သဘာဝကန်စနစ်ဖြင့် ငါးရှဉ့်ငါးမွေးမြူနည်း အပိုင်း (၂)
အသားဓာတ်(Protein)ပြည့်ဝသည့် ငါးရှဉ့်အစာပြုလုပ်ရာတွင်...
ဆန်ကွဲ၊ ဖွဲနု၊ ဖွဲကြမ်း၊ ပဲဖတ်အကောင်း/အပျက်နှင့် ငါး၊ ပုစွန်၊ ကြက်ဥ၊ ဘဲဥ၊ အာလူးပုပ်၊ သရက်သီးပုပ် တစ်မျိုးမျိုးတို့ကို ပါဝင်ပစ္စည်းအဖြစ် လိုအပ်ပါသည်။
ပြုလုပ်နည်းမှာ-
- ၁။ ဆန်ကွဲ၊ ဖွဲနု၊ ပဲကြမ်း၊ ပဲဖတ်အကောင်း/အပျက်များကို ၁ ညအိပ် ရေစိမ်ပါ။
- ၂။ ပြီးလျှင် ငါး၊ ပုစွန်၊ ကြက်ဥ၊ ဘဲဥ၊ အာလူးပုပ်၊ သရက်သီးပုပ် တစ်မျိုးမျိုးကိုလည်း ၅% ရောစပ်ပါ။
- ၃။ နောက်တစ်နေ့ နံနက်ပိုင်းတွင် နေနှင့်မိုးလွတ်မည့် အရိပ်ရသော တစ်နေရာ၌ ၁ ညအိပ်ရေစိမ်ထားသောပစ္စည်းများကို ဆန်ကော၊ လင်ဗန်း၊ ပလတ်စတစ်အခင်း၊ မြေတလင်း တမျိုးမျိုးတွင် လက်မဝက်အထူခန့် ဖြန့်ခင်းပါ။
- ၄။ (၂)နာရီအတွင်း ယင်ကောင်များဥပြီး သားလောင်းများ ပေါက်ဖွားလာသည်ကို တွေ့ရပါမည်။
- ၅။ နောက်တနေ့နံနက်(၁၀)နာရီအချိန်တွင် အကောင်းဆုံးပရိုတင်းဓာတ် ပြည့်ဝအစာအဖြစ် ကန်အတွင်း ထည့်ကျွေးနိုင်ပါသည်။
လျှပ်စစ်မီးရရှိသောနေရာဖြစ်ပါက ကန်ရေပြင်အထက် (၃)ပေခွာ၍ မီးချောင်းများထွန်းပေးခြင်းဖြင့် အင်းဆက်ပိုးမွှားများကို အစာအဖြစ် ဖန်တီးနိုင်ပါသည်။
ကြီးထွားနှုန်း
- အရွယ်ရောက်ပြီး ရောင်းသင့်သောအရွယ် (အသက်အားဖြင့် ၃ လခွဲအရွယ်) ငါးရှဉ့်ကြီး ၅ ကောင်လျှင် ၁ ပိဿာကျော်ခန့်နှုန်း အလေးချိန် ရှိနိုင်ပါသည်။
- ငါးရှဉ့်ငယ် အကောင် ၃၀၀ ခန့်မှာ ၁ ပိဿာပင် မပြည့်ပါ။ ထို့ကြောင့် ငါးရှဉ့်ငယ်အကောင် ၃၀၀ ခန့်ကို မဖမ်းဘဲ (သို့မဟုတ်)မွေးမြူထားလျှင် ၃ လအတွင်း ငါးရှဉ့်ကြီး ၅၀ ပိဿာခန့် ဖြစ်လာနိုင်ပြီး စျေးကောင်းရရှိနိုင်ပေမည်။
ဖမ်းဆီးရောင်းချခြင်း
- မျိုးစထည့်စဉ်က အရွယ်စုံသဖြင့် ၁ လအတွင်းမှာပင် ရောင်းတန်းဝင်ငါးရှဉ့်ကြီးများ အနည်းနှင့်အများ ရရှိနိုင်သဖြင့် စတင်ဖမ်းဆီးရပါမည်။
- ဖမ်းဆီးရာတွင် အစာကို ၁ ရက်ဖြတ်ထားပြီး နောက်နေ့ညတွင် အစာထည့်မြှုံးအကြီး (၂ ပေ x ၁ ပေ x ၃ ပေ အရွယ်ရှိ အခင်းပါသော ဝါး၊ သံ၊ စတီး တစ်မျိုးမျိုးဖြင့် ပြုလုပ်ထားသော အကွက်ကျဲမြှုံး)ဖြင့် ဖမ်းရပါမည်။
- မြှုံးကို ၃ နာရီကြာ ၁ ခါ ဖော်ရပါမည်။
- ဖမ်းမိသောငါးရှဉ့်များထဲမှ ရောင်းတန်းမဝင်သော ငါးရှဉ့်များကို ပြန်လွှတ်မွေးထားရပါမည်။
- ပုံမှန်အားဖြင့် ၁၅ ရက် ၁ ကြိမ် ဖမ်းပေးရပါမည်။
- ၁၅ ရက် ၁ ကြိမ် ငွေပေါ်သဖြင့် လုပ်ငန်းလည်ပတ်ရာတွင်လည်းကောင်း၊ တိုးချဲ့ရာတွင်လည်းကောင်း အထောက်အပံ့ ဖြစ်စေပါသည်။
- အကောင်ကြီးသော ငါးရှဉ့်များမှာ ပြည်ပစျေးကွက်တွင်သာမက ပြည်တွင်းဟိုတယ်စျေးကွက်တွင်ပါ စျေးကောင်းပိုမိုရရှိနိုင်ပါသည်။
Ref:သင်တန်းမှတ်စုများ။
https://greenwaymyanmar.com/posts/Eel_Natural_Pond_Farming
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Lin young chi
လွန်ခဲ့သော ၃ နှစ် ကမျက်စိ စပ်ပီး သေတယ်
မောင်ထက်လင်းအောင်
လွန်ခဲ့သော ၃ နှစ် ကငါးရှဉ့်ကရေငန်မှာရောအဆင်ပြေလားဗျ
ဆက်စပ်မေးခွန်းများ
ရွှံ့ဂဏန်းဘယ်လိုမွေးလည်း။အကြယ်အဝန်းဘယ်လောက်ဆိုရလည်း။
အောင်ပိုင်ထွေး • ဖြေကြားချက် 1 ခု
ငါး
Zaw Win Htut • ဖြေကြားချက် 0 ခု
ငါးမွေးမြူဖို့ဘာတွေသိထားသင့်လဲ အခုမှစလုပ်မှာမို့လို့ပါ
Shine Trading And Manufacturing • ဖြေကြားချက် 3 ခု
ငါးခူမွေးချင်တယ် တာပေါ်လင်ကန်နဲ့ပါ မွေးမြူရေးနည်းပညာနဲ့ စနစ်တကျမွေးမြူပြီး ရေအနေအထားတွေဘယ်လိုပြင်ဆင်ရမလဲ သိချင်ပါတယ်။
Aung Lay • ဖြေကြားချက် 1 ခု
တစ်ပိုင်တစ်နိုင် ငါးခူမွေးချင်လို့ပါ။ အခုမှစမွေးမှာမို့ တာပေါ်လင်ကန်ဖြင့်မွေးချင်ပါတယ်။ ငါးခူသားပေါက် အစာ ဆေး အစရှိတာတွေကို ဘယ်မှာဝယ်ယူရရှိနိုင်ပါသလဲခင်ဗျာ့။ ပုသိမ်မြို့နှင့်အနီးတဝိုက်ဆိုပိုအဆင်ပြေပါတယ်ခင်ဗျာ့။
wai lwin oo • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026