ကျွဲ၊ နွားများတွင်အဖြစ်များသော လည်ပင်းပိတ်နာ (ခေါ်) လည်ချောင်းကွဲရောဂါကို ကာကွယ်ကုသနည်း
ကျွဲ၊နွားများတွင်အဖြစ်များသော လည်ချောင်းကွဲရောဂါကို လည်ပင်းပိတ်နာ၊ ဂူနာ၊ ဟောက်နာ၊ လည်ချောင်းပိတ်နာ၊ လည်တိုခွာစုတ် ဟူ၍ ဒေသအလိုက် အခေါ်အဝေါ်အမျိုးမျိုး ရှိကြပါသည်။
ကျွဲ၊နွားလည်ချောင်းကွဲရောဂါသည် ကျွဲနှင့်နွား အတူတူဖြစ်ကြသော်လည်း ရောဂါသက်ရောက်မှု ခြင်း ကွာခြားပါသည်။ ကျွဲနှင့်နွားတွင် နွားက ဒီရောဂါကိုပို၍ ခံနိုင်ရည်ရှိကြသည် ဟုသိရပါသည်။ ကျွဲကခံနိုင်ရည်နည်းပါသည်။
ရောဂါဖြစ်ပွားသည့် အကြောင်းအရင်းမှာ-
အဆိုပါရောဂါသည် ဘက်တီးရီးယား(Bacteria) ပိုးကြောင့်ဖြစ်ပွားပြီး ကျွဲ၊ နွားအချင်းချင်း ကူးစက်တတ်ပါသည်။
ရောဂါကူးစက်ပုံမှာ-
• အစားအစာမှ ဖြစ်စေ
• လေမှတဆင့် ဖြစ်စေ
• တစ်ကောင်နှင့်တစ်ကောင် အညစ်အကြေး၊ အရိအရွဲတို့ကဖြစ်စေ
• စားကျက်ထဲတွင် ရောနှောနေသောကြောင့်ဖြစ်စေ ကူးစက်တတ်ပါသည်။
ဒါ့အပြင် ရောဂါရှိသောနွားခြံသို့ လူတို့ဝင်ထွက်သွားလာ ရာမှ ၄င်းတို့၏ဖိနပ်တွင် ရောဂါပိုးများ ကပ်ပါသွားပါသည်။ ထိုလူတို့က ရောဂါကင်းသောနွားခြံသို့ ထပ်သွားပါက တစ်ခြံနှင့် တစ်ခြံရောဂါ ကူးစက်နိုင်သဖြင့် အထူးဂရုပြုရပါမည်။

ရောဂါလက္ခဏာများမှာ-
• လည်ချောင်းကွဲရောဂါစတင်ဖြစ်နေသည့် ကျွဲ၊ နွားမှာ အစာမစားဘဲ ခေါင်းငိုက်နေမည်။
• အပူချိန် ၁၀၆ ဒီဂရီ ဖာရင်ဟိုက်ရှိသည်။
• ခြေ၊ လက်၊ နားရွက်တို့သည် အေးစက်နေမည်။
• အသက်ရှူ ပြင်းသည်။
• အသက်ရှူလမ်းကြောင်း ရောင်နေမည်။
• တွေဝေနေတတ်သည်။
• နှာခေါင်းချိုင့်ပိုင်း၊ လည်ပင်းရောင်ရမ်းနေမည်။
• တချို့ ကျွဲ၊နွားများတွင် အကျိတ်ထွက်မည်။
• မျက်လုံး နီပြီးမျက်ရည်ကျမည်။
ဆေးနည်းမှာ -
• တမာရွက်၊ ဗုံလုံရွက်တို့ကို ၃ခွက် ၁ခွက်တင်ကျိုပါ။ ၄င်းဆေးရည်ထဲသို့ပင် ပဒိုင်းသီးမှုန့် အနည်းငယ် ထည့်၍ ကျွဲ၊ နွားကိုတိုက်ပါ။
• စမုန်ဖြူမှုန့်၊ သကြားနီ ၃ကျပ်သားနှင့် ငါးပိရည် ၁ဇွန်းကို ရော၍ ကျွဲ၊နွားကိုကျွေးပါ။
• နေစာမြက်မှုန့်၊ ဂျင်းမှုန့်တို့ကို နှမ်းဆီနှင့်ရော၍ ရောဂါဖြစ်နေသော ကျွဲ၊နွားတို့၏ လည်ပင်းကို တစ်နေ့ ၂ကြိမ် လိမ်းပေးရပါမည်။
အထက်ပါနည်းဖြင့် ရောဂါပျောက်ကင်းသည်အထိ ဂရုတစိုက်ပြုစုကုသပေးပါက ကျွဲ၊နွားတို့တွင် ဖြစ်ပွားတတ်သော လည်ချောင်းကွဲရောဂါမှာ အမြန်ဆုံးသက်သာ ပျောက်ကင်းနိုင်မည်ဖြစ်ပါကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ရဲဇော်
လွန်ခဲ့သော ၃ နှစ် ကဘယ်လို ကုသ ကာကွယ်ရမလဲဗျ
Nang Thit Wai Lwin
လွန်ခဲ့သော ၃ နှစ် ကဆေးတိုက်မယ်ဆိုရင် ဘာဆေးတိုက်ရမာလည်ရှင်
Daw Sann Sann Aye
လွန်ခဲ့သော ၄ နှစ် ကမရဘူး
Daw Sann Sann Aye
လွန်ခဲ့သော ၄ နှစ် ကငါနင့်ကိုအရမ်းချစ်တယ်မိန်းမ
Daw Sann Sann Aye
လွန်ခဲ့သော ၄ နှစ် ကအာဘွား
ဆက်စပ်မေးခွန်းများ
နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ
အုန်းကျော် • ဖြေကြားချက် 1 ခု
မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။
အုန်းကျော် • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 1 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from ဦးဇော်(dof)
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....