အိန္ဒိယက ဆန်တင်ပို့မှု ပိတ်ပင်ကန့်သတ်ချက်များ ဆက်ထားဦးမည်ဟု ဆို
ကမ္ဘာ့ဆန်တင်ပို့မှုထိပ်သီး အိန္ဒိယဟာ ပြည်တွင်းဆန်ဈေး တည်ငြိမ်အောင် ဆက်လက်ထိန်းသိမ်းလိုတာကြောင့် ဆန်ကွဲတင်ပို့မှု ပိတ်ပင်ထားတာနဲ့ ဆန်ဖြူတင်ပို့မှုအပေါ် အခွန် ၂၀ ရာခိုင်နှုန်း စည်းကြပ်ထားတာတွေကို ပြင်ဆင်ပေးဖို့ အစီအစဉ်မရှိသေးဘူးလို့ အစိုးရသတင်းရင်းမြစ်နှစ်ခုက ဆိုပါတယ်။

အိန္ဒိယရဲ့ ဆန်တင်ပို့မှုပိတ်ပင်ကန့်သတ်ချက်တွေကြောင့် အာရှနဲ့ အာဖရိကဘက်က ဝယ်လက်တွေအတွက် ဆန်ဈေး ပိုကြီးသွားစေပါတယ်။ ကမ္ဘာ့ဆန်ဈေးဟာလည်း ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ ဆက်တိုက်ဆိုသလို တက်နေခဲ့တာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံဟာ မိုးမကောင်းလို့ အဓိကစပါးဒေသကြီးတွေမှာ ထွက်နှုန်းကျမှာ စိုးရိမ်ကာ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း ဆန်ကွဲတင်ပို့မှုကို ပိတ်ပင်ခဲ့ပြီး အခြားဆန်အမျိုးအစားတွေ တင်ပို့မှုအပေါ် အခွန် ၂၀ ရာခိုင်နှုန်း စည်းကြပ်ခဲ့ပါတယ်။
"အခွန် ၂၀ ရာခိုင်နှုန်း စည်းကြပ်တာတောင် ဆန်တင်ပို့မှုက နှေးကွေးမသွားခဲ့ဘူး။ ဒီတော့ ပို့ကုန်ခွန်ကို လျှော့ချပေးစရာ၊ ဖယ်ရှားပေးစရာအကြောင်းမရှိဘူးလို့ ထင်တယ်" လို့ အမည်ထုတ်ပြောခြင်းမရှိတဲ့ အစိုးရအကြီးတန်းအရာရှိတစ်ယောက်က ပြောပါတယ်။
အိန္ဒိယဆန်တင်ပို့မှုဟာ ၂၀၂၂ ခုနှစ်အတွင်း နှစ်အလိုက် ၃ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စံချိန်တင်ပမာဏအဖြစ် တန်ချိန် ၂၂ ဒသမ ၂၆ သန်းအထိ ရောက်ရှိခဲ့ပါတယ်။ ဒီပမာဏဟာ အိန္ဒိယပြီးရင် ဆန်တင်ပို့မှုအများဆုံးဖြစ်ကြတဲ့ ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်၊ အမေရိကန်ပြည်ထောင်စုတို့ လေးနိုင်ငံပေါင်းတင်ပို့မှုထက်တောင် ပိုများနေပါတယ်။
"တရုတ်နဲ့ တခြားနိုင်ငံတွေက ဆန်ကွဲကို အီသနော ဒါမှမဟုတ် မွေးမြူရေးအစာကုန်ကြမ်းအဖြစ် အသုံးပြုလိုနေတာသက်သက်အတွက်တော့ ဆန်ကွဲတင်ပို့မှုကို ပြန်လည်ခွင့်ပြုမပေးနိုင်ပါဘူး။ ပြည်တွင်းဈေးကွက်က သုံးတာမျိုးပဲ ပိုလိုလားပါတယ်" လို့ ၎င်းအရာရှိက ပြောပါတယ်။
တရုတ်နိုင်ငံဟာ အိန္ဒိယဆန်ကွဲဝယ်ယူမှုအများဆုံးဖြစ်ပြီး ၂၀၂၁ ခုနှစ်တုန်းက တန်ချိန် ၁ ဒသမ ၁ သန်းအထိ ဝယ်ယူခဲ့ပါတယ်။
အိန္ဒိယဟာ ဒီနှစ်မှာလည်း အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် မိုးရေချိန် နိမ့်ကျမှာကို စိုးရိမ်ပြီး ဆန်တင်ပို့မှုကို ဆက်လက်ကန့်သတ်သွားဦးမှာ ဖြစ်ပါတယ်။
"ကျွန်တော်တို့ အရဲမစွန့်ရဲသေးပါဘူး။ ဆန်ပိုပိုလျှံလျှံ ရှိနေပေမယ့် ဂျုံပမာဏက အကန့်အသတ်နဲ့သာ ရှိပါတယ်။ တကယ်လို့ ရာသီဥတု ဖောက်ခဲ့ရင် ပိုလျှံဆန်ကို အသုံးပြုသွားရမှာပါ" လို့ ၎င်းက ပြောပါတယ်။
အိန္ဒိယလယ်သမားတွေဟာ ရေသုံးစွဲမှုများတဲ့ စပါးကို မုတ်သုံရာသီဖြစ်တဲ့ ဇွန်နဲ့ ဇူလိုင်လတွေမှာ စိုက်ပျိုးလေ့ရှိကြပါတယ်။
"ကျွန်တော်တို့ ပိတ်ပင်ကန့်သတ်မှုတွေကြောင့် ကမ္ဘာ့ဈေးကွက်မှာ ဆန်ပြတ်တောက်သွားတာမျိုး မဖြစ်စေပါဘူး။ တစ်ချိန်တည်းမှာ ကျွန်တော်တို့မှာလည်း အရန်ဆန် ပိုပိုလျှံလျှံ သိုမှီးထားရှိနိုင်စေတယ်။ ဒါကြောင့် အခုအစီအမံအတိုင်း ဆက်သွားဖို့ရှိပါတယ်" လို့ မူဝါဒရေးရာဆုံးဖြတ်ရာမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေတဲ့ နောက်ထပ်အစိုးရသတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။
ဝေယံဟိန်း (B.Ag)
Ref: India to extend rice export curbs to ensure domestic price stability, supply - govt sources
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
အပူချိန်မြင့်မားမှုကြောင့် ပြင်သစ်တွင် ကြက်အကောင်ရေသိန်းချီ သေဆုံးပြီး ဘယ်လ်ဂျီယံတွင် နွားနို့/ အသားထုတ်လုပ်မှု ကျဆင်း
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 3 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 1 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....