အစိမ်းရောင်လမ်း
ကြက်ရောဂါကာကွယ်ဆေးရဲ့ အကျိုးသက်ရောက်မှုမြင့်မားစေရန်အတွက်အကြံပြုချက် (၈) ချက်

ကြက်ရောဂါကာကွယ်ဆေးရဲ့ အကျိုးသက်ရောက်မှုမြင့်မားစေရန်အတွက်အကြံပြုချက် (၈) ချက်

Green Way
Green Way 29/03/2022

ကောင်းမွန်တဲ့ ကာကွယ်ဆေးထိုးအစီအမံတွေကို ချမှတ်ထားသော်လည်း ဆေးထိုးစဉ်မှာ ကျန်းမာရေးအခြေအနေဆိုးနေပါက ကာကွယ်ဆေးရဲ့ အစွမ်းသတ္တိယုတ်လျော့သွားစေပါတယ်။

ကာကွယ်ဆေးရဲ့ အစွမ်းပမာဏအကျိုးသက်ရောက်စေရန်အတွက်

(၁) ကြက်တွေအားလုံးရဲ့ စိတ်ဖိစီးမှု အမျိုးမျိုးနဲ့ အစာစားနည်းခြင်းတို့မှ ပြန်လည်ကောင်းမွန်လာပြီးမှ သာကာကွယ်ဆေးထိုးသင့်ပါတယ်။

(၂) မှန်ကန်တဲ့ ကာကွယ်ဆေးပမာဏ ထိုးပေးရန်လည်း လိုအပ်ပါတယ်။

(၃) ကာကွယ်ဆေးတွေကို အမြဲတမ်းရေခဲသေတ္တာထဲမှာ ထည့်သိမ်းရန်နဲ့ နေရောင်နဲ့ တိုက်ရိုက် မထိတွေ့စေရန် ဂရုစိုက်ရပါမယ်။

(၄) ကာကွယ်ဆေးတွေကို ဖျော်ရည်နဲ့ရောတဲ့အခါ ဆပ်ပြာ၊ ပိုးသတ်ဆေး (သို့) တခြားဆေးတွေထိခတ်မှုမရှိတဲ့ သန့်ရှင်းတဲ့ ခွက်ကိုသာ အသုံးပြုရပါမယ်။

(၅) မိမိကြက်ခြံဝန်းကျင်မှာ ရောဂါဖြစ်ပွားနေတယ်လို့ သတင်းရရှိပါက ကာကွယ်ဆေးထိုးအစီအစဉ်ကို မြန်စွာပြုလုပ်ပေးရပါမယ်။

(၆) ကိုယ်ပိုင်ထိရောက်တဲ့ ကာကွယ်ဆေးထိုး အစီအစဉ်များလည်း ရှိရပါမယ်။

(၇) ပိုးအရှင်ကာကွယ်ဆေးကို အသုံးပြုမယ်ဆိုပါက ဆေးမထိုးမီ ၂ရက် ၃ရက်အလိုနဲ့ ဆေးထိုးပြီး ၄-၅ရက် ကြာတဲ့အထိ ပိုးသတ်ဆေးတွေကို မသုံးသင့်ပါ။

(၈) ကြက်တွေကို ကာကွယ်ဆေးမထိုးမီ ၁-၂ရက် အလိုနဲ့ ထိုးပြီးနောက် ပဋိဇီဝဆေးတွေနဲ့ ဗီတာမင်များပေးသင့်ပါတယ်။

Ref; စိုက်ပျိုးပညာပေးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ထုတ်ဝေသော ခေတ်မီမွေးမြူရေး နည်းပညာများစာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

6
ko soe

ko soe

လွန်ခဲ့သော ၁၁ လ က

မြန်မာကြ က်မွေးချင်ပါတယ် ဆရာတို့ရေ ကြ က်ကကုတ်လိုက် အကြောဆွဲ ပြီးသေတာက တမျိုး အအေးဖြန်းပြီးသေတာကတမျိုးနဲ့ ကြုံတွေ့နေရတာကိုတွေ့ရပါတယ်ဗျာ ကြ က်ကုန်ကြက်နာကာကွယ်ဆေးကောင်းလေးမြားရှိ့ရင် ညွန်ပြပေးကြ ပါနော် ဆရာတို့🙏🙏🙏🙏🙏

U Aung Kyi

U Aung Kyi

လွန်ခဲ့သော ၄ နှစ် က

ဒေသကြက်များကို Albendazole သန်ချဆေးပေးနည်းစနစ်သိလိုပါတယ်ခင်ဗျာ။🐓🐤

MG Oo

MG Oo

လွန်ခဲ့သော ၄ နှစ် က

ကြက်တွေနာတာဆေးနီးလေပေပါ

ဆုမြတ်နိုး

ဆုမြတ်နိုး

လွန်ခဲ့သော ၄ နှစ် က

မွေးမြူရေးနည်းပညာဆိုတဲ့ကဏ္ဍမှာကြက်မွေးမြူရေးနဲ့ပတ်သတ်တဲ့ဆောင်းပါးအတော်များများရှိတယ်ရှင့် ဝင်ရောက်လေ့လာကြည့်ပါနော်

ခင်ချိုမြင့်

ခင်ချိုမြင့်

လွန်ခဲ့သော ၄ နှစ် က

မဂ်လာပါဆရာတိုရေမြန်မာကြက်မွေးချင်လို့ဘယ်လိုမွေးရလည်းသိပါရစေခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ

အုန်းကျော် • ဖြေကြားချက် 1 ခု

မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။

အုန်းကျော် • ဖြေကြားချက် 1 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 1 ခု

နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့

tinwinesein • ဖြေကြားချက် 2 ခု

ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်

အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။