အစိမ်းရောင်လမ်း
ဆိတ်ရောဂါမဖြစ်စေရန်ကြိုတင်ကာကွယ်ရမယ့်နည်းလမ်းများ

ဆိတ်ရောဂါမဖြစ်စေရန်ကြိုတင်ကာကွယ်ရမယ့်နည်းလမ်းများ

Green Way
Green Way 24/03/2022

   ဆိတ်ခြံတွင်းသို့ ဆိတ်အသစ်ဝင်ရောက်လာတဲ့အခါ ကာကွယ်ဆေးထိုးပြီးသားဖြစ်ရပါမယ်။ ရှိပြီးသားဆိတ်တွေနဲ့ မရောခင် ရက်အနည်းငယ်သီးခြားထားပြီးတော့လည်း စောင့်ကြည့်သင့်ပါတယ်။ ကောင်းမွန်တဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှုက နေ့စဉ်အနီးကပ်ပြုစုခြင်းမှ စတင်ပါတယ်။ ဆိတ်တစ်ကောင်ချင်းစီကို အနီးကပ်ကြည့်သင့်ပြီးတော့ ပတ်ဝန်းကျင် အနေအထားပြောင်းလဲမှုကိုလည်း အမြဲသတိထားနေရပါမယ်။ နေ၊ မိုး၊ လေဒဏ် တို့ကို ကာကွယ်ပေးရမှာ ဖြစ်ပြီးတော့ စွမ်းအင်၊ အသား၊ ဗီတာမင်၊ အနည်းလို အာဟာရနဲ့ ရေတို့ကို လုံလောက်အောင်ထောက်ပံ့ထားသင့်ပါတယ်။

 

(၁) ကိုယ်ဝန်ဆောင်ဆိတ်မကြီးကို ကာကွယ်ရမယ့်နည်းလမ်း

နေ့စဉ်လှုပ်ရှားမှုပြုလုပ်ပေးရပါမယ်။ ကိုယ်ဝန်ရင့်လာတာနဲ့ အမျှ စွမ်းအင်နဲ့ အသားဓာတ်ကို ဖြည့်စွက်ကျွေးမွေးရပါမယ်။ တကယ်လို့ မိမိနေရာက ဆီလီနီယံ ချို့တဲ့တဲ့ ဧရိယာဖြစ်ပါက ဗီတာမင် အီးနဲ့ ဆီလီနီယံကို ကလေးမဖွေးမွားမီ ရက် ၆၀ အလိုမှာထည့်ကျွေးရပါမယ်။ ဆေးအဆမများစေရန်လည်း ဂရုပြုရမှာဖြစ်ပြီးတော့ ရုတ်တရက်သေဆုံးခြင်းနဲ့ အဆိပ်သင့်၍ သေဆုံးခြင်းကို တွေ့ရှိရပါက ကလေးမမွေးမီ ၃ပတ်အလိုမှာ Clostridium perfriengens C  နဲ့ D ကိုထိုးပေးရပါမယ်။ ဆိတ်မကြီးကလေးမွေးပြီးမှ သံချဆေးပေးရင်ပိုကောင်းပြီး ကလေးမွေးပြီးချိန်က သံကောင်အများဆုံးကာလလို့ ဆိုနိုင်ပါတယ်။ ဆိတ်မကြီးကို သံချပေးခြင်းကြောင့် ဆိတ်ကလေးငယ်ကို ဖျားနာဒဏ်မခံရစေနိုင်ပါ။

 

 

(၂) အသက် ၃ပတ်မှ ၃လအထိဆိတ်ငယ်ကို ကာကွယ်ရမယ့်နည်းလမ်း

တစ်နှစ်ပတ်လုံးစာ လုံလောက်တဲ့ ကာကွယ်ဆေးတွေကို လိုက်နာဆောင်ရွက်ရပါမယ်။ မေးခိုင်ရောဂါကာကွယ်ဆေးကို ၀.၅ မီလီမီတာနှုန်းနဲ့ ၄ပတ်ခြားပြီး ၂ကြိမ်ထိုးပေးရပါမယ်။ ကူးစက်တတ်တဲ့ ပါးစပ်နာရောဂါ (ပသက်) ကို အမြီးအောက်ဘက် သို့မဟုတ် တံတောင်ဆစ်ကွေးရဲ့ အောက်ဘက်အရေပြားအောက်မှာ ကာကွယ်ဆေးထိုးနိုင်ပါတယ်။ ဆေးထိုးထားတဲ့ နေရာကို ၃ ရက်မြောက်နေ့မှာ အနာဖေးရှိ၊ မရှိ သေသေချာချာ စစ်ဆေးရပါမယ်။ အနာဖေးပေါ်လာတာက ကာကွယ်ဆေးအောင်မြင်တဲ့ လက္ခဏာဖြစ်ပြီးတော့ ရောဂါအဖြစ်များတဲ့ နေရာတွေမှာတော့ ၂နှစ်ခြားပြီး နောက်တစ်ကြိမ်ကာကွယ်ဆေးထိုးပေးရပါမယ်။

 

Clostridium perfriengens Cနဲ့ D ကာကွယ်ဆေးကို သွေးဆိပ်တက်ရောဂါ (အစားလွန်ရောဂါ) ကာကွယ်ရန်ထိုးပေးရပါမယ်။

 

Ckostridium chauvoei /Septicum /Novyi/ Sordellii ကာကွယ်ဆေးတွေကို ပေါင်ပုပ်၊ လက်ပုပ်၊ ဖောရောင်ခြင်းနဲ့ ၎င်းတို့သက်ဆိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

 

ဆီလီနီယံနဲ့ ဗီတာမင်အီးတို့ကို ၃ပတ်၊ ၇ပတ် နဲ့ ၁၂ ပတ်သားတို့မှာ ကျွေးပေးရပါမယ်။

၎င်းဓာတ်တွေချို့တဲ့ပါက လှုပ်ရှားမှုနှေးကွေးခြင်း၊ ကြွက်သားတွေပျက်စီးခြင်းနဲ့ မြေဖြူရောင်ဖြစ်စေတဲ့ ရောဂါကို ခံစားရတတ်ပါတယ်။

ဆိတ်ငယ်တွေက အတွင်းနဲ့ အပြင်ကို ကပ်ပါးပိုးတွေရဲ့ ထိခိုက်မှုကို ခံစားရလွယ်ပါတယ်။

မွှားနဲ့ လှေးပိုးတွေကို ကာကွယ်ပေးရန်အတွက် မကြာခဏသန်ချပေးဖို့လည်း လိုအပ်ပါတယ်။

 

Ref; စိုက်ပျိုးပညာပေးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ထုတ်ဝေသော ခေတ်မီမွေးမြူရေး နည်းပညာများစာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်မေးခွန်းများ

နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ

အုန်းကျော် • ဖြေကြားချက် 1 ခု

မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။

အုန်းကျော် • ဖြေကြားချက် 1 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 1 ခု

နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့

tinwinesein • ဖြေကြားချက် 2 ခု

ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်

အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။