သဘာဝအစာဖြင့် တီလားပီးယားငါး မွေးမြူနည်း
မွေးမြူရေးငါးများတွင် တီလားပီးယားကို မွေးမြူသူ များကြသော်လည်း ယနေ့ခေတ်ကာလ ကုန်စျေးနှုန်းများကြီးမြင့်မှုကြောင့် ငါးမွေးတောင်သူများအနေဖြင့် ငါးစာကုန်ကျစရိတ်အတွက် အခက်ကြုံနေကြရပါသည်။ ထို့ကြောင့် ငါးစာစရိတ်အကုန်အကျ သက်သာစေရန် တီလားပီးယားငါးကို သဘာဝအစာဖြင့် မွေးမြူနည်းကို ဖော်ပြပေးသွားပါမည်။ သဘာဝအစာဖြင့် မွေးမြူနည်းကို မဖော်ပြမီ တီလားပီးယားငါး၏ ခန္ဓာဗေဒအချက်အလက်များကို ငါးမွေးမြူသူမှ သိရှိထားရန်လိုသဖြင့် ဦးစွာပထမ ဖော်ပြပေးပါမည်။
တီလားပီးယားငါး၏ မူရင်းဒေသနှင့် ပုံသဏ္ဌာန်
တီလားပီးယားငါးသည် ရေချိုရေငန်ဒေသရှိ ရေတိမ်ရေနက်နှစ်မျိုးစလုံးတွင် နေထိုင်ကျက်စားကြသည်။ ထိုသဘာဝကြောင့်ပင် ရေတိမ်ရေနက် နှစ်မျိုးစလုံးတွင် မွေးမြူနိုင်သည်။ မူရင်းဒေသမှာ တောင်အာဖရိကတိုက်ဟု သိရသည်။ ထိုမှတစ်ဆင့် အခြားနိုင်ငံများ သို့ ပျံ့နှံ့သွားသည်။ ပုံပသဏ္ဌာန်သည် ခပ်ပြားပြားဖြစ်ပြီး နှာရောင်ဝိုင်းသည်။ ကျောဆူးတောင်သည် ဦးခေါင်းနားမှ အမြီးနားအထိ ရှည်ပြီးမာသည်။ ဝမ်းဆူးတောင်နှင့် ရင်ဆူးတောင်ရှိသည်။ အမြီးဆူးတောင်သည် အနည်းငယ်ဝိုင်းသယောင်ရှိသည်။ ကိုယ်အထက်ပိုင်းတွင် ကန့်လန့်ဖြတ်အစင်းတချို့ရှိသည်။ ကိုယ်ရောင်သည် ပတ်ဝန်းကျင်ကိုလိုက်၍ ပြောင်းလဲမှုရှိသည်။ တချို့ဒေသတွင် မီးခိုးရောင်ကဲ့သို့ အရောင်နှင့် အနက်ရောင်ကဲ့သို့ အရောင်မျိုးကို တွေ့နိုင်ပါသည်။ သို့သော် တီလားပီးယားငါးသည် စပ်မျိုးများတွင်မူ အနီရောင်နှင့် အပြာရောင်မျိုးရှိသည်ဟုလည်း သိရသည်။
သဘာဝအစာဖြင့် မွေးမြူနိုင်သော တီလားပီးယားငါး
တီလားပီးယားငါးသည် အခြားငါးများနှင့် မတူသည့်အချက်ရှိသည်။ ထိုအချက်မှာ အခြားငါးတချို့ မမွေးမြူနိုင်သော မြေညံ့များ၊ ချိုင့်များပါမကျန် မွေးမြူနိုင်ခြင်းဖြစ်သည်။ တီလားပီးယားသည် ကန်အတွင်း အလွယ်တကူသားပေါက်လေ့ရှိကြသည်။ ထို့ကြောင့် ယခုအခါ စီးပွားဖြစ်မွေးမြူကြသလို တစ်ပိုင်တစ်နိုင်လည်းမွေးမြူလေ့ရှိကြသည်။ တီလားပီးယားအသားတိုးတစ်နိုင်မွေးမြူမည်ဆိုပါက ကန်ကို ၁၅ × ၅၀ ပေနှင့် ကန်အနက် ၅ပေဆို အဆင်ပြေသည်။ စီးပွားဖြစ်မွေးမြူမည်ဆိုပါက ငါးကန်ကို အလျား/အနံ ပေ ၁၀၀ ပတ်လည်ရှိသော ကန်မျိုးဖြင့် မွေးမြူနိုင်သည်။ ကန်အနက်သည် ၄ပေ- ၅ပေခန့် ဖြစ်သည်။
ငါးကန်သည် ရေလွှမ်းတတ်သောနေရာမဖြစ်ဖို့ လိုသည်။ ထို့ပြင် ငါးကန်အတွင်း အခြားအသားစားငါးများ မဝင်အောင် ဂရုစိုက်ရသည်။ ဤသို့ဂရုစိုက်ပါမှ တီလားပီးယားသားပေါက်များအား အခြားအသားစားငါးများ စားသောက်ခြင်းမှ ကာကွယ်နိုင်မည် ဖြစ်သည်။ ငါးကန်နေရာသည် သဲမြေမဖြစ်ဖို့ လိုသလို အရိပ်မရှိသောနေရာဖြစ်ဖို့လည်း လိုပါသည်။ ထို့နောက်တီလားပီးယားငါးမျိုး များကို ငါးမျိုးကန်မှ အသားတိုးကန်သို့ ရွှေ့ပြောင်းမွေးမြူရပါမည်။ ငါးကန်တွင် ရေထုတ်ပေါက်နှင့် ရေသွင်းပေါက် ပြွန်တစ်ခုစီ ရှိရမည်။ ထိုပြွန်မှ အခြားငါးများ မဝင်အောင်လည်း သံဇကာစိပ်စိပ်ဖြင့် လုံအောင်ပိတ်ကာထားဖို့ လိုပါသည်။
တစ်ဧကကျယ်ဝန်းသော ငါးကန်အတွင်း ဝင်ဆံ့မွေးမြူသင့်သော ငါးအရေအတွက်မှာ ငါးအထီးနှင့် အမကောင်ရေ ၁၀၀ မှ ၁၅၀ ခန့်အထိ ထည့်သွင်းမွေးမြူနိုင်ပါသည်။ ငါးသားပေါက်ကို ထည့်သွင်းမွေးမြူမည်ဆိုပါက တစ်လက်မမှ နှစ်လက်မအရွယ်ခန့် ငါးသားပေါက် ၂၀၀၀ အထိ ထည့်သွင်းမွေးမြူနိုင်သည်။

သဘာဝအစာကျွေးနည်း
တီလားပီးယားငါးသည် မွေးမြူသင့်သောငါးမျိုးဟု ဆိုရပေမည်။ အကြောင်းမှာ ကြီးထွားနှုန်း မြန်သလို အစာမကျွေးဘဲမွေးမြူ၍ ရနိုင်သောကြောင့် ဖြစ်သည်။ အစာကျွေးမွေးပါကလည်း ကြီးထားနှုန်း အလွန်မြန်သည်။ ထို့ပြင် သဘာဝအစာဖြစ်သော သစ်ရွက်များကိုလည်း တီလားပီးယားငါးများသည် စားသုံးလေ့ရှိကြသည်။ ဥပမာ-ရေမှော်ပင် နှင့် ရေညှိပင်များ ဖြစ်သည်။
ငါးကန်အတွင်းသို့ သဘာဝအစာများဖြစ်သော သစ်ရွက်စိမ်း၊ မြက်ပင်စိမ်း၊ အမှိုက်ဆွေးနှင့် သစ်ပင်သစ်ရွက်ဆွေးများကို တစ်လတစ်ကြိမ်ခန့် ထည့်ပေးနိုင်ပါသည်။ သစ်ရွက်စိမ်းနှင့် မြက်ပင်စိမ်းများကို နုတ်နုတ်စင်း၍ ထည့်ပေးရပါမည်။ ဖွဲနု၊ အုန်းဆီဖတ်၊ ပဲဖတ်နှင့် နှမ်းဖတ်တို့ကိုလည်း ကျွေးပေးနိုင်သည်။ နွားချေး၊ ကြက်ချေးနှင့် ဘဲချေးထည့်ရာတွင် ကန်နေရာအနှံ့ ထည့်ပေးဖို့လိုပါသည်။
သစ်ရွက်၊ ရေညှိ၊ ရေမှော်ကဲ့သို့ သဘာဝအစာကျွေးပါက ထိုငါးများသည် နောက်ပိုင်း အသားမစားတော့ပေ။ ထို့ကြောင့် အသားသီးသန့်မကျွေးရသည့်အပြင် သဘာဝအစာကျွေးနိုင်သဖြင့် ကုန်ကျစရိတ်လည်း သက်သာသောကြောင့် တီလားပီးယားငါးကို တစ်ပိုင်တစ်နိုင်အနေဖြင့်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း မွေးမြူသင့်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ငါးမွေးမြူနည်း
chit
လွန်ခဲ့သော ၂ နှစ် ကရေပေါလှောင်အိမ်ပိုက်ဖြင့်
chit
လွန်ခဲ့သော ၂ နှစ် ကတီလားပီးယားငါး ကိုရေပိုက်ဖြင့်မွေးမြူနည်းလမ်းမျဝေစေချင်ပါတယ်
koko
လွန်ခဲ့သော ၂ နှစ် ကငါးခူ သားဖေါက်မွေးမြူးနည်းပညာ လေးအပြည့်အစုံသိချင်ပါသည်
နှင်းဖြူဖြူ
လွန်ခဲ့သော ၃ နှစ် ကThanks for your suggestion
MR FISH
လွန်ခဲ့သော ၃ နှစ် ကThe nutritional requirements for each culture fish species should be noted. Such as for tilapia feed the protein percentage need to include within 25 to 30. if not the rearing period takes long around 10 to 12 months. I would like to suggest in tilapia feed the ingredients need to mix at least two ingredients. Thanks
ဆက်စပ်မေးခွန်းများ
ရွှံ့ဂဏန်းဘယ်လိုမွေးလည်း။အကြယ်အဝန်းဘယ်လောက်ဆိုရလည်း။
အောင်ပိုင်ထွေး • ဖြေကြားချက် 1 ခု
ငါး
Zaw Win Htut • ဖြေကြားချက် 0 ခု
ငါးမွေးမြူဖို့ဘာတွေသိထားသင့်လဲ အခုမှစလုပ်မှာမို့လို့ပါ
Shine Trading And Manufacturing • ဖြေကြားချက် 3 ခု
ငါးခူမွေးချင်တယ် တာပေါ်လင်ကန်နဲ့ပါ မွေးမြူရေးနည်းပညာနဲ့ စနစ်တကျမွေးမြူပြီး ရေအနေအထားတွေဘယ်လိုပြင်ဆင်ရမလဲ သိချင်ပါတယ်။
Aung Lay • ဖြေကြားချက် 1 ခု
တစ်ပိုင်တစ်နိုင် ငါးခူမွေးချင်လို့ပါ။ အခုမှစမွေးမှာမို့ တာပေါ်လင်ကန်ဖြင့်မွေးချင်ပါတယ်။ ငါးခူသားပေါက် အစာ ဆေး အစရှိတာတွေကို ဘယ်မှာဝယ်ယူရရှိနိုင်ပါသလဲခင်ဗျာ့။ ပုသိမ်မြို့နှင့်အနီးတဝိုက်ဆိုပိုအဆင်ပြေပါတယ်ခင်ဗျာ့။
wai lwin oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....