ထိုင်းပီလောပီနံစိုက်တောင်သူများပြဿနာ အာဂျီနိုမိုတို ကူညီဖြေရှင်းမည်
ထိုင်းစိုက်ပျိုးရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ အထူးသဖြင့် ပီလောပီနံစိုက်တောင်သူတွေရဲ့ စားဝတ်နေရေးမြှင့်တင်ပေးနိုင်ရေးအတွက် အာဂျီနိုမိုတိုအုပ်စုက အကူအညီတွေ ပေးသွားမယ်လို့ သိရပါတယ်။
ပီလောပီနံဟာ အချိုမှုန့်အပါအဝင် အာဂျီနိုမိုတိုထုတ်ကုန်တွေအတွက် အဓိကကုန်ကြမ်းလည်း ဖြစ် ပါတယ်။
အာဂျီနိုမိုတိုကုမ္ပဏီ(ထိုင်း) ရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ FD Green (Thailand) ဟာ မကြာသေးခင်က မိုစိတ် ရောဂါ(ဗိုင်းရပ်စ်ရောဂါ)ကင်း ပီလောပီနံမျိုးကိုင်းတွေကို အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒီမျိုး ကိုင်းတွေကို ထိုင်းနိုင်ငံမှာပျံ့နှံ့နေတဲ့ ပီလောပီနံမိုစိတ်ရောဂါကို လျှော့ချနိုင်ဖို့ ကူညီပေးဖို့ သုံးသွားမှာပါ။
FD Green (Thailand) ကုမ္ပဏီဟာ သူတို့ထုတ်လုပ်ထားတဲ့ရောဂါဒဏ်ခံမျိုးကိုင်းတွေရဲ့ အကျိုး သက် ရောက်မှုကို စမ်းသပ်ဖို့အတွက် Asia Modified Starch ကုမ္ပဏီနဲ့ ဘုရင်ကြီးမောင်ကွတ်ရဲ့ သောင်ဘူရီ နည်းပညာတက္ကသိုလ်(ရချနဘူရီလေ့လာရေးစင်တာ) တို့ထံ အရည်အသွေးမီ ပီလောပီနံမျိုးကိုင်း ၆၇၀၀ နဲ့ ၁၂၆၀ စီ အသီးသီး ယခုနှစ်ထဲမှာ ဖြန့်ချိပေးထားပါတယ်။

တကယ်လို့ အကျိုးသက်ရောက်မှုကောင်းတယ်ဆိုရင် နောက်နှစ်ထဲမှာ လယ်သမားမိသားစု ၁၆၁ စုနဲ့ အထက်အား အရည်အသွေးမြင့်မျိုးကိုင်းတွေထပ်မံဖြန့်ဖြူးပေးသွားမှာဖြစ်ပြီး ဒါဟာ ပီလောပီနံ စိုက်ဧက ၄၃၀ ကျော်အတွက် ကာမိစေမယ့်ပမာဏဖြစ်ပါတယ်။ ဒီကူညီမှုဟာ ထိုင်းလယ်သမားတွေရဲ့ ရေရှည် စိုက်ပျိုးရေးကဏ္ဍအတွက် အရေးပါတဲ့ကူညီမှုဖြစ်လာမှာပါ။
ထိုင်းနိုင်ငံဟာ ကမ္ဘာ့ပီလောပီနံဈေးကွက်ထံ တတိယမြောက်အများဆုံးတင်ပို့တဲ့နိုင်ငံဖြစ်ပြီး အဲ့ဒီကနေ နှစ်စဉ် ထိုင်းဘတ်ငွေ ဘီလျံ ၁၀၀ ခန့် ဝင်ငွေရနေတာပါ။ ဒါပေမဲ့ လက်ရှိမှာတော့ ပီလောပီနံမိုစိတ်ရော ဂါကြောင့် ထုတ်လုပ်နိုင်စွမ်းပမာဏဟာ တစ်နှစ်ကို ၂၀ ကနေ ၈၀ ရာခိုင်နှုန်းအထိ လျော့ကျနေတာ ဖြစ် ပါတယ်။ ဒါ့အပြင် နောက်တစ်နှစ်စိုက်ရာသီအတွက် ရောဂါကင်း မျိုးကိုင်းသစ်တွေကို ရရှိနိုင်ဖို့အရေး မှာလည်း ကုန်ကျစရိတ် ပိုသုံးနေရပြန်ပါသေးတယ်။
ဒါကြောင့်လည်း အခုလို ရောဂါကင်းမျိုးကိုင်းတွေကို အခမဲ့ကူညီဖြန့်ဖြူးပေးနိုင်ခြင်းဟာ ပီလောပီနံ ဗိုင်းရပ်စ်ကပ်ဘေး ခံစားနေရတဲ့ ထိုင်းတောင်သူတွေကို ဝင်ငွေတိုးလာနိုင်စေပြီး သူတို့ရဲ့ဘဝကို မြှင့်တင်ပေးနိုင်မယ်လို့ အာဂျီနိုမိုတိုကုမ္ပဏီက ယုံကြည်နေတာပါ။ ထပ်ပြောရမယ်ဆိုရင် ပီလောပီနံ ထုတ်လုပ်ရေးထိခိုက်ဆုံးရှုံးနေမှုနဲ့အတူ စားနပ်ရိက္ခာလေလွင့်ပြုန်းတီးမှုဖြစ်နေတဲ့ပြဿနာကိုလည်း လျှော့ချပေးနိုင်ပါလိမ့်မယ်။
Ref; https://www.nationthailand.com/pr-news/more/pr-news/40029321
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
နိုင်ငံတကာသတင်း
U Mg Mg Htwe
လွန်ခဲ့သော ၃ နှစ် ကမြန်မာနိုင်ငံတွင်အထွက်နန်းကေင်းသောပလောပီနံမျိုးကိုအင်ဒိုနေးရှားမှတင်သွင်းဘူးတယ်လို့သိရတယ်ယခင်စက်မှု(မြန်မာနိုင်ငံတွင်အထွက်နန်းကေင်းသောပလောပီနံမျိုးကိုအင်ဒိုနေးရှားမှတင်သွင်းဘူးတယ်လို့သိရတယ်ယခင်စက်မှု (၁)ကဒိုက်ဦးမှအချိုမှုံ့စက်ရုံကအာဂျီနိုမိုတိုအချိုမှုံ့ထုတ်လုပ်ခဲ့ပြီးယ္ခုတော့အချိုမှုံ့မထုပ်တော့ပါမြန်မာနုင်ငံမှာတော့ပလောပီနံဗိုင်းရပ်ရောဂါကျဒါမကြားလိုက်ပါအချိုမှုံ့ဘာကြောင့်မထုတ်တာလဲ၊ယိုးဒယားကတော့မြန်မာကိုအချိုမှုံ့အများကြီးတင်သွင်းနေရနယ်အချိုမှုံ့စက်ရုံနဲ့ပလောပီနံစိုက်တဲ့ဒေသဝေးနေလို့သယ်ယူစရိတ်များနေလို့ထင်တယ်
ဖြူဖြူဝင်း
လွန်ခဲ့သော ၃ နှစ် ကရောဂါကင်းတဲ့ပီလောမျိုးဘယ်အှာရမလဲ
မိုး၀သန်
လွန်ခဲ့သော ၃ နှစ် ကအက်တာဘဲ ကွာပ
ဆက်စပ်ဆောင်းပါးများ
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
အပူချိန်မြင့်မားမှုကြောင့် ပြင်သစ်တွင် ကြက်အကောင်ရေသိန်းချီ သေဆုံးပြီး ဘယ်လ်ဂျီယံတွင် နွားနို့/ အသားထုတ်လုပ်မှု ကျဆင်း
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 4 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026