ကြက်သွန်ဖြူ ကြက်ဆေး
ကြက်သွန်ဖြူဟာ လူတွေအတွက် အအေးမိခြင်းနဲ့ တုပ်ကွေးဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်သလို ကြက်တွေ အတွက်လည်း ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်..။
ကြက်သွန်ဖြူကို ရှေးခေတ်အီဂျစ်လူမျိုးတွေက ဆေးအဖြစ် အသုံးပြုခဲ့ကြသလို ယနေ့ခေတ်မှာလည်းကျန်းမာရေးဖြည့်စွက်ဆေးအဖြစ် လူသိများလာပါတယ်..။
ကြက်သွန်ဖြူကို စားသုံးပေးရင် ကင်ဆာရောဂါဖြစ်နိုင်ချေနည်းပြီး နှလုံးရောဂါဖြစ်နိုင်ချေကိုလည်း လျော့ကျစေပါတယ်..။ ဒါ့အပြင် ကိုလက်စထရောနဲ့ သွေးဖိအားကိုလည်း လျှော့ချပေးနိုင်တဲ့ အကျိုးကျေးဇူးတွေလည်း ရှိတယ်လို့ ဆိုပါတယ်..။
အဲ့လို လူတွေအတွက် ကျန်းမာရေးအကျိုးများတဲ့ ကြက်သွန်ဖြူဟာ ကြက်မွေးမြူရေးမှာလည်း ဆေးအဖြစ် အသုံးတည့်ပြီး ဘယ်လိုမျိုးအသုံးတည့်တာလဲ ဆိုတာကို ဖော်ပြပေးသွားပါမယ်..။
ကြက်သွန်ဖြူဟာဆိုရင် ကြက်တွေအတွက် ရောဂါပိုး ကူးစက်ခြင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ကာကွယ်ပေးသလို အစာစားချင်စိတ်နဲ့ကြက်ဥအရွယ်အစားအပေါ်ကိုလည်း ကောင်းမွန်တဲ့ သက်ရောက်မှုတွေ ရှိပါတယ်..။
ဘယ်လိုပုံစံနဲ့ အသုံးပြုနိုင်မလဲ..
ကြက်အစားအစာထဲမှာ ထည့်သွင်းအသုံးပြုနိုင်ပါတယ်..။ ဒါပေမဲ့ ဘယ်အရာမဆို သေချာပြင်ဆင်ပြီးမှသာ ဂရုပြုလုပ်ဆောင်သင့်လို့ ကိုယ်ကျွေးမယ့်အစားအစာကို ကြက်တွေအနေနဲ့ ယဉ်ပါးလာအောင် အရင်ပြုလုပ်ထားသင့်ပါတယ်..။
ဘယ်လိုနေရာတွေမှာ အသုံးပြုနိုင်သလဲ...
- သေးငယ်တဲ့ဒဏ်ရာတွေနဲ့ ပွန်းပဲ့ဒဏ်ရာတွေ သက်သာစေဖို့အတွက် ကြက်သွန်ဖြူကို ကြက်ရဲ့အရေပြားမှာ ပွတ်လိမ်းပေးနိုင်ပါတယ်..။
- ကြက်သွန်ဖြူကို ကြိတ်ပြီး အစာထဲမှာ ထည့်ပြီးလည်းအသုံးပြုနိုင်ပါတယ်..။ အဲ့ဒီလို ကျွေးပေးရင် ကြက်ရဲ့အူအတွင်းရှိ ကပ်ပါးကောင်တွေကို လျော့ပါးစေပါတယ်..။ ဒါပေမဲ့ တီကောင်စတာတွေနဲ့ ရောမကျွေးဖို့တော့ တားမြစ်လိုပါတယ်..။
- ကြက်သွန်ဖြူထည့်ကျွေးမယ်ဆိုရင် ကြက်သွန်ဖြူလေးမြွှာလောက်ကိုပဲ ကြက်သောက်သုံးရေထဲ ထည့်ကာ တစ်ပတ်ကို နှစ်ကြိမ်လောက်ပဲ တိုက်ကျွေးပေးပါ..။ နောက်ပြီး တခြားအစာနဲ့ ကြက်သွန်ဖြူအမှုန့်ကို ရောကျွေးမယ်ဆိုရင် တခြားအစာမှုန့် ပေါင် ၅၀ ဆိုရင် ကြက်သွန်ဖြူအမှုန့် ၁.၅ ပေါင်နှုန်းနဲ့ ထည့်ကျွေးပါ..။ ၂၀ Kg ဆိုရင် ကြက်သွန်ဖြူအမှုန့် ဝ.၆ Kg နှုန်းနဲ့ ထည့်ကျွေးရပါမယ်..။
အရသာစမ်းသပ်သူတွေကတော့ ကြက်သွန်ဖြူကျွေးတဲ့ ကြက်မတွေရဲ့ ကြက်ဥတွေဟာ ပိုမိုနူးညံ့တဲ့ အရသာရှိတယ်လို့ ပြောကြပါတယ်..။ သုတေသီတွေကတော့ ကြက်သွန်ဖြူဟာ ကြက်ဥနဲ့ ကြက်ချေးတွေမှာ ဆာလ်ဖာပါဝင်မှုကို တစ်နည်းနည်းနဲ့လျော့နည်းစေတယ်လို့ ဆိုပါတယ်..။
ကြက်မွေးမြူသူတွေအနေနဲ့ ကြက်ခြေထောက်ကို ကြက်သွန်ဖြူနဲ့ ပွတ်တိုက်ပြီး ကပ်ပါးကောင်တွေကို ကာကွယ်တဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်တဲ့..။
Ref; Dr.Myo Zaw ၏ "ကြက်မွေးမြူရေးနှင့် ကြက်သွန်ဖြူ" အကြောင်းမှ ကောက်နုတ်ဖော်ပြပါသည်..။
မနှင်းကလျာမွန်
လွန်ခဲ့သော ၃ နှစ် ကကြ က် အိပ်သလိုဖြစ်နေရင်ရော ကျွေးလို့ရပါသလား
ဟိန်းစိုး
လွန်ခဲ့သော ၃ နှစ် ကရေဂါလံ ၃၀ ဘယ်လောက်ဂရမ်ထည့်ရလဲ
ခင်ချိုမြင့်
လွန်ခဲ့သော ၄ နှစ် ကကျေဇူးပါဆရာ
ဆက်စပ်မေးခွန်းများ
နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ
အုန်းကျော် • ဖြေကြားချက် 1 ခု
မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။
အုန်းကျော် • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 1 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from ဦးဇော်(dof)
အားလုံး