ရေဘေးပြဿနာများကို ဘတ်ငွေ သန်း ၁၆၀၀ သုံးပြီး ထိုင်းအစိုးရ ဖြေရှင်းမည်
ထိုင်းနိုင်ငံအရှေ့ပိုင်းမှာ ရေကြီးရေလျှံမှုကြောင့် မနေ့က ရာယွန်းစီရင်စု၊ ခဝင်းခရိုင်အတွင်းက ကြက်ခြံတစ်ခြံရေနစ်မြုပ်သွားပြီး ကြက်ကောင်ရေ ၁၄၀၀၀၀ ခန့် သေဆုံးသွားခဲ့ပါတယ်။ လတ်တလောမှာ ထိုင်းနိုင်ငံတွင်း ရေကြီးရေလျှံမှုတွေ ကြုံတွေ့နေရတာဖြစ်ပြီး ဒီပြဿနာတွေအပါအဝင် ရေဘေးပြဿနာတွေကို ဖြေရှင်းသွားဖို့ ထိုင်းအစိုးရက ဘတ်ငွေ ၁.၆ ဘီလျံ ခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။
ရာယွန်းစီရင်စုမှာ ဒီတစ်ပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ခဝင်းခရိုင်အတွင်းက အိမ်ခြေ ၂၀၀ ကျော် ရေနစ်မြုပ်မှုဒဏ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဒီရေကြီးမှုအတွင်း ခဝင်းခရိုင်၊ ဘန်နခရိုင်ခွဲထဲက ကျေးရွာ ၁၃ ရွာလုံး ရေလွှမ်းခဲ့တာဖြစ်ပြီး ရွာ သားအားလုံးကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ အဲ့ဒီလို ရေလွှမ်းမိုးခံခဲ့ရတဲ့ထဲမှာ Kamnan Boonsueb ကြက်မွေးမြူရေးခြံထဲက ကြက်ခြံ ၆ ခုလုံးလည်း ပါသွားခဲ့တာဖြစ်ပြီး ကြက်တွေ သေကုန်တာဖြစ်ပါတယ်။
ဒီလိုမျိုး ရေဘေးအန္တရာယ်တွေကို ဖြေရှင်းသွားဖို့အတွက် ထိုင်းအစိုးရက ဘတ်ငွေ ၁.၆ ဘီလျံ (သန်း ၁၆၀၀) ကို ခွင့်ပြုပေးလိုက်တာ ဖြစ်ပါတယ်။ ဒီထဲက ၉၁၂ သန်းကို မိုးရာသီမှာရေကြီးရေလျှံတာတွေကို ကာကွယ်ဖို့၊ နွေရာသီမှာ ရေထိန်းသိမ်းထားနိုင်ဖို့ စတာတွေကို ထိန်း ချုပ်စီမံရာမှာ သုံးစွဲရမှာဖြစ်ပြီး ၆၆၄ သန်းကိုတော့ ရေပန့်အသစ် ၂၀၃ ခု တပ်ဆင်သွားဖို့အတွက် ခွင့်ပြုပေးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
ဒီဘတ်ဂျက်ကို ထိုင်းနိုင်ငံရဲ့ စိုက်ပျိုးရေးနှင့်သမဝါယမဝန်ကြီးဌာန၊ သဘာဝအရင်းအမြစ်နှင့်ပတ်ဝန်းကျင် ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့က မျှဝေသုံးစွဲခွင့်ရရှိသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ထိုင်းမိုးလေဝသဌာနရဲ့အဆိုအရ မိုးများပြီး ရေကြီးရေလျှံမှုတွေဟာ ဒီနေ့ စက်တင်ဘာ ၉ ရက်အထိ ဆက်ရှိနေနိုင်တယ်လို့ သိရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
အပူချိန်မြင့်မားမှုကြောင့် ပြင်သစ်တွင် ကြက်အကောင်ရေသိန်းချီ သေဆုံးပြီး ဘယ်လ်ဂျီယံတွင် နွားနို့/ အသားထုတ်လုပ်မှု ကျဆင်း
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 3 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 1 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026