အစိမ်းရောင်လမ်း
ပျားမွေးမြူရေးတွင်အလွန်အရေးကြီးသော ဆောင်းဒဏ်ကာကွယ်ခြင်းအကြောင်း

ပျားမွေးမြူရေးတွင်အလွန်အရေးကြီးသော ဆောင်းဒဏ်ကာကွယ်ခြင်းအကြောင်း

ဦးဇော်(dof)
ဦးဇော်(dof) 27/12/2021

    ဆောင်းဒဏ်ကာကွယ်ခြင်းမှာ ပျားမွေးမြူရာတွင် အလွန်အရေးကြီးပါသည်။ ဆောင်းဒဏ်ကြောင့် ပျားများ သေကြေကုန်ပါက အချိန်ကုန်လူပန်းဖြစ်ရပြီး မည်သို့မျှ အကျိုးရှိမည် မဟုတ်ပေ။ ပျားအုံထဲ၌ ကိုယ်ငွေ့အနွေးဒဏ်ကို အလုံအလောက်ထုတ်ပေးနိုင်မည့် ပျားကောင်ရေအလုံအလောက် ရှိရုံမျှမက ဆောင်းတွင်းအခါစားသုံးရန် အစာများလုံလောက်စွာ ရှိပြီဆိုပါက ဆောင်းရာသီဒဏ်ကို ခံနိုင်စေရန် ပျားအုံကို ကောင်းစွာ ပြုပြင်ပေးနိုင်ပြီ ဖြစ်သည်။ 

   ပထမဦးစွာ ပျားအိမ်ဘောင်များပေါ်တွင် သစ်သားချောင်းကလေးများကို ကန့်လန့်ဖြတ်လိုက်၍ တင်ပေးရပါမည်။ ထိုသစ်သားချောင်းကလေးများပေါ်မှ ပျားများကို နွေးစေရန် စောင်ခြုံပေးသကဲ့သို့ သက္ကလပ်စ တစ်ခုဖြင့်အုပ်ပေးရပါမည်။ ဤသို့ဖြင့် အိမ်ဘောင်များနှင့် သက္ကလပ်စကြားတွင် နေရာလပ်ကလေးများ ဖြစ်ပေါ်နေပါမည်။ ထိုနေရာလပ်ကလေးများမှ ပျားများသည် ပျားအိမ်ဘောင် တစ်ခုမှတစ်ခုသို့ တဖြည်းဖြည်း လျှောက်သွားနိုင်ပါသည်။

   ထိုကဲ့သို့ နေရာလပ်ကလေးများ မပြုလုပ်ထားပါက ပျားများ တစ်ဘောင်မှတစ်ဘောင်သို့ ကူးရာတွင် ပျားအိမ်ဘောင် အောက်ဘက်မှ ကူးကြရသည်။ ထိုအခါ ပြင်းထန်သော အအေးဒဏ်ကြောင့် ပျားများသေဆုံးနိုင်ပါသည်။ ပျားအုံထဲတွင် ထိပ်ဆုံးအပိုင်းမှာ အနွေးဆုံးဖြစ်သည်။ ထို့ပြင် ပျားအုံကို ပို၍ ခြောက်သွေ့မှုရှိစေရန် သက္ကလပ်စ အပေါ်မှ ဂုန်နီအိတ်စတစ်ခုကို ဖြန့်တင်ပေးရပါမည်။ ပျားအုံအပြင်ဘက်ရှိ အမိုးကိုလည်း လေတိုက်ရာတွင် လွင့်မပါသွားစေရန် ကြိုးဖြင့် ချည်ပေး ထားရပါမည်။ 

   နောက်ဆုံးတွင် ပျားအုံတစ်ဖက်သို့ စောင်းနေစေရန် ပျားအုံ၏ အောက်ခြေကို ခုပေးထားရပါမည်။ ဤသို့ဖြင့် အထဲသို့ဝင်လာသည့် နှင်းရည်များသည် ပျားအုံထဲတွင် မနေနိုင်ဘဲ အပြင်သို့ပြန်ထွက်ကုန်သည်။ ပျားအုံထဲတွင် ခြောက်သွေ့နေမှသာ ပျားများကျန်းမာ သန်စွမ်းမှု ရှိပေမည်။

   ဆောင်း၏အအေးဒဏ် ပို၍လွန်ကဲလာသည့်အခါ ပျားအုံထဲရှိ ပျားများသည် တစ်ကောင်နှင့်တစ်ကောင် ပူးကပ်စွာ နေတတ်ကြသည်။ အခန်းများထဲတွင် ထည့်ထားသော ပျားရည်များကို ပျားအုံတစ်အုံလုံး နွေးစေရန် ကိုယ်ငွေ့အပူဓာတ်များ ထုတ်ပေးကြသည်။ အစာများကို လျှင်မြန်စွာ မစားဘဲ ဖြည်းညင်းစွာ စားကြသည်။ ပျားအိမ်ဘောင်တစ်ခုတွင် ပျားရည်ကုန်သွားသည်နှင့် နောက်တစ်ဘောင်သို့ ကူးပြောင်း၍ ပျားရည်များကို စားကြသည်။ ဤကဲ့သို့ ပျားရည်များကို ထုတ်ယူစားရာတွင် အပေါ်မှ ပျားဖယောင်း အဖုံးများကို လုပ်သားပျားများက ဖွင့်ပေးကြရာ ပျားဖယောင်းအဖုံးအခွံကလေးများကိုပျားအုံ၏ အောက်ဘက်ကြမ်းပြင်ပေါ်တွင် တွေ့ရတတ်သည်။ 

   တဆောင်းတွင်းလုံးပင် ပျားမွေးမြူသူများသည် ပျားအုံ၏ အခြေအနေကို မပြတ်ကြည့်နေရသည်။ပျားအုံအဖုံးကို မ၍ ကြည့်ခြင်းအားဖြင့် အထဲတွင်ရှိနေသော ပျားရည်ပမာဏကို မှန်းဆနိုင်ပါသည်။

   ပျားရည်နည်းနေသည်ဟု ယူဆပါက သကြားလုံးများပြုလုပ်ပြီး ပျားအုံထဲသို့ ထည့်ပေးကြပါသည်။

မှီငြမ်း- ဆရာဦးဝင်းတင်၏ “ပျားတို့ကမ္ဘာ” အကြောင်းမှ ကောက်နှုတ် ဖော်ပြပါသည်။

 

ဘိုထွန်းနိုင်

ဘိုထွန်းနိုင်

လွန်ခဲ့သော ၁ နှစ် က

မိုးရာသီ မိုးတဲ့ ဇူလိုင် သြဂုတ်လဆို ပျားပုံးတွေကို ဘယ်လိုထားရမလဲ

ဦးလှခိုင်

ဦးလှခိုင်

လွန်ခဲ့သော ၄ နှစ် က

ok

ဦးလှခိုင်

ဦးလှခိုင်

လွန်ခဲ့သော ၄ နှစ် က

👌

You

ဆက်စပ်မေးခွန်းများ

နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ

အုန်းကျော် • ဖြေကြားချက် 1 ခု

မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။

အုန်းကျော် • ဖြေကြားချက် 1 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 1 ခု

နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့

tinwinesein • ဖြေကြားချက် 2 ခု

ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်

အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။