တီလာပီးယား လိင်ပြောင်းလဲခြင်းလုပ်ရန်အတွက် ဟိုမုန်းရောစပ်စာပြင်ဆင်ခြင်း
တီလားပီးယားငါးလိင်ပြောင်းလဲရန်အတွက် ဟိုမုန်းထည့်ထားသည့်အစာ၏အရေးပါပုံ ကိုသိရှိသွားကြပြီဆိုတော့ ဒီနေ့မှာ ဟိုမုန်းရောစပ်စာပြင်ဆင်ပုံကိုဖော်ပြပေးလိုက်ရပါတယ်။
ဟိုမုန်းရောစပ်စာပြင်ဆင်ရာတွင်-
(၁) ဟိုမုန်းဖြင့် အလုပ်မလုပ်မီ ရာဘာလက်အိတ်များ၊ နှာခေါင်းစည်းများ ဝတ်ဆင်ပါ။
(၂) ကြိုတင်ပြင်ဆင်ထားသော 17-a methyl testosterone ဟိုမုန်းဖျော်ရည် ၁၂၀ မီလီလီတာအား ဘီကာဖန်ခွက်အတွင်းသို့ ချိန်တွယ်ထည့်ပါ။

(၃) လတ်ဆတ်သည့် ၉၉ရာခိုင်နှုန်း အီသိုင်း အယ်ကိုဟော ၁၂၀ မီလီလီတာ အားချိန်တွယ်ပြီး အခြား ဘီကာ ဖန်ခွက် အတွင်းသို့ ထည့်ပါ။
(၄) ၉၉ ရာခိုင်နှုန်း အီသိုင်း အယ်ကိုဟော၁၂၀ မီလီလီတာ အတွင်းသို့ ဟိုမုန်းဖျော်ရည် ၁၂၀ မီလီလီတာ အားထည့်ပါ။
(၅) ဗီတာမင်စီ ၁၀ဂရမ်အမှုန့်အား ချိန်တွယ်ပါ။
(၆) ဗီတာမင်စီ အမှုန့်အား ၂၄၀ မီလီလီတာ ဖျော်ရည်အတွင်းသို့ ထည့်ပါ။
(၇) ထည့်သည့် ခွက်အား အဖုံးဖုံးပါ။ ထို့နောက် ထည့်ထားသည့် ဗီတာမင် စီပျော်ဝင်သွားစေရန် သေချာစွာမွှေပါ။
(၈) အားလုံးပျော်ဝင်သွားပါက ၎င်းပျော်ရည်အား ရေဖျန်းခေါင်းပါသည့် ဗူးအတွင်းသို့ထည့်ပါ။
(၉) ၁ ကီလိုဂရမ်ရှိသည့် ငါးခြောက်မှုန့် (သို့) စီးပွားဖြစ်ထုတ်လုပ်ထားသည့် အရည်အသွေးမီ ငါးငယ် ပြုစုရန် အစာမှုန့်အား သန့်ရှင်းသည့် ပလတ်စတစ်ဇလုံ အတွင်းသို့ထည့်ပါ။
(၁၀) ဟိုမုန်းဖျော်ရည်အား စက်ဖြင့် မွှေခြင်း (သို့) လက်ဖြင့် မွှေခြင်းဖြင့် အစာအတွင်း ညီမျှစွာ ရောသွားစေရန် လုပ်နိုင် ပါသည်။
(၁၁) လက်ဖြင့်ပြုလုပ်ပါက ဟိုမုန်းဖျော်ရည်အား အစာပေါ်သို့ အနည်းငယ်စီ ဖျန်းပေးရပါမည်။ အစာပုံ အရောင်ရင့်လာသည် အထိဖျန်းပေးပါ။ ထို့နောက် လက်ဖြင့် သေချာစွာမွှေပေးပါ။ (ရာဘာလက်အိတ်များ အားဝတ်ဆင်ထားရပါမည်)။
(၁၂) ဟိုမုန်းဖျော်ရည်အားလုံး ထည့်သွင်းပြီးသည်အထိ ဆက်လက်ဖျန်းရန် နှင့် ရောမွှေပေးရမည်ဖြစ်ပါသည်။
(၁၃) ဟိုမုန်းဖျော်ရည်အား အစာပေါ်သို့ မျှတအောင် ဖျန်းပြီးပါက လက်ဖြင့် သေချာနှံ့စပ်အောင် မွှေပါ။ ထို့နောက် ဟိုမုန်းရောစပ်စာအား ဇကာအစိပ် ဖြင့်စစ်ပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် ဟိုမုန်းရောစပ်စာအတွင်း အစာဖတ်များ ကျန်မနေစေရန်သေချာဆောင်ရွက်ပါ။
(၁၄) ဟိုမုန်းရောစပ်စာအား အခန်းအပူချိန်တွင် အခြောက်ခံပါ (သို့) ဖြည့်ညင်းစွာ လည်ပတ်နေသည့် ပန်ကာအား ဖွင့်ပြီး ခြောက်သွေ့အောင်လုပ်ပါ။
(၁၅) ဟိုမုန်းရောစပ်စာအား ဖော်စပ်ပြီးလျှင်ပြီးချင်း အသုံးပြုနိုင်သကဲ့သို့ တံဆိပ်ကပ်ပြီး အမှတ်အသားရေးပါ။ အလုံပိတ်ပလတ်စတစ်အိတ်တွင်းထည့်သို့မဟုတ် ပလတ်စတစ်ဗူးအတွင်းထည့်ပြီး ရေခဲသေတ္တာအတွင်း ၄ မှ ၆ ဒီဂရီစင်တီဂရိတ် တွင်ထားပါက ၂၁ရက်အသုံးပြုနိုင်ပါသည်။
Ref: တီလားပီးယားငါးသားဖောက်ခြင်းနှင့် သားပေါက်အဖိုများ ထုတ်လုပ်ခြင်းစာအုပ်မှကောက်နုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
နွားဝစေရန်ရန်ဆေးနည်းလေးရှိရင်ပြောပြပါ
Min Maung • ဖြေကြားချက် 2 ခု
ဆိတ်စာချဉ်ဖတ် လုပ်လို့ရတယ်ပြောကြတယ်။ ဘယ်လိုလုပ်ရသလဲ ပြောပေးပါ။
Min Soe • ဖြေကြားချက် 1 ခု
ဝက်မွေးမြူရေးတွင် ဝက်များအတွက် လိုအပ်သော လိုင်ဇင်းဓါတ်ကို သဘာဝအစားအစာများတွင် မည်သည့်အပင်/အစားအစာက ရရှိနိုင်သနည်း။သို့မဟုတ် လိုင်ဇင်ဓါတ်ရရှိအောင်မည်သို့ ဆောင်ရွက်ရမည်နည်း
Kyaw Thu Lin • ဖြေကြားချက် 1 ခု
Mineral block နွားလျှက်ဓာတ်ဆားခဲ့မကွေးမြို့ဘယ်မှာဝယ်လို့ရလည်းဗျ
ဖြိုးဝေယံစိုး • ဖြေကြားချက် 0 ခု
ငါးကန်အတွက်emလုပ်နည်း
MgHtike • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026