မျိုးအောင်သားပေါက်ခြင်းအပေါ် ပတ်ဝန်းကျင်ရဲ့သက်ရောက်မှုများ
နွားမတစ်ကောင်၏ ပတ်ဝန်းကျင်သည် နွားမတစ်ကောင်သားအောင်စေဖို့အတွက် လွှမ်းမိုးမှုရှိနေပါသည်။ ရာသီဥတုနှင့် အပူချိန်တို့သည် အဓိကအချက်များဖြစ်သည်။ နွားမကို ပြုစုစောက်ရှောက်ပုံ၊ နွားခြံတည်ဆောက်ပုံအနေအထားကြောင့် နွားမများ သက်တောင့်သက်သာနေရခြင်း စသည်တို့သည် နွားမရဲ့ကျန်းမာရေးနှင့် လှုပ်ရှားမှုအပြုအမူတို့အပေါ် သက်ရောက်မှုရှိသည်။
မြန်မာနိုင်ငံရှိ နို့စားနွားမများတွင် အပူဒဏ်ခံစားရခြင်းပြဿနာကို အဓိကကြုံတွေ့ နေရသည်။ ဖရီရှန်နွားမများသည် မြင့်မားသောအပူချိန်နှင့် စိုထိုင်းမှုတို့ကို ခံနိုင်ရည်မရှိပေ။ သူတို့ဟာ အပူချိန် ၄-၂၀ ဒီဂရီ အတွင်း ကြိုက်နှစ်သက်သည်။ အထူးသဖြင့် စိုထိုင်းမှုများနေလျှင် အပူချိန် ၃၀ သည် ၎င်းတို့အတွက် ပူလွန်းသောအခြေအနေဖြစ်သည်။ လူတို့အတွက် သက်တောင့်သက်သာဖြစ်စေသော အပူချိန်ထက် ပို၍အေးသော အခြေအနေမှသာ နို့စားနွားမများအတွက် သင့်လျော်သောအပူချိန်ဖြစ်သည်။ ဒါကြောင့် လူတို့အတွက် ပူသည်ဟုခံစားရချိန်မှာ နို့စားနွားမများက အပူဒဏ်ခံစားနေရပါပြီ။ အကျိုးဆက်အနေဖြင့် ထုတ်လုပ်မှုကျဆင်းလာပါသည်။ အဓိကအားဖြင့် မျိုးအောင်နှုန်းကို လျော့ကျစေပါသည်။ အပူဒဏ်ခံစားရခြင်းကို နို့ထုတ်လုပ်မှုကောင်းသောနွားမများက နို့ထုတ်မှုနည်းသောနွားမများထက် ပို၍ခံစားရသည်။ အကြောင်းမှာ နို့ထုတ်လုပ်ဖို့အတွက် နွားမခန္ဓာကိုယ်အတွင်းတွင် အပူဖြစ်ပေါ်စေသောကြောင့် ဖြစ်သည်။
အပူဒဏ်သည် မျိုးပွားမှုကို နည်းလမ်းနှစ်မျိုးဖြင့် သက်ရောက်မှုရှိနေသည်။ အပူချိန် ပြင်းထန်လွန်းပါက နွားမ၏မြိုင်ကာလကို နှောက်ယှက်မှုဖြစ်စေပြီး သားတင်ပြီးအစောပိုင်းကာလတွင် သန္ဓေသားကို ပျက်စီးစေသည်။ ထို့အပြင် နွားမ၏ ပြုမူလှုပ်ရှားမှုကိုလည်း သက်ရောက်စေသည့်အတွက် မြိုင်လက္ခဏာများ ထင်ရှားစွာမပြတော့ပေ။ ဒါကြောင့် မွေးမြူသူများအနေဖြင့် သတိမထားမိတော့ဘဲ နွားမကိုသားစပ်ရန် လွတ်သွားမည်။ အပူချိန်ပြင်းသောရာသီတွင် နွားမများသည် နေ့အချိန်တွင် မြိုင်လက္ခဏာများကို အချိန်ခဏသာပြသပြီး အပူချိန်လျော့သော ညအချိန်တွင် မြိုင်လက္ခဏာများကို အများဆုံးတွေ့ရသည်။
နွားမများ အပူဒဏ်ခံစားရခြင်း သက်သာစေရန်အတွက် နွားခြံအဆောက်အဦးဒီဇိုင်းသည် အဓိကကျပါသည်။ နွားမကို အရိပ်ကောင်းကောင်းရစေပြီး လေကောင်းလေသန့်ရအောင် ဖန်တီးခြင်းဖြင့် သူတို့ကို အေးမြအောင် မွေးမြူထားရမည်။ အဆောက်အဦး၏ ခေါင်မိုးသည် လေလွတ်လပ်စွာဖြတ်သန်းသွားစေပြီး အဆောက်အဦးအတွင်းတွင် အေးမြအောင်ဖန်တီးရမည်။ လေကို လှောင်ပိတ်ထားသည့်ပုံစံ မဖြစ်စေရ။ အမိုးအဖြစ်သုံးသော ပစ္စည်းသည် အပူကို တန်ပြန်စေနိုင်သောအရာများကို အသုံးပြုသင့်သည်။ ထန်းရွက်၊ သက်ကယ်စသည်တို့သည် အပူချိန်လျော့ကျစေပြီးအေးမြစေသည်။ အကယ်၍ သွပ်ပြားမိုးထားပါက ခေါင်းမိုးပေါ်တွင် ရေမှုန်ဖျန်းပိုက်ခေါင်းတပ်ဆင်ခြင်းဖြင့် အဆောက်အဦးအတွင်းတွင် အေးမြအောင်ဖန်တီးနိုင်မည်။ အဆောက်အဦးအတွင်းတွင် ပန်ကာများ၊ ရေမှုန်ဖျန်းပိုက်ခေါင်းများ တပ်ဆင်ပေးခြင်းဖြင့်လည်း နွားမများ အပူသက်သာအောင် ဖန်တီးပေးနိုင်သည်။ ထို့အပြင် သန့်ရှင်းကြည်လင်သောရေကို အမြဲမပြတ်သောက်သုံးနိုင်အောင် စီမံထားပေးပါက နွားမများ အပူဒဏ်ခံစားရခြင်းသက်သာစေရန် အထောက်ကူဖြစ်စေပါသည်။
ရာသီဥတုပူပြင်းသောအချိန်တွင် နွားမများ မြိုင်လက္ခဏာမပြသည်ကို သတိထားမိပါက မိမိက အပူဒဏ်ကို မခံစားရသော်လည်း နွားမများအတွက် မြိုင်လက္ခဏာမပြနိုင်အောင် အပူဒဏ်ကို ခံစားနေရသောကြောင့်ဖြစ်သည်။ ထိုကာလများတွင် မြိုင်စစ်ဆေးခြင်းကို ညအချိန်တွင်သာ အဓိကထား၍ ဆောင်ရွက်သင့်သည်။
အပူဒဏ်သည် မျိုးပွားခြင်းကို အဓိကထိခိုက်စေသော ပတ်ဝန်းကျင်လွှမ်းမိုးမှု အချက်တစ်ခုဖြစ်ပါသည်။ သို့သော် အခြားအကြောင်းအရာများသည်လည်း နွားမ၏ ကျန်းမာမှုကို သက်ရောက်စေပါသည်။ နွားမများအတွက် ဆူညံသံများ၊ ပုံမှန်လှုပ်ရှားမှုကို နှောက်ယှက်ခံရခြင်း၊ အလုပ်သမားများမှ ကြမ်းတမ်းစွာကိုင်တွယ်ခြင်း၊ နွားမအချင်းချင်း ရန်မူခံရခြင်းစသည်တို့ကြောင့် စိတ်ဖိစီးမှုခံစားရသည်။ ထို့အပြင် အသေးမွှားဖြစ်သော ကလေးငယ်များဆူညံခြင်းကြောင့်ပင် နွားမများအတွက် စိတ်ဖိစီးမှုခံစားရစေသည်။ နွားမများသည်စိတ်ဖိစီးမှုများကို အမြဲခံစားရပါက ၎င်းတို့၏ ကျန်းမာရေးအပေါ် သက်ရောက်စေသည့်အပြင် ပုံမှန်အမူအရာများ မပြတော့ပေ။ ဆိုလိုတာကတော့ စိတ်ဖိစီးမှုခံစားနေရသော နွားမသည် သားတောင်းရာတွင်လည်းကောင်း၊ မြိုင်လက္ခဏာပြရာတွင်လည်းကောင်း ပုံမှန်နွားမများနှင့်ယှဉ်ပါက မထင်ရှားဘဲဖြစ်နေမည်။
အချုပ်အားဖြင့်ဆိုရသော် နွားမများကို ကောင်းမွန်သောခြံဒီဇိုင်းဖြင့် သောက်ရေအမြဲရရှိအောင် ထားရမည်။ အပူချိန်မြင့်သည့်အချိန်တွင် ရေပိုက်များဖြင့် ရေဖျန်း၍သော်လည်းကောင်း၊ ပန်ကာများ ထားပေးခြင်းဖြင့်လည်းကောင်း နွားမများကို အပူဒဏ်သက်သာအောင် ဆောင်ရွက်ပေးရမည်။ ထိုကဲ့သို့ အပူချိန်မြင့်သောကာလတွင်မြိုင်စစ်ဆေးခြင်းကို ညအချိန်တွင်သာ အဓိကထား၍ ဆောင်ရွက်သင့်သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Htun Min Oo
လွန်ခဲ့သော ၅ နှစ် ကနွားမကတစ်လ၃ကြိမ်လောက်မြိုင်ပေါ်နေတယ်သားတင်တာလဲမအောင်ဘူးဘာလုပ်ရမလဲအကြံပေးပါအုံးဗျ
ချင်းတောင်တန်း
လွန်ခဲ့သော ၅ နှစ် ကဝက်
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
MDEP
Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မန်ဒါလီဘဲ
Hein Thu Ra Htike • ဖြေကြားချက် 1 ခု
ဆိတ်သားခွဲဈေး ဘယ်လောက်ရှိလဲဗျ ခုမှစမွေးမလို့ပါ ...ပြည်ဘက်မှာ
KoThet • ဖြေကြားချက် 1 ခု
ဖားသားပေါက်နဲ့ဖားအမေအဖေဘယ်မှာရောင်လဲဗျား
ကိုပြည့်ဖြိုးအောင် • ဖြေကြားချက် 0 ခု
ဆရာ ကျွန်တော် နွားမကည၁၂နာရီက အဖြူရေတွေ ကျနေတယ် ခုနေ့ခင်းလည်း ကျနေလို့ ညနေ၆နာရီက မေထုန်မဲ့နည်းနဲ့ သားစပ်လိုက်တယ် ခုည၁၀ နာရီမှာ အဖြူရေအနည်းငယ် ကျနေလို့ ဘယ်လိုဖြစ်တာလဲ ခင်ဗျာ
Ma wai • ဖြေကြားချက် 1 ခု
ဘယ်အချိန်မှာ သားဆက်ရမလဲ ခင်ဗျာ
Thant zin tun • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from MDEP
အားလုံး