ကျွဲ၊ နွားများတွင် အဖြစ်များသည့် ပေါင်ပုပ်၊ လက်ပုပ် ရောဂါအကြောင်း
ပေါင်ပုပ်၊ လက်ပုပ် ရောဂါဆိုသည်မှာ နွား၏ ပေါင်ရင်း၊ လက်ရင်းများ၌ ရောင်ပြီး ပုပ်လာသည့်ရောဂါတစ်မျိုးဖြစ်ပါသည်။ ရောဂါဖြစ်သည့်နေရာကို လက်ဖြင့် ဖိကြည့်လျှင် ပျော့နေပြီး အသံတိုးတိုးလေးမြည်ပါသည်။ ၎င်းရောဂါသည် တစ်ကမ္ဘာလုံးမှ ကျွဲ၊ နွားများတွင်လည်း ဖြစ်တတ်သည့် ရောဂါဖြစ်သည်။ အချို့ဒေသများ၌ ပေါင်ကြီးနာ၊ ကျိတ်နာ၊ တင်းပါးနက်နာ၊ ဆွေးနာ ဟု အမျိုးမျိုး မှည့်ခေါ်ကြပါသည်။ ပေါင်ပုပ်၊ လက်ပုပ် ရောဂါဟုသာ လူသိများပါသည်။
ရောဂါဖြစ်ရသည့် အကြောင်းရင်းများ
၎င်းရောဂါသည် ကလော့စထရီးယံချိုဗွိုင်းရောဂါပိုး၊ ဗက်စီးလပ်စ်ချိုဗွိုင်းရောဂါပိုးကြောင့် ဖြစ်ရသည်ဟု တိရစ္ဆာန်ဆေးကုဆရာဝန်များ ပြောပြသဖြင့် သိရပါသည်။
မိုးဦးကျကာလနှင့် နွေမှ မိုးသို့ အကူးကာလများ၌ ဖြစ်ပွားတတ်ပါသည်။ သို့သော် ရောဂါပိုးမှာ အချိန်မရွေးရှိတတ်ပါသည်။ ၎င်းရောဂါသည် နွာ းအရွယ်မရွေးဖြစ်တတ်သော်လည်း နွားကလေးများတွင် ပို၍ အဖြစ်များပါသည်။
ရောဂါလက္ခဏာများ
- ပေါင်ပုပ်၊ လက်ပုပ် ရောဂါဖြစ်သော ကျွဲ၊ နွားသည် အပူချိန် ၁၀၄ ဒီဂရီအထိ အဖျားတက်နေ တတ်ပါသည်။
- အမွေးစောင်းခြင်း၊ ကျွဲ၊ နွား ခန္ဓာကိုယ်အရှေ့ပိုင်းသည် အေးနေတတ်ခြင်း၊ ခြေလက်တို့ အနည်းငယ်ရောင်ရမ်းနေခြင်း၊ ရောင်ရမ်းသည့်နေရာသည် ပူနွေးနေပြီး လက်ဖြင့်ဖိကြည့်လျှင် "တစီစီ" ဟု အသံမြည်နေတတ်ပါသည်။
- ကျွဲ၊ နွား၏ ခြေနှင့် လက်တို့သည် ထောင့်သန်းနာနေတတ်သလို ပုပ်နေသည့်နေရာကို ခွဲကြည့်လျှင် ညိုမည်းသည့်သွေးပုပ်များ ထွက်လာသည်။
- ကျွဲ၊ နွား၏ ရင်အုံနှင့် ကျောကုန်းတို့တွင်လည်း ၎င်းရောဂါဖြစ်တတ်ပါသည်။
ရောဂါကုသပုံ
- ဆေးမကုသမီ ရောဂါဖြစ်နေသော နွားကို ဝမ်းချူပေးရပါသည်။ လိုအပ်ပါက အနာကို ခွဲစိပ် ကုသရသည်။
- အလွယ်ကူဆုံးနည်းမှာ ဖြစ်စကိုသိလျှင် ထုံး၊ နနွင်းဖျော်ရည်ကို လိမ်းပေးနိုင်ပါသည်။ အုန်းဆီနှင့် နနွင်းကို ရောနှောပြီး လိမ်းပေးနိုင်ပါသည်။
- ဖရဲသီး အလုံးလိုက်ကို ရေနွေးဆူဆူပွတ်ပွတ်တွင် အငွေ့ပေးပြီး အနာရှိသောနေရာကို ဖရဲသီးနှင့် ထိကပ်ပြီး ဖြည်းဖြည်းချင်း လှိမ့်ပေးရပါမည်။
- စပါးလင်အမြစ်ကို သုံးခွက်တစ်ခွက်တင်ကျိုပြီး ရလာသောပြုတ်ရည်နှင့် ဖြူကောင်ဆူးကို ဆွတ်ပြီး ရောင်နေသည့်နေရာကို အကြိမ်ကြိမ် ထိုးပေးရပါမည်။
ဦးဇော်(dof)
မှီငြမ်း - ကျွဲ၊ နွား ရောဂါနှင့် ဆေးမြီးတို ကုသနည်းစာအုပ်မှ ကောက်နူတ်ဖော်ပါသည်။
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
အောင်ကိုကို
လွန်ခဲ့သော ၂ နှစ် ကနွားတစ်ကောင်နဲ့တစ်ကောင်ဘယ်လိုကူးစက်ပါသလဲ
Ko Myo
လွန်ခဲ့သော ၂ နှစ် ကဘာဆေးထိုရမလဲ
နေထက်
လွန်ခဲ့သော ၃ နှစ် ကဘာဆေးထိုးလို့ရသလဲ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ
အုန်းကျော် • ဖြေကြားချက် 1 ခု
မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။
အုန်းကျော် • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 1 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from ဦးဇော်(dof)
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....