပိုမိုကောင်းကောင်းမွန်တယ် မဟုတ်လား..။
ဆိုတော့ ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့..
(၁) ဒဏ်ရာရတဲ့ ကြက်ကို သီးခြားခွဲထားရန်
(၂) နေရောင်တိုက်ရိုက်မကျအောင်ပိတ်ထားပြီး အလင်းပေးမှုထိန်းချုပ်ရန်
(၃) သင့်တော်တဲ့ အပူချိန်ထားရှိရန်
(၄) ကြက်ကောင်ရေသိပ်သည်းမှုထိန်းချုပ်ရန်
(၅) အရည်အသွေးကောင်းသော အစာစိမ်းများထောက်ပံ့ရန် စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်..။
ကဲ.. ဒီတော့ ကြက်တွေအချင်းချင်း ဇာတ်တူသားမစားအောင် ကာကွယ်ဖို့ ဆောင်သင့်တာတွေဆောင်၊ ရှောင်သင့်တာတွေ ရှောင်ပြီး ဉပေါက်နှုန်း ၊အသားတိုးနှုန်းများ ပိုတိုးအောင်မွေးမြူနိုင်ကြပါစို့..။
Reference; စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ထုတ်ဝေသော ခေတ်မီ မွေးမြူရေးနည်းပညာများစာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Thet Tun Oo
လွန်ခဲ့သော ၁ နှစ် ကအမျှင်ဓာတ်ဆိုတာ ပဲပင်ပေါက် ဘူးညွှန့် ဖရုံညွှန့် တို့ကိုဆိုလိုပါသည်
Aung Ye Htet
လွန်ခဲ့သော ၃ နှစ် ကဥစားကြက်မွေးချင်လို့ပါ
Saw Thamot Sue
လွန်ခဲ့သော ၄ နှစ် ကအသားတိုးကြက် မွှေးမြူချင်လို့ပါ။ဘယ်အဖွဲ့နဲ့ချိတ်ဆက်ပီးလုပ်ရလဲဆိုတာ လမ်းညွန်ပေးကြပါဦး ဆရာတို့ရေ
Moe Zaw
လွန်ခဲ့သော ၄ နှစ် ကအမျှင်ဓာတ်ဆိုတာဘာလဲဆရာ
ဆက်စပ်မေးခွန်းများ
လွတ်ကျောင်းဝက်မွေးမြူနည်းအကြောင်းဆွေးနွေးပေးပါ..မိတ်ဆွေတို့
latdan aung • ဖြေကြားချက် 2 ခု
ဥစားကြက်စမွေးမယ်ဆိုဘာတေလိုအပ်လဲ
Ar Ker Ar Kar • ဖြေကြားချက် 1 ခု
ကြက်မွေးမြူရေး အကြောင်း သိချင်ပါတယ် ခုမှ စမွေး မှာ မလို့ပါ
မောင်သား • ဖြေကြားချက် 2 ခု
ကြက်နာ ရင် ဘယ်လို ကုသပေးရပါသလဲ
မောင်သား • ဖြေကြားချက် 2 ခု
ဝက်၃လခံဆေး ဘယ်ချိန်မှာထိုးရမှာလဲ
Sai Kham • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၄ -၂၈.၈.၂၀၂၆)
29/08/2026
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....