နွားတွေမှာ လျှာပိုးထတတ်သလား?
နွားအစာမစားရင် လျှာပိုးရှိလို့ဆိုပြီး တောင်သူတွေက ထင်လေ့ရှိကြပါသည်။ တကယ်ရော လျှာပိုးရှိသလား။
နွားရဲ့ လျှာကို ဆွဲထုတ်၍ “ဒီမယ်ကြည့် အဖုလေးတွေအများကြီးဖြစ်နေတယ်”ဆိုပြီး ပြလေ့ရှိကြပါသည်။
တစ်ခါတရံ သူတို့ကိုယ်တိုင် နွားလျှာကို စတီးဇွန်းဖြင့်ခြစ်ခြင်း၊ ငရုတ်သီး၊ ဆားစသည်တို့ဖြင့် လျှာကိုပွတ်ခြင်း၊ ကျွဲ၊ နွားလျှာပွတ်ဆေးဖြင့်ပွတ်ခြင်းတို့ လုပ်တတ်ကြသည်။ ငြင်းချက်မထုတ်လိုပေ။ သို့သော် နွားတွေရဲ့ လျှာမှာ fungiform papillae:filiform papillae; circumvallate papillae ဆိုတဲ့ လျှာပေါ်မှာ အဖုငယ်လေးများ ယခင်ကတည်းကရှိပြီးသားပါ။
လျှာပေါ်မှာရှိတဲ့ အနီဖုငယ်လေးများ (fungiform papillae)ကို လျှာပိုးဆိုပြီး အထင်မှား ခြစ်နေကြပါသည်။ ဆား၊ ငရုတ်သီး၊ လျှာပွတ်ဆေးတွေနဲ့ ပွတ်တိုက်ပစ်နေကြသည်။ တကယ်တမ်း ယင်းအနီဖုငယ်လေးတွေမှာ အစာ၏အရသာကို အာရုံခံစားနိုင်သော အစိတ်ပိုင်းလေးတွေ ပါရှိပါသည်။ အရသာအာရုံကိုခံစားနိုင်သော အာရုံကြောတွေနဲ့ ဆက်သွယ်ထားပါသည်။ ဒါ့ကြောင့် လျှာပိုးထသည်ဟုဆိုပြီး ဇွန်း စသည်တို့ဖြင့် ခြစ်ရန် မလိုအပ်ပါ။
နွားများ လျှာဖြင့်လျှက်နေခြင်းသည် လျှာပိုးထ၍မဟုတ်ပါ။ တစ်ကောင်နှင့်တစ်ကောင် ရင်းနှီးသော အမူအရာကြောင့်သော်လည်းကောင်း၊ မိခင်က သားငယ်ကို မိခင်စိတ်ကြောင့်သော်လည်းကောင်း လျှာဖြင့် လျှက်လေ့ရှိကြသည်။
ထို့ပြင် စားကျင်း၊ နွားချည်တိုင်၊ နွားချည်ကြိုး၊ မြေကြီးစသည်တို့ကို လျှက်နေခြင်းသည် လျှာပိုးထ၍ မဟုတ်ပါ။ နွားခန္ဓာကိုယ်အတွက် လိုအပ်သော ဆားနှင့် အခြားသောသတ္ထုဓာတ်များ လိုအပ်ခြင်းကြောင့် လျှက်လေ့ရှိကြသည်။
ထိုအခါမျိုးတွင် လိုအပ်သော ဆား (သို့မဟုတ်) သတ္တုဓာတ်များထည့်ကျွေးခြင်း၊ ဗိုက်တာမင်ကဲ့သို့သော ဆေးဝါးများတိုက်ပေးခြင်း၊ အစာအာဟာရပြည့်ဝစွာကျွေးခြင်းဖြင့် ပျောက်ကင်းစေ နိုင်ပါသည်။
Ref:Dr.myat lin ( vet)၏ “နွားလျှာပိုး ထတတ်လား” ဆောင်းပါး။
အောင္နိုင်
လွန်ခဲ့သော ၂ နှစ် ကအမြီးကိုကိုက်တာအမွှေးတွေတိုနေပြီဆေးထိုးတာလည်းမရဘူး။ဘယ်လိုလုပ်ရမလဲလုပ်ရမလဲဗျ။
မချ။ိချ။ိမြင့်
လွန်ခဲ့သော ၃ နှစ် ကနွားအစားမစားလို့ဘာလုပ်ရမလဲးဆရာ
Aung San Win
လွန်ခဲ့သော ၃ နှစ် ကဘာဆေးထိုးရမလဲဆရာကူညီပေးပါ
Aung San Win
လွန်ခဲ့သော ၃ နှစ် ကနွားလေးနရွက်အေးတယ်ထိုင်းမိူင်တယ်သရေကျတယ်အဲဒါဘယ်ဖြစ်
ဦးဇော်(dof)
လွန်ခဲ့သော ၄ နှစ် ကဆောင်းပါး ကို ဖတ်ကြည့်ပါ ခင်ဗျ။
ဆက်စပ်မေးခွန်းများ
နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ
အုန်းကျော် • ဖြေကြားချက် 1 ခု
မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။
အုန်းကျော် • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 1 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from ဦးဇော်(dof)
အားလုံး