ကြက်၊ ဘဲ များတွင် ဖြစ်ပွားတတ်တဲ့ ခံတွင်းပျက်အစာမဝင်ခြင်းရောဂါအကြောင်း
ကြက်၊ဘဲ မွေးမြူသူတွေအနေနဲ့ ကြက်၊ဘဲတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါတွေအကြောင်းကို သိရှိနိုင်ရန် အတွက်ရေးသားဖော်ပြလိုက်ရပါတယ်။
ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေကတော့
၁။ အစာနဲ့သောက်ရေ မကောင်းခြင်း။
၂။ နေထိုင်ရာနေရာမှာ အကောင်အရေအတွက်များပြီး ကျပ်တည်းခြင်း။
၃။ ပူလွန်းခြင်း၊ အေးလွန်းခြင်း။
၄။ နှုတ်ခမ်းမှာ ရောဂါအနာတွေဖြစ်ပေါ်ခြင်း။
၅။ အစာလမ်းကြောင်းအတွင်း ကပ်ပါးပိုးများ ရှိနေခြင်း။
၆။ ဖျားနာခြင်း တို့ကြောင့်ဖြစ်နိုင်ပါတယ်။
ရောဂါလက္ခဏာများမှာ
၁။ အစာမစားလိုခြင်း။
၂။ အစာရှာ မထွက်လိုခြင်း။
၃။ လန်းဆန်းနိုးကြားမှု မရှိခြင်း။
၄။ ကိုယ်အလေးချိန် တိုးမလာခြင်းတို့ပဲဖြစ်ပါတယ်။
ကာကွယ်ခြင်း
၁။ အစာကို ရုတ်တရက် တစ်မျိုးမှတစ်မျိုးသို့ ပြောင်းပြီး မကျွေးပါနှင့်။
၂။ လတ်ဆတ်သန့်ရှင်းပြီး အာဟာရဖြစ်စေမည့် အစာများကို ကျွေးပါ။
၃။ ကြက်၊ဘဲ နေသည့်အိမ်ကို သန့်ရှင်းသပ်ရပ်စွာ ရှင်းလင်းထားပါ။
၄။ ကြက်ခြံပတ်ဝန်းကျင်ကိုလည်း အမြဲမပြတ် သန့်ရှင်းနေအောင်ထားပါ။
ရိုးရာကုသခြင်း
၁။ အကယ်၍ ဝမ်းသွားခြင်း၊ အအေးမိချောင်းဆိုးခြင်းများ ဖြစ်ပါက ထိုရောဂါများအတွက် သီးသန့် ကုသပါ။
၂။ အစာကို ပြောင်းပြီးကျွေးပါ။
၃။ လတ်ဆတ်တဲ့ ပုစွန်ဆိတ်၊ အသားတစ်မျိုးမျိုးရဲ့ အသားစများ၊ အသည်းများကို စဉ်းပြီး ကျွေးပါ။ ထိုအစာတွေက ကြက်၊ဘဲတို့ရဲ့ အစာချေစနစ်ကို နှိုးဆွကောင်းမွန်စေပါတယ်။
၄။ ကြက်သွန်ဖြူ ၃၊၄မွှာကိုထောင်း၍ အစာနှင့် ရောကျွေးပါ။
၅။ ဂျင်း ၁ကျပ်သားကိုထောင်း၍ အစာနှင့်ရောကျွေးပါ။
၆။ ပျဉ်းတော်သိမ်ရွက် ၁၀ မွှာ မှ ၁၅ မွှာကိုထောင်းပြီး အစာနှင့်ရောကျွေးပါ။
၇။ ငရုပ်သီး ၅ တောင့်ကိုထောင်းပြီး အစာနှင့်ရောကျွေးပါ။
၈။ ရေကိုလုံးဝမတိုက်ဘဲ ရေအစားလတ်ဆတ်သော အုန်းစိမ်းရည်ကိုသာ ရက်အနည်းငယ် ဆက်တိုက်ပေးပါ။
ထိုကဲ့သို့ပြုလုပ်ပေးပါက ကြက်၊ဘဲများ ခံတွင်းပျက်ပြီး အစာမဝင်သည့်ရောဂါမှ သက်သာ ပျောက်ကင်းစေမည် ဖြစ်ပါသည်။
ကြက်၊ဘဲများ ရောဂါဘယကင်းဝေးပြီး မွေးမြူသူများလည်း အဆင်ပြေကြပါစေခင်ဗျ။
မှီငြမ်း-ဖတ်မှတ်လေ့လာခဲ့သော မွေးမြူရေးစာစောင်များ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Myo Myat Kyaw
လွန်ခဲ့သော ၄ နှစ် ကok
ဆက်စပ်မေးခွန်းများ
နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ
အုန်းကျော် • ဖြေကြားချက် 1 ခု
မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။
အုန်းကျော် • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 1 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from ဦးဇော်(dof)
အားလုံး