အစိမ်းရောင်လမ်း
ကြက်များတွင်အဖြစ်များသော နာတာရှည်အသက်ရှူလမ်းကြောင်းရောဂါ

ကြက်များတွင်အဖြစ်များသော နာတာရှည်အသက်ရှူလမ်းကြောင်းရောဂါ

ဦးဇော်(dof)
ဦးဇော်(dof) 28/09/2021

၁။ ရောဂါဖြစ်ရတဲ့ အကြောင်းရင်း

    CRD ဆိုတဲ့ရောဂါဟာ Mycoplasma gallisepticum ဆိုတဲ့ ဘက်တီးရီးယားပိုးကြောင့် အစပြု ဖြစ်ပြီး ကြက်လည်လိမ် ND နဲ့ လေပြွန်ယောင်ရောဂါ IB တို့နဲ့ပါ မကြာခဏဆက်နွယ်နေပြီး ကြက်တွေ stress ရတဲ့အချိန်မှာ ရောဂါထဖြစ်ပါတယ်။ Secondary bacterial infection အနေနဲ့ E. coli ပါ တွဲဝင်လာပြီး နာတာရှည်အသက်ရှူလမ်းကြောင်းရောဂါကို  ဖြစ်ပွားပါတယ်။

၂။ ကူးစက်ပုံ

Vertical transmission-  ရောဂါရှိမျိုးကြက်မမှ ကြက်ဥသို့။ ထိုမှတစ်ဆင့် ကြက်ပေါက်သို့ ကူးစက်ခြင်း။

Horizontal transmission- ရောဂါပိုးပါတဲ့ဖုန်မှုန့်နဲ့ အညစ်အကြေးများကိုရှူမိခြင်း၊ ထိမိခြင်းမှ ကူးစက်ခြင်း၊ လူ၊ ယာဉ် နှင့် အသုံးအဆောင်ပစ္စည်းများမှ ကူးစက်ခြင်း။

၃။ ရောဂါလက္ခဏာများ

    အသားတိုးကြက်နဲ့ ဥစားကြက်မဒန်းတွေမှာ အသက်ရှူလမ်းကြောင်းလက္ခဏာများဖြစ်ခြင်း၊ အစာစားနည်းခြင်း၊ ကိုယ်အလေးချိန်လျော့ခြင်းနှင့် အစာမှအသားတိုးနှုန်း FCR မကောင်းခြင်း။

ဥကြက်မတွေမှာ - 

    ဥနှုန်း ၂၀ - ၃၀ % ကျပြီး မျိုးဥပေါက်နှုန်းကျခြင်း၊ ကြက်ပေါက်အရည်အသွေးညံ့ခြင်း၊ နှာခေါင်းနဲ့ မျက်လုံးမှာ အညစ်အကြေးထွက်ခြင်း၊ မျက်ရည်ကျခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ ပါးစပ်ဟ၍အသက်ရှူခြင်း၊ ခေါင်းတဆတ်ဆတ်ခါခြင်း။

အသားတိုးကြက်များတွင်-

    ဦးခေါင်းရောင်ခြင်း၊ ဦးနှောက်ပုံပျက်ယွင်းခြင်း၊ အမွေးစောင်းခြင်း၊ ကြီးထွားနှုန်းနှေးခြင်း၊ ခြေထောက်များမသန်ခြင်း၊ အသားနှင့် ဥအရည်အသွေးညံ့ခြင်း။

၄။ အများဆုံးဖြစ်တဲ့အသက်အရွယ်

    ကြက်အသက် ၃ ပတ် နဲ့ ၆ ပတ်ကြား ကူးစက်နှုန်းမြန်ပြီး ထိရောက်စွာကုသပါက သေနှုန်းနည်းနိုင်ပါတယ်။ 

၅။ ရောဂါအမည်ဖော်ခြင်း

- ကြက်များရဲ့ရောဂါလက္ခဏာ၊ ကြက်ခြံရဲ့ ရောဂါဖြစ်စဉ်သမိုင်း၊ ကြက်အသေကောင် ခွဲစိတ်စစ်ဆေးမှုရလဒ်ပေါ် အခြေခံ၍ ကောက်ချက်ချခြင်း။

- သွေးခဲရည်ကြည်ကို ELISA နည်းဖြင့် စစ်ခြင်း၊ ကြက်ထံမှ swab နမူနာယူ၍ PCR နည်းဖြင့်စစ်ခြင်းဖြင့် ရောဂါအတည်ပြုခြင်း။

၆။ အသေကောင်ခွဲစိတ်ရာတွင်တွေ့ရမယ့် လက္ခဏာများ

- လည်ပင်း လေပြွန်နီရဲယောင်ရမ်းခြင်းနှင့်အတူ အချွဲများရှိနေတတ်ခြင်း။

- နှာခေါင်းပေါက်နှင့် ဦးခေါင်းခွံအတွင်း ဆက်သွယ်တဲ့ လေလမ်းကြောင်း sinus များရောင်ခြင်း၊  ရင်ခေါင်းတွင်း airsac လေအိတ်များရောင်ခြင်း။

- နောက်ဆက်တွဲ E. coli ပါ တွဲဝင်လျှင် airsac များ ပိုမိုထူထဲရောင်ရမ်းခြင်း၊ အထဲမှာ အရေများနောက်ကျိနေခြင်း။

- Fibrinopurulent pericarditis and perihepatitis ပြည်ယောင်သန်းတဲ့ ချိစ်ပုံအမျှင်များ ဖုံးလွမ်းမှုကြောင့် နှလုံးဖုံးအမြှေးနှင့် အသည်းဖုံးအမြှေးများ ယောင်ခြင်း။

၇။ ကုသခြင်း

- ခြံနှင့် အသုံးအဆောင်ပစ္စည်းများကို သင့်လျော်တဲ့ ပိုးသတ်သန့်စင်ဆေးဖြင့် ဆေးကြောခြင်း။

- ခြံကို လေဝင်လေထွက်ကောင်းအောင် လုပ်ပေးခြင်း။

- ခြံသန့်ရှင်းရေးကို အလေးထားခြင်း။

- ပဋိဇီဝဆေး တိုက်ကျွေးခြင်း။

၈။ ကာကွယ်ခြင်း

- ဇီဝလုံခြုံရေး မြှင့်တင်ခြင်း။

- သန့်ရှင်းရေး အလေးထားခြင်း။

- လေဝင်လေထွက်ကောင်းအောင် ဆောင်ရွက်ခြင်း။

- မျိုးကြက်များတွင် ကာကွယ်ဆေးသုံးခြင်း။

- ကြက်သေများကို တွင်းနက်နက်တူးမြှုပ်ခြင်း။

- ကြက်ခြံတစ်ခြံနှင့်တစ်ခြံ ကူးသန်းသွားလာမှုကန့်သတ်ခြင်းတို့ဖြင့် ကာကွယ်နိုင်ပါသည်။

 Ref ; Dr. Swe Mar Tun ရေးသားသော “ကြက်နာတာရှည် အသက်ရှူလမ်းကြောင်းရောဂါ” ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြပါသည်။

4
Daw Hnin Ou Shwe Yi

Daw Hnin Ou Shwe Yi

လွန်ခဲ့သော ၄ နှစ် က

ကြက်ပေါက်ကာစလေးတွေလည်လိမ်ရောဂါလိုဖြစ်နေလို့ဘာဆေးတိုက်ရမလဲရှင့်ကူညီကြပါဦး ကလေးတွေတစ်ညလူံးအော်နေလို့ပါ

ဦးကျော်စိုးဦး

ဦးကျော်စိုးဦး

လွန်ခဲ့သော ၄ နှစ် က

amoxillin ၂၅၀အားကို ၄ပုံတပုံတိုက်ပါအစာကိုဆေးထိုးအပ်နဲ့ထမင်းကြက်ဥကြက်သွန်ဖြူစပါးလင်ငြုပ်ကောင်းစတာတွေနဲ့ဆားအနည်းငယ်သကြားတို့ကိုသေချာထောင်းရေအနည်းငယ်ထည့်ရောပီးဆေးထိုးအပ်နဲ့၂၀ccလောက်ထိဝင်အောင်ကျွေးပါဂလူးကိုစ့်ဝယ်တိုက်ပါမရပါကဓာတ်ဆားအငန်ထုပ်ကိုလိုသလောက်ဖျော်တိုက်ပါကြက်မကိုကြက်ကလေးနဲ့ခွဲထားပါEMရနိုင်ပါကတနေ့em1.5ccလောက်ညနေပိုင်းတိုက်ပေးပါ မရနိုင်ပါကမန်ကျည်းသီးထန်းလျက်စိမ်ထားတဲ့အရည်ကိုEMအစားသုံးပါ အနည်းဆုံး၅ရက်မှ၇ရက်တွင်းသေသေချာချာပြုစုပေးပါ။ချွဲရှိမရှိမပြောထားလို့ချွဲမရှိဘူးထင်လို့မပြောတော့ပါဘူးခင်ဗျာ။အဆင်ပြေပါစေ။

Thit Yaee Nae

Thit Yaee Nae

လွန်ခဲ့သော ၄ နှစ် က

ကျွန်မက အိမ်​မွေး တိရစ္ဆာန် အ​နေနဲ့ ကြက်က​လေး၂​ကောင်ကို​မွေးထားတာပါ အခု ကျွန်မရဲ့ ကြက်မက​လေးက ၈လ အရွယ်ပါ က​လေး​လေး​တွေလဲ​ပေါက်ထားပါတယ်​ရှေ့လကပါ ဒီ​နေ့ ကြက်မက​လေးက အချိန်တိုင်းလိုလို ၀ပ်လို့ဘဲ​နေပြီး​တော့ အစာလဲမစားပါဘူး သူ့အစာအိမ်ထဲမှာလဲ အရည်​တွေချည်း ဖြစ်​နေပါတယ် (စမ်းကြည့်လိုက်တာပါ) အဲ့တာ​ကြောင့်စိတ်ပူလို့ google မှာရှာရင်းက ​တွေ့လို့ လာ​မေးတာပါ အကူအညီ​ပေးကြပါဦး​နော် ကျွန်မအတွက် တကယ့်ကို သမီး​လေးလိုဖြစ်​နေလို့ပါ...ဒီဘက်မှာက တိကုဆရာ၀န်လဲမရှိဘူး ကိုယ်ကလဲ တစ်ခါမှ ​တေးထိုး​ပေးရမယ်မှန်းလဲမသိခဲ့ဘူး ​အောက်ကပုံက ဒီ​​နေ့ ​နေ့လယ်က ရိုက်ထားတဲ့ပုံပါ .. စာရှည်သွားလို့​တောင်းပန်ပါတယ် ကျွန်မကြက်က​လေးက ဘာဖြစ်တာလဲ ဘာ​ဆေးတိုက်သင့်လဲဟင်

ပါဖိုးထူး

ပါဖိုးထူး

လွန်ခဲ့သော ၄ နှစ် က

ဆေးနာမည်သိချင်ပါတယ်

You

ဆက်စပ်မေးခွန်းများ

နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ

အုန်းကျော် • ဖြေကြားချက် 1 ခု

မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။

အုန်းကျော် • ဖြေကြားချက် 1 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 1 ခု

နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့

tinwinesein • ဖြေကြားချက် 2 ခု

ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်

အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။