ဝက်များတွင် အဖြစ်များသော စိန်ကွက်နာရောဂါကို ကာကွယ်ကုသနည်း
ဝက်မွေးမြူသူများအနေဖြင့် ကြီးထွားဆဲဝက်များတွင် ဘက်တီးရီးယားကြောင့်ဖြစ်သော စိန်ကွက်နာရောဂါ အကြောင်းကို သိရှိထားရန်လိုသဖြင့် ကာကွယ်ကုသနည်းကို ဖော်ပြပေးလိုက်ပါသည်။
ရောဂါဖြစ်ပွားသည့် အကြောင်းအရင်းမှာ
- Erysipelothrix rhusiopathiae ဟုခေါ်သော ဘက်တီးရီးယား တစ်မျိုးကြောင့် ဖြစ်ပွားရပါသည်။
အဆိုပါရောဂါကို ကြီးထွားဆဲဝက်များတွင် အဓိကတွေ့ရ တတ်ပြီး သေဆုံးနိုင်သောရောဂါ ဖြစ်ပါသည်။
ရောဂါကူးစက်ပုံမှာ
- ရောဂါဖြစ်ပွားသော ဝက်များ၏ တံတွေး၊ နှာရည် ၊ မစင်နှင့် ကျင်ငယ်ရေများနှင့် ထိတွေ့ခြင်းဖြင့် ဝက်အချင်းချင်း ရောဂါကူးစက်နိုင်ပါသည်။
- ဘက်တီးရီးယားပိုးသည် ဝက်ခန္ဓာကိုယ်ပြင်ပတွင် ၂ပတ် ခန့် အသက်ရှင်နေနိုင်ကြပါသည်။

ရောဂါလက္ခဏာများမှာ
- ဝက်အရေပြားသည် နီညိုရောင်ဖြစ်လာပြီး အရေပြားတွင် စိန်ပုံသဏ္ဍာန်အနာများ ဖြစ်ပေါ်လာပါမည်။
- ဦးခေါင်းနှင့် နားရွက်ဝန်းကျင်ရှိ အရေပြားတွင် ခရမ်းရောင် ပေါ်လာခြင်း၊
- ခန္ဓာကိုယ်အပူချိန်မြင့်တက်ပြီး အစာမစားခြင်း၊
- အရေပြားကိုထိပါက နာကျင်၍အော်ခြင်း စသည်တို့ကို တွေ့ရပါမည်။
အဆိုပါရောဂါသည် ရုတ်တရက် ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးနိုင်ပါသည်။
နာတာရှည်ရောဂါ ဖြစ်ပွားလာပါက
- အရိုးအဆစ်များ ရောင်ရမ်းခြင်း၊
- ထော့ကျိုးလမ်းလျှောက်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
- စိန်ကွက်နာရောဂါသည် သားပေါက်ဝက်မများတွင် အသေမွေးနှုန်းနှင့် ဝက်အခြောက်မွေးနှုန်း များပြားပါသည်။
- ဝက်သိုးများတွင် အပူချိန်ကြာရှည်စွာ မြင့်တက်နေခြင်း ကြောင့် မျိုးအောင်နှုန်းကျခြင်းများ ဖြစ်ပွားတတ်ပါသည်။
ကုသခြင်း နှင့် ကာကွယ်ခြင်း
- ဝက်စိန်ကွက်နာရောဂါကို ပဋိဇီဝဆေးထိုးခြင်း၊ တိုက် ကျွေးခြင်းဖြင့် ကုသနိုင်ပါသည်။
- ရောဂါဖြစ်ပွားမှု များပြားလာပါက ကာကွယ်ဆေးထိုးပေး ခြင်းဖြင့် ရောဂါထိန်းချုပ်နိုင်ပါသည်။
- ရောဂါဖြစ်ပွားသော ခြံနေရာနှင့် ပတ်လည်တွင် သန့်ရှင်း ရေး ပြုလုပ်ခြင်း၊ မွေးမြူရေးခြံသုံး ပိုးသတ်ဆေး ဖျန်းခြင်း များ ပြုလုပ်ပေးရပါမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ချစ်မင်းလူ
လွန်ခဲ့သော ၃ နှစ် ကဘာဆေးအမျိုးအစားကိုဘယ်လိုထိုးရမလဲခင်ဗျာ စာကိုတွေ့ရင်ပြန်လည်ဖြေကြားပေးပါ
ဆက်စပ်မေးခွန်းများ
နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ
အုန်းကျော် • ဖြေကြားချက် 1 ခု
မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။
အုန်းကျော် • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 1 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from ဦးဇော်(dof)
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....